【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း ပြဿနာတွေ များနေ တတ်လို့ သင်စိတ်ရှုပ်ရတဲ့ အချိန်အခါပါ။ ရွှေအထည်ငွေထည် အဟောင်းတွေ ဝင်လာ တတ် လို့ ဝင်လာရင် သင့်အတွက် ကံမကောင်းစေလိုလက်မခံသင့်ပါဘူး။ထွက်သွားတဲ့ ငွေတွေ ပြန်ဝင်လာဖို့ရှိနေပါတယ်။ ခရီးသွားဖိုစီစဉ်ထားရင် မထင်မှတ်ဘဲ အထစ်အငေါ့ ဖြစ်ကာစိတ်ညစ်ရတတ်ပေမယ့် သွားဖြစ်ရင် အခြေအနေတွေ ကောင်းလာမှာ ဖြစ်ပါ တယ်။ အခုချိန်ကခရီးသွားလုပ်ငန်းရှင်တွေ အချိန်ကောင်းများကြုံရတတ်တဲ့ အချိန်မို လုပ်ငန်းချဲ့သင့်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ရှောင်ပါဦး။ ကျန်းမာရေးကတော့ အစားစား ချိန်မမှန်တာကိုဂရုစိုက်သင့်ပါတယ်။ ပညာကံကောင်းပြီး လုပ်ငန်းခွင့်အတွင်း ရာထူးတိုးကိန်းရှိပါတယ်။ အိမ်ထောင်ရှင်များ ထင်သလောက် ချစ်ခရီးလမ်း ပေါက်နေပေမယ့် ချစ်သူတွေကတော့ အဆင်မပြေဖြစ်တတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားတစ်လလုံးငွေပန်းပါဝင်သည့် ပန်းပေါင်းစုံဖြင့်ပူဇော်ကာလိုရာဆုတောင်းပါ။
ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစောထကာတန်းဆွမ်းလောင်းပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။  ။ဘုရားတွင်  အောင်သပြေ ၉ ညွှန် ကပ်လှူ ကာ မိမိလျှောက်ထားသည့်အလုပ်အားအာရုံပြု ဆုတောင်းပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။မိုးလင်းနှင့် မိုးချုပ် (သို့မဟုတ်) အပြင်ထွက်တိုင်းစိတ်ကောင်းမွေးကာမေတ္တာသုတ် ရွတ်ဆိုပေးပါ။
လူမှုရေးအတိုက်အခံများသူများ။  ။နေ့စဉ် အရဟံဂုဏ်တော်ကို သတိရတိုင်းရွတ်ဆိုပါ။
ကျန်းမာရေးမကောင်းသူများ ။  ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ ထုံးသင်္ကန်းကပ် လှူပေးပါ။
ထီကံကောင်းလိုသူများ။  ။သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၅ အစ ၇ အဆုံး ဂဏန်းကိုရွေးထိုးပါ။
(  Zawgyi  )