【 ဗေဒင် 】ဗုဒ္ဓဟူးသားသမီးများ အတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်းငွေရွှင်တဲ့ ကာလထဲရောက်နေပါပြီ။ ဒီကာလမှာ ရပ်ဝေး နဲ့ နိုင်ငံခြားက အသိအကျွမ်းမိတ်ဆွေတွေရဲ့ အကူအညီ အခွင့်အလမ်းတွေ ရတတ်ပါတယ်။ သို့သော် အဖက်ဖက်ကပေါ်လာတဲ့ ပြဿနာတွေကိုရှင်းနေရတာနဲ့ ဒီကာလမှာ သင်အချိန်ကုန် နေတတ်လို ဘာမဆို သတိထားကိုင်တွယ် သင့်ပါ တယ်။ ဒီကာလမှာ  ပြတ်တောက်နေတဲ့ အပေါင်းအသင်း တွေ မိတ်ဆွေဟောင်း တွေ ချစ်ခင်ရင်းနှီးသူတွေနဲ့ ပြန်အဆက်အသွယ်ရတတ်ပါတယ်။အိမ်ဆောက် ပစ္စည်း လုပ်ငန်းလုပ်ကိုင်သူတွေ ၊သီးနှံကုန်သည်တွေ၊ ရေ ထွက် ကုန်ရောင်းဝယ် ဖောက်ကားသူတွေ ကျောက်မျက် နဲ့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေအကျိုးပေးတဲ့ အချိန်ကာလပါ။ စပ်တူရှယ်ယာလုပ်သူတွေ ၊စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့အလုပ်တွေ မကောင်းသေးပါဘူး။  ပညာရေးကတော့ မရဘူးထင်တဲ့ အောင်မြင်မှုတွေ  ပြန်ရတတ် တဲ့ ကံမျိုးပါ။ ဒါကို သင်တန်းတွေ ၊အလုပ်စာ မေးပွဲတွေမှာ ကြုံရတတ်ပါ တယ်။ ကျန်းမာရေးကတော့ အညံဘက် ကိုများနေပြီး နာ တာရှည် ရောဂါဖြစ်တတ် လို့ ဂရုစိုက်သင့် ပါတယ်။ အိမ်ထောင်သည်တွေ စကားများတာ၊ ကိုယ်ရည်သွေးတာကနေ အချင်းများတတ် သလို ငယ်ရွယ်သူတွေ သတင်းကောင်းစကားကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအားယခုတစ်ပတ်လုံး ဂန္ဓမာပန်း၊ငွေပန်း တို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။မိမိသွားမည့်အရပ်ရှိနေနံထောင့်မှ ဘုန်းကြီးကျောင်းသို့ စားဆီလှူပေးပါ။အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။တနင်္လာနံအရပ်ရှိဘုရားတွင် အဓိဋ္ဌာန်ပုတီးစိပ်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်သို့ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်းကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ်ရွတ်ကာ မျက်နှာသစ်ပေးပါ။ကျန်းမာရေးမကောင်းသူများ ။  ။ လမ်းထဲရှိခွေးများအားညဘက် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ။  ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ တနင်္လာနံ အက္ခရာ ဖြင့် စကာ ၄ ဂဏန်းအလယ်တွင် ပါသော ထီလက်မှတ်ကို ရှာထိုးပါ။

(  Zawgyi  )

  ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္းေငြ႐ႊင္တဲ့ ကာလထဲေရာက္ေနပါၿပီ။ ဒီကာလမွာ ရပ္ေဝး နဲ႔ ႏိုင္ငံျခားက အသိအကြၽမ္းမိတ္ေဆြေတြရဲ႕ အကူအညီ အခြင့္အလမ္းေတြ ရတတ္ပါတယ္။ သို႔ေသာ္ အဖက္ဖက္ကေပၚလာတဲ့ ျပႆနာေတြကိုရွင္းေနရတာနဲ႔ ဒီကာလမွာ သင္အခ်ိန္ကုန္ ေနတတ္လို ဘာမဆို သတိထားကိုင္တြယ္ သင့္ပါ တယ္။ ဒီကာလမွာ  ျပတ္ေတာက္ေနတဲ့ အေပါင္းအသင္း ေတြ မိတ္ေဆြေဟာင္း ေတြ ခ်စ္ခင္ရင္းႏွီးသူေတြနဲ႔ ျပန္အဆက္အသြယ္ရတတ္ပါတယ္။အိမ္ေဆာက္ ပစၥည္း လုပ္ငန္းလုပ္ကိုင္သူေတြ ၊သီးႏွံကုန္သည္ေတြ၊ ေရ ထြက္ ကုန္ေရာင္းဝယ္ ေဖာက္ကားသူေတြ ေက်ာက္မ်က္ နဲ႔ ကားဝယ္ေရာင္းလုပ္ကိုင္သူေတြအက်ိဳးေပးတဲ့ အခ်ိန္ကာလပါ။ စပ္တူရွယ္ယာလုပ္သူေတြ ၊စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့အလုပ္ေတြ မေကာင္းေသးပါဘူး။  ပညာေရးကေတာ့ မရဘူးထင္တဲ့ ေအာင္ျမင္မႈေတြ  ျပန္ရတတ္ တဲ့ ကံမ်ိဳးပါ။ ဒါကို သင္တန္းေတြ ၊အလုပ္စာ ေမးပြဲေတြမွာ ႀကဳံရတတ္ပါ တယ္။ က်န္းမာေရးကေတာ့ အညံဘက္ ကိုမ်ားေနၿပီး နာ တာရွည္ ေရာဂါျဖစ္တတ္ လို႔ ဂ႐ုစိုက္သင့္ ပါတယ္။ အိမ္ေထာင္သည္ေတြ စကားမ်ားတာ၊ ကိုယ္ရည္ေသြးတာကေန အခ်င္းမ်ားတတ္ သလို ငယ္႐ြယ္သူေတြ သတင္းေကာင္းစကားၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအားယခုတစ္ပတ္လုံး ဂႏၶမာပန္း၊ေငြပန္း တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။မိမိသြားမည့္အရပ္ရွိေနနံေထာင့္မွ ဘုန္းႀကီးေက်ာင္းသို႔ စားဆီလႉေပးပါ။အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။တနလၤာနံအရပ္ရွိဘုရားတြင္ အဓိ႒ာန္ပုတီးစိပ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္သို႔ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းေပါင္းကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေန႔စဥ္ မိုးလင္းသည္ႏွင့္ ေမတၱာသုတ္႐ြတ္ကာ မ်က္ႏွာသစ္ေပးပါ။က်န္းမာေရးမေကာင္းသူမ်ား ။  ။ လမ္းထဲရွိေခြးမ်ားအားညဘက္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား။  ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ တနလၤာနံ အကၡရာ ျဖင့္ စကာ ၄ ဂဏန္းအလယ္တြင္ ပါေသာ ထီလက္မွတ္ကို ရွာထိုးပါ။