【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက သင့်အတွက် အတိုက်အခိုက် အပြိုင်အဆိုင်၊ အနှောင့်အယှက်များတဲ့ကာလဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းဆိုးရောနေတဲ့ ကာလဖြစ်တဲ့ အတွက် သင်လုပ်ချင်တဲ့ ကိစ္စအဝဝက တိုက်ရင်းခိုက်ရင်း အနှောင့်အယှက်တွေကြားကနေ အောင်မြင်တတ်ပါတယ်။ ဒီတစ်ပတ်မှာ ပညာရေး၊လူမှုရေး၊ စီးပွားရေး ကိစ္စတွေ အတွက် အကောင်းဆုံးအကြံပေးနိုင်တာက စနေသားသမီးတွေပါ။ ဒီကာလမှာ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တွေ အထူးကောင်းတဲ့ ကာလဖြစ်ပြီး ကျောက်မျက်လုပ်ငန်းရှင်တွေ၊ကွန်ပျူတာအရောင်းအဝယ်လုပ်ကိုင်သူတွေ ၊ကွန်ပျူတာနဲ့ အသက်မွေးသူတွေ အထူးကောင်းမွန်ပါတယ်။ စပ်တူကိစ္စတွေ အစုရှယ်ယာလုပ်တာတွေ အကျိုး မပေးတတ်ပေမယ့် နိုင်ငံခြားရပ်ခြား၊လူမျိုးခြား အကျိုးပေးကိန်းရှိပါတယ်။ မထင်မှတ်ဘဲ ခရီးကောင်း တွေ၊ ဘုရား ဖုူးခရီးတွေသွားရကိန်း ရှိပါတယ်။ ငွေဝင်ကောင်းပေမယ့် ငွေထွက်များတာ၊ လုပ်ငန်းတွေထဲ ငွေမြုပ်နေတာတွေကြောင့် ငွေကျပ်တဲ့ အချိန်အခါပါ။ ကျန်းမာရေးက ကောင်းပါတယ်။ဒါပေမယ့် အအေးပတ်တာ ၊ အဆစ် အမြစ် ရောင်တာလေးတွေ ဖြစ်တတ် ပါတယ်။ ပညာရေးကတော့ ဝီရိယ စိုက်ထုတ်ရမယ့် လိုရာရောက်မယ့် အချိန်ပါ။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်နဲ့ တကျက်ကျက်စကားများနေတတ်သလို ချစ်သူများ ကြားမှာ တော့ အထီးကျန်နေရတတ်တဲ့ အချိန်ကာလပါ။ 
 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။ 
 
ပြည်ပထွက်ခွာလိုသူများ။ ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး။ဖိနပ် ကပ်လှူပေးပါ။ 
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို မေတ္တာသုတ်ရွက်ပြီးမှ ရွက်ဖတ်ပူဇော်ပေးပါ။ 
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့် နံသင့်ပန်းကို ပန်းအိုး တစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။ 
 
လူမှုရေးအတိုက်အခံများသူများ။ ။ နံနက်တိုင်း နေအိမ်အတွင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့ လမ်းမအား လှည်းကျင်းပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများနှင့် ဘုန်ကြီးကျောင်းများရှိ ဗောဓိညောင်ပင်များတွင် ညောင် ထောက်ပေးပါ။ရေသက်စေ့လောင်းပါ။ 
 
ထီကံကောင်းလိုသူများ။  ။ တနင်္လာနေ့တွင် ထီဆိုင်တစ်ခုမှ ၂/၆/၉ ဂဏန်းများများပါသော ထီကို ထိုးပေးပါ။ 
 
( Zawgyi )
 
 ဒီကာလက သင့္အတြက္ အတိုက္အခိုက္ အၿပိဳင္အဆိုင္၊ အေႏွာင့္အယွက္မ်ားတဲ့ကာလျဖစ္ပါတယ္။ ဒါေပမယ့္ ေကာင္းဆိုးေရာေနတဲ့ ကာလျဖစ္တဲ့ အတြက္ သင္လုပ္ခ်င္တဲ့ ကိစၥအဝဝက တိုက္ရင္းခိုက္ရင္း အေႏွာင့္အယွက္ေတြၾကားကေန ေအာင္ျမင္တတ္ပါတယ္။ ဒီတစ္ပတ္မွာ ပညာေရး၊လူမႈေရး၊ စီးပြားေရး ကိစၥေတြ အတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက စေနသားသမီးေတြပါ။ ဒီကာလမွာ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူ ေတြ အထူးေကာင္းတဲ့ ကာလျဖစ္ၿပီး ေက်ာက္မ်က္လုပ္ငန္းရွင္ေတြ၊ကြန္ပ်ဴတာအေရာင္းအဝယ္လုပ္ကိုင္သူေတြ ၊ကြန္ပ်ဴတာနဲ႔ အသက္ေမြးသူေတြ အထူးေကာင္းမြန္ပါတယ္။ စပ္တူကိစၥေတြ အစုရွယ္ယာလုပ္တာေတြ အက်ိဳး မေပးတတ္ေပမယ့္ ႏိုင္ငံျခားရပ္ျခား၊လူမ်ိဳးျခား အက်ိဳးေပးကိန္းရွိပါတယ္။ မထင္မွတ္ဘဲ ခရီးေကာင္း ေတြ၊ ဘုရား ဖုူးခရီးေတြသြားရကိန္း ရွိပါတယ္။ ေငြဝင္ေကာင္းေပမယ့္ ေငြထြက္မ်ားတာ၊ လုပ္ငန္းေတြထဲ ေငြျမဳပ္ေနတာေတြေၾကာင့္ ေငြက်ပ္တဲ့ အခ်ိန္အခါပါ။ က်န္းမာေရးက ေကာင္းပါတယ္။ဒါေပမယ့္ အေအးပတ္တာ ၊ အဆစ္ အျမစ္ ေရာင္တာေလးေတြ ျဖစ္တတ္ ပါတယ္။ ပညာေရးကေတာ့ ဝီရိယ စိုက္ထုတ္ရမယ့္ လိုရာေရာက္မယ့္ အခ်ိန္ပါ။ အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္နဲ႔ တက်က္က်က္စကားမ်ားေနတတ္သလို ခ်စ္သူမ်ား ၾကားမွာ ေတာ့ အထီးက်န္ေနရတတ္တဲ့ အခ်ိန္ကာလပါ။ 
 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လႉကာ နံနက္ေနမထြက္မီ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုေပးပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား။ ။ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္ကို ထီး။ဖိနပ္ ကပ္လႉေပးပါ။ 
 
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ေမတၱာသုတ္႐ြက္ၿပီးမွ ႐ြက္ဖတ္ပူေဇာ္ေပးပါ။ 
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္ နံသင့္ပန္းကို ပန္းအိုး တစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ နံနက္တိုင္း ေနအိမ္အတြင္း ေမတၱာသုတ္ကို ႐ြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕ လမ္းမအား လွည္းက်င္းေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားႏွင့္ ဘုန္ႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ပင္မ်ားတြင္ ေညာင္ ေထာက္ေပးပါ။ေရသက္ေစ့ေလာင္းပါ။ 
 
ထီကံေကာင္းလိုသူမ်ား။  ။ တနလၤာေန႔တြင္ ထီဆိုင္တစ္ခုမွ ၂/၆/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးေပးပါ။