【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း အဖက်ဖက်က အခွင့်အလမ်းတွေ ပေါ်လာတတ်ပါတယ်။ကံတရားက ကိုယ့်ဘက်မှာရှိနေလို့ ကိုယ်လုပ်ချင်တာကို ဆထပ်တပိုးလုပ်သင့်တဲ့ အချိန်အခါပါ။လုပ်ငန်းခွင်မှာ အလုပ်အပြောင်းအလဲရှိပါတယ်။တာဝန်ပိုကြီးတဲ့နေရာ ပြောင်းရမှာပါ။မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။မနာလိုသူတွေ အပြိုင်အဆိုင်တွေရှိပါတယ်။ပြည်တွင်းခရီးကောင်းတွေ သွားရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ သတိထားပါ။လူမျိုးခြား အကျိုးမပေးသေးပါ။ပညာရေးကံက ကောင်းနေလို့ အားစိုက်မှု လျော့ကျနေတတ်ပါတယ်။သတိထားပါ။ ကျန်းမာရေးကတော့ ဆီး၊ မျက်စိ၊ အစာအိမ် စတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။ချစ်သူရည်းစားတွေ အတိတ်ဟောင်းက အချစ်ဟောင်းကြောင့် လက်ရှိချစ်သူက အချစ်ပိုနေလို့ နေရခက်နေပါလိမ်မယ်။အိမ်ထောင်ရှင်တွေအတွက် သတင်းကောင်းတွေ ကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ပန်းပေါင်းစုံဖြင့် ပူဇော်ပြီး ဒိဝါတပတိဂါထာ ပုတီးစိပ်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ တစ်ရက်တည်း စေတီသုံးဆူအား ဖူးမြှော်ကာ စေတီ၏ သောကြာထောင့်တွင် စံပယ်ပန်းဖြင့် ပူဇော်ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နံနက်စောစောကို ခွေးအား ထန်းညက်သုံးခဲကို ကျွေးကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိအိမ်ထဲ ကွဲနေသည့် ဖန်ပုလင်း၊ မှန်ကွဲ စသည်တို့ကို ရှာဖွေရှင်းလင်းပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မွေးနေ့တိုင်း ဘုရားကျောင်းကန်များသို့သွားကာ သန့်ရှင်းရေး လုပ်ပေးပါ။ကုဋီဆေးကြောပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးထဲသွားကာ ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲ ရေပြင်ကျယ်သည့် နေရာသို့ လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ သောကြာသားသမီး ကလေးငယ်ကိုချီကာ ၆ အစ ၅ အဆုံး ထီလက်မှတ်ကို ရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း အဖက္ဖက္က အခြင့္အလမ္းေတြ ေပၚလာတတ္ပါတယ္။ကံတရားက ကိုယ့္ဘက္မွာရွိေနလို႔ ကိုယ္လုပ္ခ်င္တာကို ဆထပ္တပိုးလုပ္သင့္တဲ့ အခ်ိန္အခါပါ။လုပ္ငန္းခြင္မွာ အလုပ္အေျပာင္းအလဲရွိပါတယ္။တာဝန္ပိုႀကီးတဲ့ေနရာ ေျပာင္းရမွာပါ။မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။မနာလိုသူေတြ အၿပိဳင္အဆိုင္ေတြရွိပါတယ္။ျပည္တြင္းခရီးေကာင္းေတြ သြားရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းကိစၥေတြ သတိထားပါ။လူမ်ိဳးျခား အက်ိဳးမေပးေသးပါ။ပညာေရးကံက ေကာင္းေနလို႔ အားစိုက္မႈ ေလ်ာ့က်ေနတတ္ပါတယ္။သတိထားပါ။ က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ၊ အစာအိမ္ စတဲ့ ေနရာေတြမွာ ျဖစ္တတ္ပါတယ္။ခ်စ္သူရည္းစားေတြ အတိတ္ေဟာင္းက အခ်စ္ေဟာင္းေၾကာင့္ လက္ရွိခ်စ္သူက အခ်စ္ပိုေနလို႔ ေနရခက္ေနပါလိမ္မယ္။အိမ္ေထာင္ရွင္ေတြအတြက္ သတင္းေကာင္းေတြ ၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ပန္းေပါင္းစုံျဖင့္ ပူေဇာ္ၿပီး ဒိဝါတပတိဂါထာ ပုတီးစိပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ တစ္ရက္တည္း ေစတီသုံးဆူအား ဖူးေျမႇာ္ကာ ေစတီ၏ ေသာၾကာေထာင့္တြင္ စံပယ္ပန္းျဖင့္ ပူေဇာ္ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ နံနက္ေစာေစာကို ေခြးအား ထန္းညက္သုံးခဲကို ေကြၽးကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိအိမ္ထဲ ကြဲေနသည့္ ဖန္ပုလင္း၊ မွန္ကြဲ စသည္တို႔ကို ရွာေဖြရွင္းလင္းပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေမြးေန႔တိုင္း ဘုရားေက်ာင္းကန္မ်ားသို႔သြားကာ သန႔္ရွင္းေရး လုပ္ေပးပါ။ကုဋီေဆးေၾကာေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးထဲသြားကာ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲ ေရျပင္က်ယ္သည့္ ေနရာသို႔ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေသာၾကာသားသမီး ကေလးငယ္ကိုခ်ီကာ ၆ အစ ၅ အဆုံး ထီလက္မွတ္ကို ရွာထိုးေပးပါ။