【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း စိတ်မတင်မကျ ကိစ္စတွေ အလွဲလွဲအချော်ချော်နဲ့ ထင်ထားသလိုမဖြစ်တတ်တာတွေ ကြုံရတတ်ပါတယ်။ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေလည်း  ဖြစ်တတ်ပါတယ်။ ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ဗုဒ္ဓဟူးသားသမီးတွေကိုတိုင်ပင်တာက သင့်အတွက် အကောင်းဆုံး ပါဘဲ။ စာချုပ်စာတမ်း ကိစ္စတွေ၊ စပ်တူ ရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားက အကူ အညီ သင့်ဆီ မမျှော်လင့်ဘဲရောက်လာ တတ်ပါတယ်။ ဒီရက်ပိုင်း အနေအထိုင်တတ်မထိုင်တတ်ရင် သူများပြဿနာ၊ကိုယ့်ပြဿနာ ဖြစ်တတ်ပါ တယ်။ သူတစ်ပါး ကိစ္စဝင်အာမခံတတ်သူများ ဒီရက်ပိုင်း အမှုအခင်းမြင်ပါတယ်။ငွေကံကတော့ ညံပါတယ်။အလုပ်နဲ့ ပတ်သက်ပြီးခရီး ထွက်စရာပေါ်ရင် မရှောင်ပါနဲ့၊ လိုက်သွားပါ။သင့်အတွက် အခွင့်အလမ်းပေါ်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဝမ်းမကောင်းတာတွေ၊အစာစားတာမမှန်လို့ အစာအိမ်ရောဂါဖြစ်တတ်ပါတယ်။ ပညာရေး ကံကတော့ အကောင်းဆုံးဖြစ်နေပြီး ခရီးသွားဟန်လွဲ ဝင်ခွင့်ပါတယ်။အိမ်ထောင်ရှင်တွေ မပြေလည်မှုတွေ နိဂုံးချုပ်သွားပေမယ့် ချစ်သူတွေ အတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက်မယ့် အချိန်ကာလပါ။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ယခုတစ်ပတ်လုံးဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ် လှူဒါန်း ပေးပါ။  

ပြည်ပထွက်ခွာလိုသူများ။   ။ တဟိ့ ံတဟိ့ ံဘုရားရှိခိုးဂါထာကို အဓိဋ္ဌာန်ဖြင့် ယခုတစ်ပတ်တာလုံး သက်စေ့ရွတ်ဆိုပေးပါလေ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။နေအိမ်အရပ်မှ အင်္ဂါနံအရပ်ရှိဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ နေအိမ်အတွင်း ပြတ်နေသည့် ကြိုးများ၊ ကြိုးတန်းများ၊ ပြတ်လုပြတ်ဆဲကြိုးများရှိနေပါက ပြန်ဆက်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည်အောင် မေတ္တာသုတ်ရွတ်ဆိုကာရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ။  ။ငါး၊လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ။  ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၃/ ၄ ဂဏန်းများများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။

(  Zawgyi  )

ယခုရက္ပိုင္း စိတ္မတင္မက် ကိစၥေတြ အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလိုမျဖစ္တတ္တာေတြ ႀကဳံရတတ္ပါတယ္။ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြလည္း  ျဖစ္တတ္ပါတယ္။ ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ဗုဒၶဟူးသားသမီးေတြကိုတိုင္ပင္တာက သင့္အတြက္ အေကာင္းဆုံး ပါဘဲ။ စာခ်ဳပ္စာတမ္း ကိစၥေတြ၊ စပ္တူ ရွယ္ယာအလုပ္ေတြ ေကာင္းပါတယ္။ႏိုင္ငံရပ္ျခားက အကူ အညီ သင့္ဆီ မေမွ်ာ္လင့္ဘဲေရာက္လာ တတ္ပါတယ္။ ဒီရက္ပိုင္း အေနအထိုင္တတ္မထိုင္တတ္ရင္ သူမ်ားျပႆနာ၊ကိုယ့္ျပႆနာ ျဖစ္တတ္ပါ တယ္။ သူတစ္ပါး ကိစၥဝင္အာမခံတတ္သူမ်ား ဒီရက္ပိုင္း အမႈအခင္းျမင္ပါတယ္။ေငြကံကေတာ့ ညံပါတယ္။အလုပ္နဲ႔ ပတ္သက္ၿပီးခရီး ထြက္စရာေပၚရင္ မေရွာင္ပါနဲ႔၊ လိုက္သြားပါ။သင့္အတြက္ အခြင့္အလမ္းေပၚလာတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဝမ္းမေကာင္းတာေတြ၊အစာစားတာမမွန္လို႔ အစာအိမ္ေရာဂါျဖစ္တတ္ပါတယ္။ ပညာေရး ကံကေတာ့ အေကာင္းဆုံးျဖစ္ေနၿပီး ခရီးသြားဟန္လြဲ ဝင္ခြင့္ပါတယ္။အိမ္ေထာင္ရွင္ေတြ မေျပလည္မႈေတြ နိဂုံးခ်ဳပ္သြားေပမယ့္ ခ်စ္သူေတြ အတြက္ကေတာ့ က်ဥ္းထဲက်ပ္ထဲေရာက္မယ့္ အခ်ိန္ကာလပါ။

 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ယခုတစ္ပတ္လုံးဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္ လႉဒါန္း ေပးပါ။  

ျပည္ပထြက္ခြာလိုသူမ်ား။   ။ တဟိ့ ံတဟိ့ ံဘုရားရွိခိုးဂါထာကို အဓိ႒ာန္ျဖင့္ ယခုတစ္ပတ္တာလုံး သက္ေစ့႐ြတ္ဆိုေပးပါေလ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ေနအိမ္အရပ္မွ အဂၤါနံအရပ္ရွိဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ ေနအိမ္အတြင္း ျပတ္ေနသည့္ ႀကိဳးမ်ား၊ ႀကိဳးတန္းမ်ား၊ ျပတ္လုျပတ္ဆဲႀကိဳးမ်ားရွိေနပါက ျပန္ဆက္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည္ေအာင္ ေမတၱာသုတ္႐ြတ္ဆိုကာေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ငါး၊လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား။  ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၃/ ၄ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကို ရွာထိုးပါ။