【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း အင်္ဂါသားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက်လူမှုရေး ၊စီး ပွားရေး၊ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ငွေဝင်ကောင်းနေသလို ငွေထွက်လည်းရှိတတ်တဲ့ ကာလဖြစ်နေပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊သစ်လုပ်ငန်းများတိုးချဲ့သင့်တဲ့ အချိန်အခါပါ။စပ်တူကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ အောင်မြင် အဆင်ပြေတဲ့ ကာလပါ ။ မထင်မှတ်ဘဲ နိုင်ငံရပ်ခြားလူမျိုးခြား အဆက်အသွယ်အကူအညီကောင်းတွေ ရတတ် သလို ဆရာကောင်း မိတ်ဆွေကောင်းတွေနဲ့လည်း ဆုံတတ်ပါတယ်။ အောက်လက်ငယ်သားနဲ့မိသားစု အတွင်း ကိုယ်အောက်က သူတွေအကြောင်းကိစ္စမှာ ဆုံးဖြတ်ပေးစရာရှိရင် ရှောင်ပါ။မရှောင်နိုင်လို့ ရှောင်လွှဲလို့မရနိုင်ပါက နှစ်ခါပြန်စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ ဒီကာလမှာ ပညာရေးကံ ကကောင်းနေပါတယ်။ ကျန်းမာရေးမှာ ဆေးစားမှား တတ်ကိန်းရှိလို့ ဆရာဝန်မညွှန်ဘဲ ကိုယ်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။ အိမ်ထောင်ရှင်များ အဆင်ပြေနေသ လောက် ငယ်ရွယ်သူများကတော့ ဘာမဟုတ်တာနဲ့ ခဏခဏ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားသို့ သွားကာ ပန်းကိုးမျိုး၊သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ခုနှစ်ရက်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ စာသင်သံဃာတော်အား လွယ်အိတ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။အင်္ဂါထောင့်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ တတ်နိုင်သလောက် အချိန်ပေးကာ မေတ္တာပို့ပါ။ဓာတ်ဗူး အသစ်ထဲနှစ်ဦးစလုံးဓာတ်ပုံထည့်ကာ တစ်ပတ်တိတိထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီသို့ သွားကာ သက်စေ့ မေတ္တာသုတ်ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ဘုရားတွင် လူမာ (သို့မဟုတ်)ကိုယ်စား ငါး/ငှက် လွှတ်ပေးကာ နံနက်စောစော ဗောဇ္ဇင်သုတ်ရွတ်ဖတ်ပေးပါ ။

ထီကံကောင်းလိုသူများ ။ ။ ကြုံရာ ထီဆိုင်တွင် ၃/၅ အပူးဂဏန်းပါအောင် ထိုးပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း အဂၤါသားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္လူမႈေရး ၊စီး ပြားေရး၊ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းရွိတတ္တဲ့ ကာလျဖစ္ေနပါတယ္။ အသီးအႏွံ၊ ေရထြက္ကုန္၊သစ္လုပ္ငန္းမ်ားတိုးခ်ဲ႕သင့္တဲ့ အခ်ိန္အခါပါ။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းကိစၥေတြ ေအာင္ျမင္ အဆင္ေျပတဲ့ ကာလပါ ။ မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခားလူမ်ိဳးျခား အဆက္အသြယ္အကူအညီေကာင္းေတြ ရတတ္ သလို ဆရာေကာင္း မိတ္ေဆြေကာင္းေတြနဲ႔လည္း ဆုံတတ္ပါတယ္။ ေအာက္လက္ငယ္သားနဲ႔မိသားစု အတြင္း ကိုယ္ေအာက္က သူေတြအေၾကာင္းကိစၥမွာ ဆုံးျဖတ္ေပးစရာရွိရင္ ေရွာင္ပါ။မေရွာင္ႏိုင္လို႔ ေရွာင္လႊဲလို႔မရႏိုင္ပါက ႏွစ္ခါျပန္စဥ္းစားဆုံးျဖတ္သင့္ပါတယ္။ ဒီကာလမွာ ပညာေရးကံ ကေကာင္းေနပါတယ္။ က်န္းမာေရးမွာ ေဆးစားမွား တတ္ကိန္းရွိလို႔ ဆရာဝန္မၫႊန္ဘဲ ကိုယ္သေဘာနဲ႔ ကိုယ္မေသာက္ပါနဲ႔။ အိမ္ေထာင္ရွင္မ်ား အဆင္ေျပေနသ ေလာက္ ငယ္႐ြယ္သူမ်ားကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏ စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားသို႔ သြားကာ ပန္းကိုးမ်ိဳး၊သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ခုႏွစ္ရက္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ စာသင္သံဃာေတာ္အား လြယ္အိတ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။အဂၤါေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ေမတၱာပို႔ပါ။ဓာတ္ဗူး အသစ္ထဲႏွစ္ဦးစလုံးဓာတ္ပုံထည့္ကာ တစ္ပတ္တိတိထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီသို႔ သြားကာ သက္ေစ့ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ဘုရားတြင္ လူမာ (သို႔မဟုတ္)ကိုယ္စား ငါး/ငွက္ လႊတ္ေပးကာ နံနက္ေစာေစာ ေဗာဇၨင္သုတ္႐ြတ္ဖတ္ေပးပါ ။

ထီကံေကာင္းလိုသူမ်ား ။ ။ ႀကဳံရာ ထီဆိုင္တြင္ ၃/၅ အပူးဂဏန္းပါေအာင္ ထိုးပါ။