【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း အလုပ်ကို စိတ်မဝင်စားတတ်တာ၊ လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ ရှိနေတတ်ပါတယ်။အလုပ်များလို့ စိတ်ကော လူပါ တအားပင်ပန်းနေတဲ့အခါ ဖြစ်နေတတ်လို့ စိတ်အလိုအတိုင်း မဆုံးဖြတ်ဖို့လိုပါတယ်။လုပ်ချင်တဲ့ကိစ္စတွေကို အားလုံးနဲ့ တိုင်တိုင်ပင်ပင် အဖြေရှာပြီး လုပ်ဆောင်သွားခြင်းဖြင့် အဆင်ပြေပါလိမ့်မယ်။ဒါပေမယ့် အဆိုးထဲက အကောင်းဆိုသလို သင့်ဆီကို နိုင်ငံခြားအဆက်အသွယ် အခွင့်အရေးကောင်းတွေ ရောက်လာတတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေမှာ တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်တဲ့ကာလပါ။ဒီကာလအတွင်း ပရဟိတအလုပ်တွေ လုပ်ရကိန်းရှိသလို လူကြီးသူမတွေရဲ့ ဆောင်မကြည့်ရှုမယ့်ကိန်းရှိပါတယ်။ငွေကြေးနဲ့ပတ်သက်သော ကိစ္စအ၀၀ကို သတိနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။အိမ်ခြံမြေလုပ်ငန်းတွေ၊ အရောင်းအဝယ်အလုပ်တွေ သတိထားသင့်သလို ရွှေတူးဖော်ခြင်း၊ ရတနာတူးဖော်ခြင်းများ ရှောင်ရှားရမယ့် အချိန်ကာလပါ။ပညာရေးကိစ္စတွေ ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်သလို ကြိုးစားမှတော်ကာကြမယ့် ကာလပါ။ကျန်းမာရေးကတော့ အထူးဂရုစိုက်ပါ။ခြေထောက်၊ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်သင့်တဲ့ ကာလပါ။

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား သစ်သီးဆွမ်း ဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါ။

 

ပြည်ပထွက်ခွာလိုသူများ ။ ။ ထီး၊ သင်္ကန်း၊ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။ 

 

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ လိုရာဆုတောင်းပါ။ 

 

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန် ဗုဒ္ဓဟူးနံအသုံးအဆောင်များကို ဆောင်သွားပါ။ 

 

လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပူဇော်ပါ။

 

ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။

 

ထီကံကောင်းလိုသူများ ။ ။ သင့်လမ်းထိပ် ထီဆိုင်တွင် ၂/၃/၉ ဂဏန်းပါသည့် ထီကိုရှာထိုးလိုက်ပါ။

 

( Zawgyi )

 

ယခုရက္ပိုင္းအတြင္း အလုပ္ကို စိတ္မဝင္စားတတ္တာ၊ လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ ရွိေနတတ္ပါတယ္။အလုပ္မ်ားလို႔ စိတ္ေကာ လူပါ တအားပင္ပန္းေနတဲ့အခါ ျဖစ္ေနတတ္လို႔ စိတ္အလိုအတိုင္း မဆုံးျဖတ္ဖို႔လိုပါတယ္။လုပ္ခ်င္တဲ့ကိစၥေတြကို အားလုံးနဲ႔ တိုင္တိုင္ပင္ပင္ အေျဖရွာၿပီး လုပ္ေဆာင္သြားျခင္းျဖင့္ အဆင္ေျပပါလိမ့္မယ္။ဒါေပမယ့္ အဆိုးထဲက အေကာင္းဆိုသလို သင့္ဆီကို ႏိုင္ငံျခားအဆက္အသြယ္ အခြင့္အေရးေကာင္းေတြ ေရာက္လာတတ္ပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေတြမွာ တနဂၤေႏြ၊ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္တဲ့ကာလပါ။ဒီကာလအတြင္း ပရဟိတအလုပ္ေတြ လုပ္ရကိန္းရွိသလို လူႀကီးသူမေတြရဲ႕ ေဆာင္မၾကည့္ရႈမယ့္ကိန္းရွိပါတယ္။ေငြေၾကးနဲ႔ပတ္သက္ေသာ ကိစၥအ၀၀ကို သတိနဲ႔ယွဥ္ၿပီးလုပ္ကိုင္ေဆာင္႐ြက္ေစခ်င္ပါတယ္။ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။အိမ္ၿခံေျမလုပ္ငန္းေတြ၊ အေရာင္းအဝယ္အလုပ္ေတြ သတိထားသင့္သလို ေ႐ႊတူးေဖာ္ျခင္း၊ ရတနာတူးေဖာ္ျခင္းမ်ား ေရွာင္ရွားရမယ့္ အခ်ိန္ကာလပါ။ပညာေရးကိစၥေတြ ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္သလို ႀကိဳးစားမွေတာ္ကာၾကမယ့္ ကာလပါ။က်န္းမာေရးကေတာ့ အထူးဂ႐ုစိုက္ပါ။ေျခေထာက္၊ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္သင့္တဲ့ ကာလပါ။

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား သစ္သီးဆြမ္း ဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာသုတ္႐ြတ္ဖတ္ပူေဇာ္ပါ။

 

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ထီး၊ သကၤန္း၊ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။ 

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ေအာင္သေျပပန္းကပ္လႉကာ လိုရာဆုေတာင္းပါ။ 

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္ ဗုဒၶဟူးနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။ 

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ပူေဇာ္ပါ။

 

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။

 

ထီကံေကာင္းလိုသူမ်ား ။ ။ သင့္လမ္းထိပ္ ထီဆိုင္တြင္ ၂/၃/၉ ဂဏန္းပါသည့္ ထီကိုရွာထိုးလိုက္ပါ။