【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အလုပ်ထဲ ဖိအားတွေများလို့ မပျော်မရွှင်ဖြစ်တတ်ပါတယ်။အရာရာတိုင်းကို စဉ်းစားချင့်ချိန်ပြီးမှလုပ်ပါ။ဒါပေမယ့် အလုပ်ထဲမှာ ဂုဏ်သတင်းတက်စရာ၊ ရာထူးတက်စရာတွေ ကြုံရကိန်းရှိပါတယ်။ဒီကာလမှာ အလုပ်နဲ့ နေရာထိုင်ခင်း အပြောင်းအလဲ တစ်စုံတစ်ရာမလုပ်တာ အကောင်းဆုံးပါပဲ။ငွေကြေးနဲ့ ပတ်သက်ပြီးတော့ စိတ်ညစ်စရာကြုံလာနိုင်တဲ့ အခိုက်အတန့်ဖြစ်လို့ ငွေကြေးကို စနစ်တကျ သုံးစွဲသင့်တဲ့ ကာလပါ။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြားအကူအညီ ပေးတတ်ပါတယ်။မိသားစုအတွင်း  အလှူအတန်းကိစ္စတွေ ပေါ်ပေါက်တတ်ပါတယ်။
ပညာရေးကတော့ အညံ့ပိုင်းထဲရောက်နေလို့ ကြိုးစားမှ လိုရာရောက်မှာပါ။ကျန်းမာရေးကတော့ ကောင်းနေပေမယ့် ရင်၊ ခေါင်း စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ နီးတကျက်ကျက် ဖြစ်တတ်ပေမယ့် ချစ်သူများအကြား ကြည်နူးစရာတွေ  မထင်မှတ်ဘဲ ပျော်ရတာတွေ ကြုံရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သောကြာနံ အသီးအရွက် အညွှန့်ပန်းများဖြင့် ယခုတစ်ပတ်လုံး ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်ရှိရာအရပ်မှ ဘုန်းကြီးကျောင်းတွင် သံဃာတော်များကို အာရုဏ်ဆွမ်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ကာ ဂုဏ်တော်ပုတီး ၃ ပတ်ရအောင် စိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း အိတ်ထဲတွင် ရည်ရွယ်သူဓာတ်ပုံကို အမြဲထည့်ထားပါ။သတိရသည်နှင့် မေတ္တာပို့ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်မိုးလင်းကတည်းက ဘုရားရှင်ရှေ့တွင် အရဟံ သက်စေ့ ပုတီး ၉ ပတ်စိပ်ပြီးမှ တခြားပြုဖွယ်ကိစ္စများ ပြုလုပ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးထဲသွားရင်း ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ ရေထဲသို့ လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၆ အစ ၅ အဆုံး ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း အလုပ္ထဲ ဖိအားေတြမ်ားလို႔ မေပ်ာ္မ႐ႊင္ျဖစ္တတ္ပါတယ္။အရာရာတိုင္းကို စဥ္းစားခ်င့္ခ်ိန္ၿပီးမွလုပ္ပါ။ဒါေပမယ့္ အလုပ္ထဲမွာ ဂုဏ္သတင္းတက္စရာ၊ ရာထူးတက္စရာေတြ ႀကဳံရကိန္းရွိပါတယ္။ဒီကာလမွာ အလုပ္နဲ႔ ေနရာထိုင္ခင္း အေျပာင္းအလဲ တစ္စုံတစ္ရာမလုပ္တာ အေကာင္းဆုံးပါပဲ။ေငြေၾကးနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ညစ္စရာႀကဳံလာႏိုင္တဲ့ အခိုက္အတန႔္ျဖစ္လို႔ ေငြေၾကးကို စနစ္တက် သုံးစြဲသင့္တဲ့ ကာလပါ။ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။စပ္တူလုပ္တဲ့ ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ရပ္ျခားက လူမ်ိဳးျခားအကူအညီ ေပးတတ္ပါတယ္။မိသားစုအတြင္း  အလႉအတန္းကိစၥေတြ ေပၚေပါက္တတ္ပါတယ္။
ပညာေရးကေတာ့ အညံ့ပိုင္းထဲေရာက္ေနလို႔ ႀကိဳးစားမွ လိုရာေရာက္မွာပါ။က်န္းမာေရးကေတာ့ ေကာင္းေနေပမယ့္ ရင္၊ ေခါင္း စတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား နီးတက်က္က်က္ ျဖစ္တတ္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကည္ႏူးစရာေတြ  မထင္မွတ္ဘဲ ေပ်ာ္ရတာေတြ ႀကဳံရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ေသာၾကာနံ အသီးအ႐ြက္ အၫႊန႔္ပန္းမ်ားျဖင့္ ယခုတစ္ပတ္လုံး ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္ရွိရာအရပ္မွ ဘုန္းႀကီးေက်ာင္းတြင္ သံဃာေတာ္မ်ားကို အာ႐ုဏ္ဆြမ္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ကာ ဂုဏ္ေတာ္ပုတီး ၃ ပတ္ရေအာင္ စိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း အိတ္ထဲတြင္ ရည္႐ြယ္သူဓာတ္ပုံကို အၿမဲထည့္ထားပါ။သတိရသည္ႏွင့္ ေမတၱာပို႔ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္မိုးလင္းကတည္းက ဘုရားရွင္ေရွ႕တြင္ အရဟံ သက္ေစ့ ပုတီး ၉ ပတ္စိပ္ၿပီးမွ တျခားျပဳဖြယ္ကိစၥမ်ား ျပဳလုပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးထဲသြားရင္း ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဝယ္ကာ ေရထဲသို႔ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၆ အစ ၅ အဆုံး ထီလက္မွတ္ကို ရွာထိုးပါ။