【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းအလုပ်များနေသလိုစိတ်မောလူမောဖြစ်နေရတဲ့အတွက် ကျန်းမာရေးပါ ညံနေ တတ် ပါတယ်။ အလုပ်ကထွက်ချင်တဲ့ စိတ်တွေ ဖြစ်နေသလိုစိတ်ကအေးအေးချမ်းချမ်းနေရတဲ့ အရပ်ကို ပြေးထွက် သွားချင်တဲ့ စိတ်တွေ ပေါက်နေတတ်ပါတယ်။ ဘာကိစ္စ မဆို မပြီးပြတ်ဘဲတန်းလန်းဖြစ်နေလို့ သင့်မှာ စိတ်ပျက် မှုတွေ ဖြစ်နေရတာပါ။ခေါင်းကိုအေးအေးထားပြီးအလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ ငွေကြေး ကံနည်းနည်းညံနေပေမယ့် ကူညီဆောင် မမယ့်သူကတော့ ရှိနေပါတယ်။ယခုတစ်ပတ် လူမှုရေး ၊ စီးပွားရေး ၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် စနေ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ အခုချိန်မှာ လူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ အောင်မြင်မှု ရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်း အောင်မြင်တဲ့ကာလပါ။ ပညာရေး ကိစ္စမှာ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါ ပါ။ ကျန်းမာရေးကတော့ အာရုံကြော၊လေထိုးလေအောင့်နဲ့  နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာဖြစ် သလိုချစ် သူရှာမယ့် ငယ်ရွယ် သူတွေကတော့  အဆင်ပြေပြီးမှ လွဲတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ခုနှစ်ရက်လုံးဘုရားပန်းမညှိုးအောင် ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ။   ။ကိုယ်သွားမည့်နိုင်ငံအမည်ပါ နေနံပန်း ကို ဘုရားတွင်ပန်းထိုးကာ လိုရာဆုတောင်း ပါလေ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။အိမ်ထောင်ရှင်နှစ်ဦး ၏ဓာတ်ပုံကိုဓာတ်ဘူးအသစ်ထဲထည့်ကာ ဘုရားစင်အောက်တွင် ထားပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ရွှေရောင်ပစ္စည်း များ၊လက်ဝတ်ရတနာများဒီတစ်ပတ် မဝတ်ပါနှင့်။ တခြားသူအိမ်သို့ ယူလာပါကလက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။    ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာ သန့်ရှင်းရေး လုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ။  ။ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများ ကိုဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။  ။ထီဆိုင်တွင် ၂/၇ ဂဏန်းများပါသော ထီလက်မှတ်ကိုထိုးပေးပါ။

(  Zawgyi  )

 ဒီရက္ပိုင္းအတြင္းအလုပ္မ်ားေနသလိုစိတ္ေမာလူေမာျဖစ္ေနရတဲ့အတြက္ က်န္းမာေရးပါ ညံေန တတ္ ပါတယ္။ အလုပ္ကထြက္ခ်င္တဲ့ စိတ္ေတြ ျဖစ္ေနသလိုစိတ္ကေအးေအးခ်မ္းခ်မ္းေနရတဲ့ အရပ္ကို ေျပးထြက္ သြားခ်င္တဲ့ စိတ္ေတြ ေပါက္ေနတတ္ပါတယ္။ ဘာကိစၥ မဆို မၿပီးျပတ္ဘဲတန္းလန္းျဖစ္ေနလို႔ သင့္မွာ စိတ္ပ်က္ မႈေတြ ျဖစ္ေနရတာပါ။ေခါင္းကိုေအးေအးထားၿပီးအလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ ေငြေၾကး ကံနည္းနည္းညံေနေပမယ့္ ကူညီေဆာင္ မမယ့္သူကေတာ့ ရွိေနပါတယ္။ယခုတစ္ပတ္ လူမႈေရး ၊ စီးပြားေရး ၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ အခုခ်ိန္မွာ လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ ေအာင္ျမင္မႈ ရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္း ေအာင္ျမင္တဲ့ကာလပါ။ ပညာေရး ကိစၥမွာ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါ ပါ။ က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ေလထိုးေလေအာင့္နဲ႔  ႏွလုံးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာျဖစ္ သလိုခ်စ္ သူရွာမယ့္ ငယ္႐ြယ္ သူေတြကေတာ့  အဆင္ေျပၿပီးမွ လြဲတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ခုႏွစ္ရက္လုံးဘုရားပန္းမညႇိဳးေအာင္ ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။ကိုယ္သြားမည့္ႏိုင္ငံအမည္ပါ ေနနံပန္း ကို ဘုရားတြင္ပန္းထိုးကာ လိုရာဆုေတာင္း ပါေလ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။အိမ္ေထာင္ရွင္ႏွစ္ဦး ၏ဓာတ္ပုံကိုဓာတ္ဘူးအသစ္ထဲထည့္ကာ ဘုရားစင္ေအာက္တြင္ ထားပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ေ႐ႊေရာင္ပစၥည္း မ်ား၊လက္ဝတ္ရတနာမ်ားဒီတစ္ပတ္ မဝတ္ပါႏွင့္။ တျခားသူအိမ္သို႔ ယူလာပါကလက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာ သန႔္ရွင္းေရး လုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား။  ။ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ား ကိုေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ထီဆိုင္တြင္ ၂/၇ ဂဏန္းမ်ားပါေသာ ထီလက္မွတ္ကိုထိုးေပးပါ။