【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း သင့်မှာ စိတ်ဒွိဟဖြစ်စရာတွေ ရှိတတ်ပါတယ်။ငွေကြေးကံသင့်ပေမယ့် ရင်းနှီးလို့ ပေးထားတဲ့ ငွေတွေ လိုချိန်မှာ ပြန်မရဖြစ်လို့ သင်စိတ်ညစ်ရတတ်သလို အလုပ်အကိုင်မှာ လူမှုရေးမှာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ပေါ်လာတတ်ပါတယ်။ဒီအချိန်က ဘယ်အရာဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်တဲ့ကာလပါ။ဒီကာလမှာ နိုင်ငံခြားထွက်ဖို့ ပြင်နေတဲ့သူတွေ အဆင်ပြေချောမွေ့ပြီး လိုရာရောက်ပါလိမ့်မယ်။ဝန်ထမ်းတွေ နေရာအပြောင်းအရွှေ့ ရှိနေပါတယ်။ဒီကာလမှာ ပညာရေးကတော့ သင့်ပါတယ်။ကျန်းမာရေးကတော့ အကောင်းအဆိုး တလှည့်ကြား နေရထိုင်ရခက်နေတတ်သလို သွား၊ နား စတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။အိမ်ထောင်၊ ချစ်သူများအကြား သိပ်ဝေးနေရင် မကောင်းပါဘူး။အပြီးတိုင်ဝေးတတ်တဲ့ ကာလဖြစ်လို့ သတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ဗုဒ္ဓဟူးနံ သစ်သီး၊ ပန်း၊ အညွှန့်များဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို ထီး၊ ဖိနပ်၊ သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှင်အား နံနက်စောစော အရဟံ သက်စေ့ပုတီးစိပ်ကာ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲမှ စနေနံ ပစ္စည်းအဟောင်းအပျက်များကို ရှာ၍ လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်မိုးလင်းကတည်းက သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်း ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ညောင်ထောက်ပေးပါ။

ထီပေါက်လိုသူများ ။     ။ မွေးနေ့မွေးရက်တွင် ၄/၅ ဂဏန်းများများပါသည့် ထီကို ထိုးပါ။
( Zawgyi )
ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း သင့္မွာ စိတ္ဒြိဟျဖစ္စရာေတြ ရွိတတ္ပါတယ္။ေငြေၾကးကံသင့္ေပမယ့္ ရင္းႏွီးလို႔ ေပးထားတဲ့ ေငြေတြ လိုခ်ိန္မွာ ျပန္မရျဖစ္လို႔ သင္စိတ္ညစ္ရတတ္သလို အလုပ္အကိုင္မွာ လူမႈေရးမွာ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ေပၚလာတတ္ပါတယ္။ဒီအခ်ိန္က ဘယ္အရာဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္တဲ့ကာလပါ။ဒီကာလမွာ ႏိုင္ငံျခားထြက္ဖို႔ ျပင္ေနတဲ့သူေတြ အဆင္ေျပေခ်ာေမြ႕ၿပီး လိုရာေရာက္ပါလိမ့္မယ္။ဝန္ထမ္းေတြ ေနရာအေျပာင္းအေ႐ႊ႕ ရွိေနပါတယ္။ဒီကာလမွာ ပညာေရးကေတာ့ သင့္ပါတယ္။က်န္းမာေရးကေတာ့ အေကာင္းအဆိုး တလွည့္ၾကား ေနရထိုင္ရခက္ေနတတ္သလို သြား၊ နား စတဲ့ေနရာေတြမွာ ျဖစ္တတ္ပါတယ္။အိမ္ေထာင္၊ ခ်စ္သူမ်ားအၾကား သိပ္ေဝးေနရင္ မေကာင္းပါဘူး။အၿပီးတိုင္ေဝးတတ္တဲ့ ကာလျဖစ္လို႔ သတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ဗုဒၶဟူးနံ သစ္သီး၊ ပန္း၊ အၫႊန႔္မ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားကို ထီး၊ ဖိနပ္၊ သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားရွင္အား နံနက္ေစာေစာ အရဟံ သက္ေစ့ပုတီးစိပ္ကာ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲမွ စေနနံ ပစၥည္းအေဟာင္းအပ်က္မ်ားကို ရွာ၍ လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္မိုးလင္းကတည္းက သမၺဳေဒၶဂါထာကို သတိရတိုင္း ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ေညာင္ေထာက္ေပးပါ။

ထီေပါက္လိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ ၄/၅ ဂဏန္းမ်ားမ်ားပါသည့္ ထီကို ထိုးပါ။