【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါ သားသမီးတွေပါ။ယခုကာလအတွင်း မထင်မှတ်ဘဲ အလှူအတန်းတွေ၊ ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီကာလအတွင်း စပ်တူကိစ္စတွေ၊ လူမျိုးခြားတွေနဲ့ တွဲလုပ်ရတဲ့အလုပ်တွေ အကျိုးပေးမယ့် အချိန်ကာလ ရောက်နေပါတယ်။ဒါပေမယ့် သူတစ်ပါးကို အာမခံတာတွေ လောင်းကစားကိစ္စတွေ ဒါတွေကို ရှောင်မှဖြစ်ပါလိမ့်မယ်။ကျန်းမာရေးက ကောင်းနေပေမယ့် အဆစ်အမြစ် ကိုက်တတ်ပါတယ်။ပညာရေးကတော့ ကောင်းပါတယ်။လုပ်ငန်းခွင်စာမေးပွဲတွေမှာ သင့်ပညာရေးကံက ပိုကောင်းနေပါတယ်။အိမ်ထောင်ရှင်တွေ  အိမ်ထောင်ဘက်အပေါ် မာနချင်းပြိုင်တတ်ပေမယ့် နောက်ဆုံးမှာ အဆင်ပြေသွားပါလိမ့်မယ်။ချစ်သူများ စိတ်ဆိုးစိတ်ကောက် ခဏခဏဖြစ်တတ်ပါတယ်။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ်လှူကာ ဒိဝါတပတိဂါထာကို နေမထွက်ခင် ရွတ်ဖတ်ပူဇော်ပေးပါ။  

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော သံဃာတော်များကို ဆွမ်းကပ်လှူကာ လိုသည့်ဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီ၏ အင်္ဂါထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ယခုတစ်ပတ်လုံး နံနက်ပိုင်း ၉ နာရီ မတိုင်ခင် ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်၏ ပုံနှင့် ကာယကံရှင်ပုံကို ဓာတ်ဘူးအသစ်ထဲထည့်ကာ ဘုရားစင်အောက် တစ်ရက်ခန့်ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် အမှိုက်ကောက်၊ ပန်းခြောက်ရှင်း၊ ရုပ်ပွားတော်များ သန့်ရှင်းရေးလုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။ မိမိနေ့နံထောင်ရှိ ဘုရားရှင်အား ရေသက်စေ့လောင်းလှူပေးပါ။

ထီပေါက်လိုသူများ ။     ။ ထီဆိုင်တွင် ၃ အစ - ၅ အဆုံး ဂဏန်းထိုးပေးပါ။

( Zawgyi )

သင့္အတြက္ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက အဂၤါ သားသမီးေတြပါ။ယခုကာလအတြင္း မထင္မွတ္ဘဲ အလႉအတန္းေတြ၊ ဘာသာေရးအလုပ္ေတြ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီကာလအတြင္း စပ္တူကိစၥေတြ၊ လူမ်ိဳးျခားေတြနဲ႔ တြဲလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးမယ့္ အခ်ိန္ကာလ ေရာက္ေနပါတယ္။ဒါေပမယ့္ သူတစ္ပါးကို အာမခံတာေတြ ေလာင္းကစားကိစၥေတြ ဒါေတြကို ေရွာင္မွျဖစ္ပါလိမ့္မယ္။က်န္းမာေရးက ေကာင္းေနေပမယ့္ အဆစ္အျမစ္ ကိုက္တတ္ပါတယ္။ပညာေရးကေတာ့ ေကာင္းပါတယ္။လုပ္ငန္းခြင္စာေမးပြဲေတြမွာ သင့္ပညာေရးကံက ပိုေကာင္းေနပါတယ္။အိမ္ေထာင္ရွင္ေတြ  အိမ္ေထာင္ဘက္အေပၚ မာနခ်င္းၿပိဳင္တတ္ေပမယ့္ ေနာက္ဆုံးမွာ အဆင္ေျပသြားပါလိမ့္မယ္။ခ်စ္သူမ်ား စိတ္ဆိုးစိတ္ေကာက္ ခဏခဏျဖစ္တတ္ပါတယ္။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္လႉကာ ဒိဝါတပတိဂါထာကို ေနမထြက္ခင္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။  

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ သံဃာေတာ္မ်ားကို ဆြမ္းကပ္လႉကာ လိုသည့္ဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီ၏ အဂၤါေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ယခုတစ္ပတ္လုံး နံနက္ပိုင္း ၉ နာရီ မတိုင္ခင္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္၏ ပုံႏွင့္ ကာယကံရွင္ပုံကို ဓာတ္ဘူးအသစ္ထဲထည့္ကာ ဘုရားစင္ေအာက္ တစ္ရက္ခန႔္ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ အမႈိက္ေကာက္၊ ပန္းေျခာက္ရွင္း၊ ႐ုပ္ပြားေတာ္မ်ား သန႔္ရွင္းေရးလုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မိမိေန႔နံေထာင္ရွိ ဘုရားရွင္အား ေရသက္ေစ့ေလာင္းလႉေပးပါ။

ထီေပါက္လိုသူမ်ား ။     ။ ထီဆိုင္တြင္ ၃ အစ - ၅ အဆုံး ဂဏန္းထိုးေပးပါ။