【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း လုပ်ငန်းခွင်မှာ သင့်အတွက် အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်ထွက်လာမယ့် ကာလဖြစ်နေပါတယ်။ဒီအတွက် အရင်ကရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊ နေရာသစ်ရွှေ့တာတွေ၊ အလုပ်အကိုင် ပြောင်းရွှေ့တာတွေ၊ လုပ်ငန်းတိုးချဲ့တာတွေ လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။ဝန်ထမ်းတွေဆို ဒီကာလမှာ အရေးကြီးတာဝန်ကို လွှဲပြောင်းထမ်းဆောင်ရကိန်း ရှိပါတယ်။ဒါပေမယ့် အပြိုင်အဆိုင်များလို့ ရန်များတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း တနင်္ဂနွေ/ဗုဒ္ဓဟူး သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါတယ်။လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ အကျိုးပေးပါတယ်။အနုပညာ၊ ကား၊ အလှကုန်၊ ကွန်ပျူတာ စတဲ့အလုပ်တွေ အကျိုးပေးပါလိမ့်မယ်။ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ပညာရေးကကောင်းနေပါတယ်။အိမ်ထောင်ရှင်များ စိတ်ညစ်ရသလောက် ချစ်သူများအတွက်ကတော့ နေ့တိုင်းပျော်စရာဖြစ်နေတဲ့ အချိန်ကာလပါ။ကျန်းမာရေးမှာ အပူကြောင့် ဖြစ်တဲ့ရောဂါ၊ လေကြောင့် ဖြစ်တတ်တဲ့ ရောဂါကို သတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်းဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီး၊ သင်္ကန်း၊ ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး အောင်သပြေပန်း ကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန် ဗုဒ္ဓဟူးနံ အသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပါ္ပယ်ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။

ထီကံကောင်းလိုသူများ ။     ။ သင့်လမ်းထိပ် ထီဆိုင်တွင် ၃/၄/၅ ဂဏန်းပါသည့် ထီကို ရှာထိုးလိုက်ပါ။
( Zawgyi )
ဒီရက္ပိုင္း လုပ္ငန္းခြင္မွာ သင့္အတြက္ အခြင့္အလမ္းေကာင္းေတြ ဆက္တိုက္ေပၚထြက္လာမယ့္ ကာလျဖစ္ေနပါတယ္။ဒီအတြက္ အရင္ကရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြ၊ ေနရာသစ္ေ႐ႊ႕တာေတြ၊ အလုပ္အကိုင္ ေျပာင္းေ႐ႊ႕တာေတြ၊ လုပ္ငန္းတိုးခ်ဲ႕တာေတြ လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။ဝန္ထမ္းေတြဆို ဒီကာလမွာ အေရးႀကီးတာဝန္ကို လႊဲေျပာင္းထမ္းေဆာင္ရကိန္း ရွိပါတယ္။ဒါေပမယ့္ အၿပိဳင္အဆိုင္မ်ားလို႔ ရန္မ်ားတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း တနဂၤေႏြ/ဗုဒၶဟူး သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါတယ္။လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ အက်ိဳးေပးပါတယ္။အႏုပညာ၊ ကား၊ အလွကုန္၊ ကြန္ပ်ဴတာ စတဲ့အလုပ္ေတြ အက်ိဳးေပးပါလိမ့္မယ္။ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ပညာေရးကေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား စိတ္ညစ္ရသေလာက္ ခ်စ္သူမ်ားအတြက္ကေတာ့ ေန႔တိုင္းေပ်ာ္စရာျဖစ္ေနတဲ့ အခ်ိန္ကာလပါ။က်န္းမာေရးမွာ အပူေၾကာင့္ ျဖစ္တဲ့ေရာဂါ၊ ေလေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါကို သတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္းဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီး၊ သကၤန္း၊ ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ေအာင္သေျပပန္း ကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္ ဗုဒၶဟူးနံ အသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပါၸယ္ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္လမ္းထိပ္ ထီဆိုင္တြင္ ၃/၄/၅ ဂဏန္းပါသည့္ ထီကို ရွာထိုးလိုက္ပါ။