【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း လုပ်စရာကိစ္စတွေ၊ လုပ်စရာအလုပ်တွေ များနေလို့ လူပမ်းစိတ်ပမ်းရမယ့် အချိန်ကာ လပါဘဲ။ ရပ်ဝေးက မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်းရှိသလို ငွေကုန်ကြေးကျများတဲ့ အချိန်အခါပါ။ အိမ်တွင်းစက်ပစ္စည်းတွေ အပျက်များနေသလို လက်အောက်ငယ်သားတွေအပေါ်  ယုံကြည်လို့ ဒုက္ခတွေ့တတ်ပါတယ်။ သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံ ပေးနိုင်တာက ဗုဒ္ဒဟူးသားသမီးတွေပါ။ ဒီကာလမှာမထင်မှတ်ဘဲအလှူအတန်းတွေ၊ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီကာလအတွင်းစပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။လူမျိုးခြားနဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေ သတိထားလုပ်ကိုင်ပါ။ကျန်းမာရေးကကောင်းနေပေမယ့် အိပ်ရေးမဝခြင်း ၊ခေါင်းကိုက်ခေါင်းမူးဖြစ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ကောင်းပါတယ်။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် စကားအသာရအောင် ပြောရင်း မာနပြိုင်တတ်ပါတယ်။ ချစ်သူများ မတင်မကျကိစ္စတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် သံသယရှိနေပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ယခုတပတ်လုံး ပန်းပေါင်းစုံ ဖြင့် ကပ်လှူ ပူဇော် ကာနံနက်တိုင်း ပဋ္ဌာန်းရွတ်ဆိုပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ။    ။ နေအိမ်သို့ ဆွမ်းခံကြွသည့် သံဃာတော်များကိုထီး/ဖိနပ် ကပ်လှူပေးပါ။ 
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။စေတီပုထိုးများ၏ ဗုဒ္ဒဟူးထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပါ။ 
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထောင်ဘက်/ ချစ်သူနှစ်ဦး၏ နေသင့် နံသင့်ပန်းကို ဘုရားပန်းအိုးတစ်အိုးသပ်သပ်ထိုးကာဘုရားအားယခုတစ်ပတ်လုံးပူဇော်ပါ။ 
 
လူမှုရေးအတိုက်အခံများသူများ။    ။ ယခုတစ်ပတ်လုံးသရဏဂုံ ၃ ပါးကိုနံနက် မျက်နှာ သစ်တိုင်း ရွက်ဖတ် ပူဇော်ပေးပါ။  
 
ကျန်းမာရေးမကောင်းသူများ ။  ။ အနီးအနားရှိသက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။ 
 
ထီကံကောင်းလိုသူများ။  ။ ဗုဒ္ဓဟူးနံဖြင့်စသည့် ထီဆိုင်တွင် ၂ အစ၄အဆုံး ထီလက်မှတ်ကိုထိုးပေးပါ။
 
(  Zawgyi  )
 
ဒီတစ္ပတ္အတြင္း လုပ္စရာကိစၥေတြ၊ လုပ္စရာအလုပ္ေတြ မ်ားေနလို႔ လူပမ္းစိတ္ပမ္းရမယ့္ အခ်ိန္ကာ လပါဘဲ။ ရပ္ေဝးက မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံခင္မင္ရကိန္းရွိသလို ေငြကုန္ေၾကးက်မ်ားတဲ့ အခ်ိန္အခါပါ။ အိမ္တြင္းစက္ပစၥည္းေတြ အပ်က္မ်ားေနသလို လက္ေအာက္ငယ္သားေတြအေပၚ  ယုံၾကည္လို႔ ဒုကၡေတြ႕တတ္ပါတယ္။ သင့္အတြက္ ဒီတစ္ပတ္မွာ ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံ ေပးႏိုင္တာက ဗုဒၵဟူးသားသမီးေတြပါ။ ဒီကာလမွာမထင္မွတ္ဘဲအလႉအတန္းေတြ၊ဘာသာေရးအလုပ္ေတြ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီကာလအတြင္းစပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ရတဲ့ အလုပ္ေတြ သတိထားလုပ္ကိုင္ပါ။က်န္းမာေရးကေကာင္းေနေပမယ့္ အိပ္ေရးမဝျခင္း ၊ေခါင္းကိုက္ေခါင္းမူးျဖစ္ျခင္းမ်ိဳး ျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ေကာင္းပါတယ္။ အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အေပၚ စကားအသာရေအာင္ ေျပာရင္း မာနၿပိဳင္တတ္ပါတယ္။ ခ်စ္သူမ်ား မတင္မက်ကိစၥေတြေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ သံသယရွိေနပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ယခုတပတ္လုံး ပန္းေပါင္းစုံ ျဖင့္ ကပ္လႉ ပူေဇာ္ ကာနံနက္တိုင္း ပ႒ာန္း႐ြတ္ဆိုေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား။    ။ ေနအိမ္သို႔ ဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကိုထီး/ဖိနပ္ ကပ္လႉေပးပါ။ 
 
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ေစတီပုထိုးမ်ား၏ ဗုဒၵဟူးေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ပါ။ 
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ေထာင္ဘက္/ ခ်စ္သူႏွစ္ဦး၏ ေနသင့္ နံသင့္ပန္းကို ဘုရားပန္းအိုးတစ္အိုးသပ္သပ္ထိုးကာဘုရားအားယခုတစ္ပတ္လုံးပူေဇာ္ပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ ယခုတစ္ပတ္လုံးသရဏဂုံ ၃ ပါးကိုနံနက္ မ်က္ႏွာ သစ္တိုင္း ႐ြက္ဖတ္ ပူေဇာ္ေပးပါ။  
 
က်န္းမာေရးမေကာင္းသူမ်ား ။  ။ အနီးအနားရွိသက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား။  ။ ဗုဒၶဟူးနံျဖင့္စသည့္ ထီဆိုင္တြင္ ၂ အစ၄အဆုံး ထီလက္မွတ္ကိုထိုးေပးပါ။