【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
 ဒီရက်ပိုင်းမှာ အဖက်ဖက်က ကံအညံ့လေးတွေ ရှိနေတတ်ပါတယ်။ အနှောင့်အယှက်တွေများတတ်ပြီး ဘုရားတရားမြဲမြဲလုပ်သင့်ပါတယ်။ နေရာသစ် အိမ်သစ် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေပေါ်လာရင် အဲဒီအ ခွင့်အရေးကို အရယူသင့်ပါတယ်။ ကံတရားက ကောင်းတာ လုပ်နေသမျှ ကိုယ်ဘက်မှာ ရှိနေတဲ့အတွက် ဘာသာရေးကို ဖိဖိစီးစီး လုပ်ပြီးမှ  ဒီတစ်ပတ်အတွင်းလုပ်သင့်ပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် တနင်္လာသားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံး ပါ ဘဲ။ စပ်တူကိစ္စတွေ ကတော့ သတိထားရဦး မယ် အချိန်ကာလပါ။ ပြည်ပခရီးထွက်ဖို့ ကိစ္စတွေကတော့ ဒီတစ်ပတ်အတွင်း အောင်မြင်ဖို့ ရှိပါတယ်။ အလုပ်ထဲမှာ ရာထူးနေရာအတွက် အခွင့်အလမ်းနည်း တယ် လို့ သင်ထင်ထားပေမယ့် မထင်မှတ်ဘဲ သင့်အ တွက် ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ပညာရေး ကတော့ အကောင်းဘက်ပါ။ အိမ်ထောင်ရှင်များ ချစ်သူတွေ အတွက် ခဏတာဝေးရဖို့ရှိနေပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား ခရေပန်း လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ ရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ။    ။ အပတ်စဉ်ဆွမ်းဆန်ကြွသည့် သီလရှင် ဆရာလေး များကို ဖိနပ်လှူပါလေ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။တနင်္လာနံဘုရားစေတီတွင်  ဇီးခက်အပါအဝင် ပန်းပေါင်းစုံ ကပ်လှူပါလေ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထဲရှိ စက် ပစ္စည်း အပျက်တွေကို အိမ်ပြင်ပသို့ရွှေ့ပေးပါ။
လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားအား ရေသပ္ပါယ်ခြင်း၊စေတီ ရင်ပြင် များတွင် အမှိုက်များ ကောက်ခြင်း ပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးထဲ ရေသတ္တဝါ အရှင်တွေ့ပါက ဝယ်ပြီး ဇီဝိတဒါနလွှတ်ပေးပါ။  
ထီကံကောင်းလိုသူများ ။  ။ စက်ဘီးဖြင့်ရောင်းသည့် ထီဆိုင်တွေ့ပါက  ၂ ဂဏန်းများများပါသော ထီကို  ထိုးပါ။
(  Zawgyi  )