【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
အလုပ်ထဲ ဖိအားတွေများလို့ မပျော်မရွှင်ဖြစ်တတ်သလို အဆင်မပြေ အလွဲလွဲအချော်အချော်တွေနဲ့ စိတ်ပျက်စရာ ကာလတစ်ခုပါ။ဒါပေမယ့် အလုပ်ထဲမှာ ဂုဏ်သတင်းတက်စရာ၊ ရာထူးတက်စရာတွေ ကြုံရကိန်းတော့ ရှိပါတယ်။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။လုပ်ငန်းတိုးချဲ့တာနဲ့ တခြားအရေးကြီးကိစ္စတွေမှာ ကြီးကဲသူတို့ အကူအညီပေးပါလိမ့်မယ်။စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြားအကူအညီ ပေးတတ်ပါတယ်။ဘယ်အရာဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။မိသားစုအတွင်း မောင်နှမအချင်းချင်း စကားအထအနကောက်ကာ စကားများတတ်ပါတယ်။ပညာရေးကတော့ ကြိုးစားမှ လိုရာရောက်မှာပါ။ကျန်းမာရေးကတော့ ရင်၊ ဝမ်း စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ နီးတကျက်ကျက် ဖြစ်တတ်ပေမယ့် ချစ်သူများအကြား ကြည်နူးစရာတွေ မထင်မှတ်ဘဲ ပျော်ရတာတွေ ကြုံရတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သောကြာနံ အသီးအရွက်အညွှန့်များဖြင့် ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို ယခုတစ်ပတ်အတွင်း အာရုဏ်ဆွမ်းကပ် လှူဒါန်းပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှင်အား နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း အိတ်ထဲတွင် ရည်ရွယ်သူဓာတ်ပုံကို အမြဲထည့်ထားပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်မိုးလင်းကတည်းက ဘုရားရှင်ရှေ့တွင် အရဟံသက်စေ့ ပုတီးစိပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးထဲတွင် ငါးအရှင်တွေ့ပါက ဝယ်ပြီး ရေထဲလွှတ်ပေးပါ။
ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၆ ဂဏန်းကို များများပါအောင် ထိုးပါ။
( Zawgyi )