【 ဗေဒင် 】ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်းမှာ ပညာရေး၊လူမှုရေး၊ စီးပွားရေးကိစ္စတွေမှာ သင့်ကို အကောင်းဆုံး အကြံပေးနိုင်တာက စနေသားသမီးတွေပါ။ ဒီကာလမှာ စီးပွားရေးတွေ ထင်သလောက်အဆင်မပြေတဲ့ ကာလ တစ်ခုဖြစ်နေလို့ သင့်စိတ်ကူးထဲက ရှိသမျှအလုပ်အကိုင်တွေကို အလောတကြီး အကောင်အထည် မဖော်သင့်တဲ့ အချိန်ကာလပါ။  ဒီကာလမှာ ကိုယ်ပိုင်အလုပ်များ ပုံမှန်အတိုင်းလည်ပတ်ပါ။ အသစ်မ စပါနဲ့။ ကုန်ပစ္စည်းအသစ်တောင် တင်မရောင်းပါနဲ့ ။ နိုင်ငံခြားရပ်ခြား၊လူမျိုးခြားက အကျိုးပေးကိန်းရှိပါတယ်။ အကူအညီရ တတ်ပါတယ်။ အိမ်ခြံမြေနဲ့ စပ်တူကိစ္စတွေ အကျိုးပေးတဲ့ကာလပါ။ ငွေဝင်ကောင်းပေမယ့် ငွေထွက်များတာ၊လုပ်ငန်းတွေထဲ ငွေမြုပ်နေ တာတွေကြောင့် ငွေကျပ်တဲ့ အချိန်အခါပါ။ သူငယ်ချင်းတွေ ၊မကျန်းမာတဲ့ သူစိမ်း တွေ ဆေးကုဖို့လာရင် သတိထားပါ။ အိမ်တွင်းပြဿနာပေါ်တတ်သည်။  ကျန်းမာရေးက ကောင်းပါတယ်။ဒါပေမယ့် အအေးပတ်တာ ၊ အဆစ်အမြစ်ရောင်တာလေးတွေ ဖြစ်တတ် ပါတယ်။ ပညာရေးကတော့ ဝီရိယ စိုက်ထုတ်ရမယ့် လိုရာရောက် မယ့် အချိန်ပါ။ အိမ်ထောင်ရှင်တွေ အိမ် ထောင်ဘက်နဲ့ တကျက်ကျက်စကားများနေတတ်သလို ချစ်သူများ ကြားမှာတော့ အထီးကျန်နေရတတ်တဲ့ အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး/ဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို မေတ္တာသုတ်ရွက်ပြီးမှ ရွက်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့် နံသင့်ပန်းကို ပန်းအိုး တစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ နံနက်တိုင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့လမ်းမအား လှည်းကျင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများနှင့် ဘုန်ကြီးကျောင်းများရှိ ဗောဓိညောင်ပင်များတွင် ညောင် ထောက်ပေးပါ။ရေသက်စေ့လောင်းပါ။

ထီကံကောင်းလိုသူများ။  ။ ဗုဒ္ဓဟူးနေ့တွင် အရင်ဆုံးတွေ့သည့် ထီဆိုင်မှ ကျပ်တစ်ထောင်တန်ထီ ၆/၈/၉ ဂဏန်းများများသည့် လက်မှတ်ကို ရှာထိုးပါ။

 

 

(  Zawgyi  )

 

ဒီတစ္ပတ္အတြင္းမွာ ပညာေရး၊လူမႈေရး၊ စီးပြားေရးကိစၥေတြမွာ သင့္ကို အေကာင္းဆုံး အႀကံေပးႏိုင္တာက စေနသားသမီးေတြပါ။ ဒီကာလမွာ စီးပြားေရးေတြ ထင္သေလာက္အဆင္မေျပတဲ့ ကာလ တစ္ခုျဖစ္ေနလို႔ သင့္စိတ္ကူးထဲက ရွိသမွ်အလုပ္အကိုင္ေတြကို အေလာတႀကီး အေကာင္အထည္ မေဖာ္သင့္တဲ့ အခ်ိန္ကာလပါ။  ဒီကာလမွာ ကိုယ္ပိုင္အလုပ္မ်ား ပုံမွန္အတိုင္းလည္ပတ္ပါ။ အသစ္မ စပါနဲ႔။ ကုန္ပစၥည္းအသစ္ေတာင္ တင္မေရာင္းပါနဲ႔ ။ ႏိုင္ငံျခားရပ္ျခား၊လူမ်ိဳးျခားက အက်ိဳးေပးကိန္းရွိပါတယ္။ အကူအညီရ တတ္ပါတယ္။ အိမ္ၿခံေျမနဲ႔ စပ္တူကိစၥေတြ အက်ိဳးေပးတဲ့ကာလပါ။ ေငြဝင္ေကာင္းေပမယ့္ ေငြထြက္မ်ားတာ၊လုပ္ငန္းေတြထဲ ေငြျမဳပ္ေန တာေတြေၾကာင့္ ေငြက်ပ္တဲ့ အခ်ိန္အခါပါ။ သူငယ္ခ်င္းေတြ ၊မက်န္းမာတဲ့ သူစိမ္း ေတြ ေဆးကုဖို႔လာရင္ သတိထားပါ။ အိမ္တြင္းျပႆနာေပၚတတ္သည္။  က်န္းမာေရးက ေကာင္းပါတယ္။ဒါေပမယ့္ အေအးပတ္တာ ၊ အဆစ္အျမစ္ေရာင္တာေလးေတြ ျဖစ္တတ္ ပါတယ္။ ပညာေရးကေတာ့ ဝီရိယ စိုက္ထုတ္ရမယ့္ လိုရာေရာက္ မယ့္ အခ်ိန္ပါ။ အိမ္ေထာင္ရွင္ေတြ အိမ္ ေထာင္ဘက္နဲ႔ တက်က္က်က္စကားမ်ားေနတတ္သလို ခ်စ္သူမ်ား ၾကားမွာေတာ့ အထီးက်န္ေနရတတ္တဲ့ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လႉကာ နံနက္ေနမထြက္မီရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္ကို ထီး/ဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ေမတၱာသုတ္႐ြက္ၿပီးမွ ႐ြက္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္ နံသင့္ပန္းကို ပန္းအိုး တစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ နံနက္တိုင္း ေမတၱာသုတ္ကို ႐ြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕လမ္းမအား လွည္းက်င္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားႏွင့္ ဘုန္ႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ပင္မ်ားတြင္ ေညာင္ ေထာက္ေပးပါ။ေရသက္ေစ့ေလာင္းပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ဗုဒၶဟူးေန႔တြင္ အရင္ဆုံးေတြ႕သည့္ ထီဆိုင္မွ က်ပ္တစ္ေထာင္တန္ထီ ၆/၈/၉ ဂဏန္းမ်ားမ်ားသည့္ လက္မွတ္ကို ရွာထိုးပါ။