【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်အတွင်း အဘက်ဘက်က အခြေအနေကောင်းတွေ ပေးနေတာကို သင်ကြုံရတတ်ပါတယ်။ဒီကာလမှာ ဘာလုပ်လုပ် သင့်ဆုံးဖြတ်ချက်က မှန်ကန်နေတဲ့အတွက် အလုပ်တွေ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် တနင်္လာ သားသမီးများက သင်နဲ့မိတ်ဖက်ဖြစ်လို့ တိုင်ပင်သင်ပါတယ်။ငွေကံကတော့ ဘာသာရေးနဲ့တွဲနေတဲ့အတွက် ဘာလုပ်လုပ် ဘုရားကိုရည်ရွယ်ပြီး အလှူဒါနနဲ့တွဲပြီး လုပ်မယ်ဆိုရင် ရည်ရွယ်သလောက် ပေါက်မြောက်တဲ့ ကာလပါ။ယခုကာလအတွင်း အိမ်မြေ စတဲ့ ယခင်ကစီစဉ်ထားတဲ့ ကိစ္စတွေ လုပ်ရတာအခက်အခဲရှိတတ်ပေမယ့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ၊ ရာသီစာ လုပ်ကိုင်သူတွေ အကျိုးပေးတဲ့အချိန်ပါ။စားသောက်ကုန်လုပ်ငန်း၊ အရက်ယမကာလုပ်ကိုင်သူတွေ သတိထားပါ။အမှုအခင်းဖြစ်တတ်ပါတယ်။ဒီကာလမှာ လုပ်ဖော်ကိုင်ဖက်တွေ သင့်အပေါ် ရန်လိုတတ်ပါတယ်။အပြောအဆို သတိထားပါ။ ပြည်တွင်း ပြည်ပ ခရီးတွေ မကြာခဏသွားရကိန်းရှိပါတယ်။စပ်တူအလုပ်တွေ ခဏရပ်ထားပါ။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးက အသင့်အတင့်ပဲ ကောင်းပါတယ်။ပညာသင်နေတဲ့သူတွေကတော့ ငယ်ရွယ်သူများ စိတ်များနေတတ်လို့ သတိထားသင့်ပါတယ်။အိမ်ထောင်ရှင်များ၊ ငယ်ရွယ်သူများကတော့ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေမို့ ဝေးနေတာ ကောင်းပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒီဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များအား ထီးဖိနပ်သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံဘုရားတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ပုတီးစိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ပုလင်းအလွတ်များ၊ ရေဘူးအပျက်များကို ရှာပြီး အိမ်ဝင်းအပြင်ရောက်အောင် လွှတ်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မနက်စောစော လိပ်၊ ငါး စသည့် ရေသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် ၂/၅ ဂဏန်း များများပါသည့် ထီကိုထိုးပါ။

( Zawgyi )

ယခုတစ္ပတ္အတြင္း အဘက္ဘက္က အေျခအေနေကာင္းေတြ ေပးေနတာကို သင္ႀကဳံရတတ္ပါတယ္။ဒီကာလမွာ ဘာလုပ္လုပ္ သင့္ဆုံးျဖတ္ခ်က္က မွန္ကန္ေနတဲ့အတြက္ အလုပ္ေတြ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ တနလၤာ သားသမီးမ်ားက သင္နဲ႔မိတ္ဖက္ျဖစ္လို႔ တိုင္ပင္သင္ပါတယ္။ေငြကံကေတာ့ ဘာသာေရးနဲ႔တြဲေနတဲ့အတြက္ ဘာလုပ္လုပ္ ဘုရားကိုရည္႐ြယ္ၿပီး အလႉဒါနနဲ႔တြဲၿပီး လုပ္မယ္ဆိုရင္ ရည္႐ြယ္သေလာက္ ေပါက္ေျမာက္တဲ့ ကာလပါ။ယခုကာလအတြင္း အိမ္ေျမ စတဲ့ ယခင္ကစီစဥ္ထားတဲ့ ကိစၥေတြ လုပ္ရတာအခက္အခဲရွိတတ္ေပမယ့္ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြ၊ ရာသီစာ လုပ္ကိုင္သူေတြ အက်ိဳးေပးတဲ့အခ်ိန္ပါ။စားေသာက္ကုန္လုပ္ငန္း၊ အရက္ယမကာလုပ္ကိုင္သူေတြ သတိထားပါ။အမႈအခင္းျဖစ္တတ္ပါတယ္။ဒီကာလမွာ လုပ္ေဖာ္ကိုင္ဖက္ေတြ သင့္အေပၚ ရန္လိုတတ္ပါတယ္။အေျပာအဆို သတိထားပါ။ ျပည္တြင္း ျပည္ပ ခရီးေတြ မၾကာခဏသြားရကိန္းရွိပါတယ္။စပ္တူအလုပ္ေတြ ခဏရပ္ထားပါ။ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ၿပီး က်န္းမာေရးက အသင့္အတင့္ပဲ ေကာင္းပါတယ္။ပညာသင္ေနတဲ့သူေတြကေတာ့ ငယ္႐ြယ္သူမ်ား စိတ္မ်ားေနတတ္လို႔ သတိထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား၊ ငယ္႐ြယ္သူမ်ားကေတာ့ ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလမို႔ ေဝးေနတာ ေကာင္းပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒီဝါတပတိဂါထာ ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားအား ထီးဖိနပ္သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံဘုရားတြင္ အဓိ႒ာန္ျဖင့္ အရဟံဂါထာကို သက္ေစ့ပုတီးစိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ပုလင္းအလြတ္မ်ား၊ ေရဘူးအပ်က္မ်ားကို ရွာၿပီး အိမ္ဝင္းအျပင္ေရာက္ေအာင္ လႊတ္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ သကၤန္းေလွ်ာ္ဖြပ္ျခင္း၊ ကုဋီမ်ားေဆးေၾကာျခင္း ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မနက္ေစာေစာ လိပ္၊ ငါး စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ခရီးသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂/၅ ဂဏန္း မ်ားမ်ားပါသည့္ ထီကိုထိုးပါ။