【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလမှာ လုပ်ငန်းခွင် အတွင်းနေရာကောင်းရတာမျိုး တွေ ကြုံရတတ်ပါတယ်။ဒီတစ်ပတ်မှာ သင့်အတွက် လူမှု ရေး၊ စီးပွားရေး၊ပညာရေးအောင်မြင်လိုတဲ့ ကိစ္စတွေအတွက် အင်္ဂါသားသမီး များနဲ့သာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် ငွေကြေးနဲ့ ပတ်သက်ပြီး ငွေပေး ခြင်း၊ငွေယူခြင်းတွေ ငွေကြေးရင်းနှီးမြုပ်နှံခြင်း တွေ စတင် လို့ကောင်းတဲ့ကာလဖြစ်ပြီး ကောင်း သောအကျိုးဆက် တွေ ရလာတတ်ပါတယ်။ ယခုကာလမှာ  အလှူအတန်း လုပ်ရကိန်း ရှိသလို အပျော်ခရီးသွားခြင်းတွေရှိသလို ဘုရားဖူး ထွက်ရကိန်းလည်းရှိနေပါတယ်။ လုပ်ငန်းခွင် အတွင်း အထက် အကြီးအကဲ အကူအညီရတတ်သလို ရာထူးတိုးကိန်းလည်း ရှိနေတတ်ပါတယ်။ အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့  ဆန်ဆီစတဲ့လုပ်ငန်းတွေ စာအုပ်နဲ့ စက်ပစ္စည်း ရောင်းဝယ်သူတွေ အလုပ်အကိုင်ကောင်းတဲ့ အချိန်အခါပါ။ စပ်တူအလုပ်တွေ၊ လူမျိုးခြားနဲ့ လုပ်တဲ့ အလုပ်တွေ ကတော့ ခဏ ရပ်ထားပါဦး။ ဒီရက်ပိုင်း ဘာလုပ် လုပ် အလျင်မလိုဘဲ စဉ်းစား ပြီးမှ လုပ်ပါ။ ကျန်းမာရေးကိုတော့ အညံ့မရှိသလောက်ဖြစ်ကာ ဒီရက်ပိုင်း အစားမှား အနေ အထိုင်မှားလို့ ဖြစ်တဲ့ အပရိကရောဂါ လောက်ပဲ ဖြစ်တတ်ပါတယ်။ ပညာရေးကံကတော့ ပန်းတိုင်ဝင်ခါနီးမှ လျော့တတ်တဲ့  စိတ်ကို ပြင်မှ အောင်မြင်ပါလိမ့်မယ်။ ငယ်ရွယ်သူတွေ စန်းပွင့်နေသလို အချစ် ရေးနဲ့ပတ် သက်ပြီးအွန်လိုင်းပေါ်ကနေ ချစ်သူသစ် ရည်းစားသစ် ရတတ်သလို အိမ်ထောင်ရှင် တွေလဲ အထူးကံကောင်းနေချိန်ကာလပါ ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ စံပယ်ပန်းကို ပန်းကန်ပြားတစ်ခုတွင် သီးသန့် ထည့်ကာ ယခုတစ်ပတ်လုံး ဘုရားရှင်အား ပူဇော်ကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နေအိမ်၏ အင်္ဂါထောင့်အရပ်ရှိ ဘုန်းကြီးကျောင်း(သို့မဟုတ်) သီလရှင်ကျောင်း သို့ နေရာထိုင်ခင်းတစ်ခု လှူဒါန်းပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။      ။ယခုတစ်ပတ်လုံး အရဟံဂုဏ်တော်ကို စိပ်ပုတီးဖြင့် နံနက်တိုင်း သက်စေ့ရအောင် စိပ်ပေးပါ။  

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ နေအိမ်အတွင်း မှန်ကွဲ၊ဓာတ်ပုံအပျက်၊ ပြက္ခဒိန်အဟောင်း များကို စွန့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ သံဗုဒ္ဓေ ဂါထာကို သတိရတိုင်းရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ လမ်းသွားရင်းတွေံသည့် ခိုစာရောင်းသည့် ဆိုင်တွင် ခိုစာနိုင်သလောက် ကျွေးပေးပါ။

ထီကံကောင်းလိုသူများ။     ။ အင်္ဂါနံအမည်ဖြင့် စသည့် ထီဆိုင်မှ ၂/၅အပူးပါသည့် ထီလက်မှတ် ကို ရှာထိုးပေးပါ။

 

( Zawgyi )

 

 ဒီကာလမွာ လုပ္ငန္းခြင္ အတြင္းေနရာေကာင္းရတာမ်ိဳး ေတြ ႀကဳံရတတ္ပါတယ္။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈ ေရး၊ စီးပြားေရး၊ပညာေရးေအာင္ျမင္လိုတဲ့ ကိစၥေတြအတြက္ အဂၤါသားသမီး မ်ားနဲ႔သာ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ လုပ္ငန္းရွင္ေတြအတြက္ ေငြေၾကးနဲ႔ ပတ္သက္ၿပီး ေငြေပး ျခင္း၊ေငြယူျခင္းေတြ ေငြေၾကးရင္းႏွီးျမဳပ္ႏွံျခင္း ေတြ စတင္ လို႔ေကာင္းတဲ့ကာလျဖစ္ၿပီး ေကာင္း ေသာအက်ိဳးဆက္ ေတြ ရလာတတ္ပါတယ္။ ယခုကာလမွာ  အလႉအတန္း လုပ္ရကိန္း ရွိသလို အေပ်ာ္ခရီးသြားျခင္းေတြရွိသလို ဘုရားဖူး ထြက္ရကိန္းလည္းရွိေနပါတယ္။ လုပ္ငန္းခြင္ အတြင္း အထက္ အႀကီးအကဲ အကူအညီရတတ္သလို ရာထူးတိုးကိန္းလည္း ရွိေနတတ္ပါတယ္။ အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့  ဆန္ဆီစတဲ့လုပ္ငန္းေတြ စာအုပ္နဲ႔ စက္ပစၥည္း ေရာင္းဝယ္သူေတြ အလုပ္အကိုင္ေကာင္းတဲ့ အခ်ိန္အခါပါ။ စပ္တူအလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔ လုပ္တဲ့ အလုပ္ေတြ ကေတာ့ ခဏ ရပ္ထားပါဦး။ ဒီရက္ပိုင္း ဘာလုပ္ လုပ္ အလ်င္မလိုဘဲ စဥ္းစား ၿပီးမွ လုပ္ပါ။ က်န္းမာေရးကိုေတာ့ အညံ့မရွိသေလာက္ျဖစ္ကာ ဒီရက္ပိုင္း အစားမွား အေန အထိုင္မွားလို႔ ျဖစ္တဲ့ အပရိကေရာဂါ ေလာက္ပဲ ျဖစ္တတ္ပါတယ္။ ပညာေရးကံကေတာ့ ပန္းတိုင္ဝင္ခါနီးမွ ေလ်ာ့တတ္တဲ့  စိတ္ကို ျပင္မွ ေအာင္ျမင္ပါလိမ့္မယ္။ ငယ္႐ြယ္သူေတြ စန္းပြင့္ေနသလို အခ်စ္ ေရးနဲ႔ပတ္ သက္ၿပီးအြန္လိုင္းေပၚကေန ခ်စ္သူသစ္ ရည္းစားသစ္ ရတတ္သလို အိမ္ေထာင္ရွင္ ေတြလဲ အထူးကံေကာင္းေနခ်ိန္ကာလပါ ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ စံပယ္ပန္းကို ပန္းကန္ျပားတစ္ခုတြင္ သီးသန႔္ ထည့္ကာ ယခုတစ္ပတ္လုံး ဘုရားရွင္အား ပူေဇာ္ကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ေနအိမ္၏ အဂၤါေထာင့္အရပ္ရွိ ဘုန္းႀကီးေက်ာင္း(သို႔မဟုတ္) သီလရွင္ေက်ာင္း သို႔ ေနရာထိုင္ခင္းတစ္ခု လႉဒါန္းေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။      ။ယခုတစ္ပတ္လုံး အရဟံဂုဏ္ေတာ္ကို စိပ္ပုတီးျဖင့္ နံနက္တိုင္း သက္ေစ့ရေအာင္ စိပ္ေပးပါ။  

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ ေနအိမ္အတြင္း မွန္ကြဲ၊ဓာတ္ပုံအပ်က္၊ ျပကၡဒိန္အေဟာင္း မ်ားကို စြန႔္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ သံဗုေဒၶ ဂါထာကို သတိရတိုင္း႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ လမ္းသြားရင္းေတြံသည့္ ခိုစာေရာင္းသည့္ ဆိုင္တြင္ ခိုစာႏိုင္သေလာက္ ေကြၽးေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။ အဂၤါနံအမည္ျဖင့္ စသည့္ ထီဆိုင္မွ ၂/၅အပူးပါသည့္ ထီလက္မွတ္ ကို ရွာထိုးေပးပါ။