【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ဆုံရတတ်သလို ပေးပြီးကတည်းက အဆုံးလို့ထင်ထားတဲ့ ငွေကြေးနဲ့ အခွင့်အရေးတွေ၊ အချစ်ရေးတွေ ပြန်ရတတ်တဲ့ကာလပါ။အဟောင်းတွေ ပြန်ရတတ်တဲ့အထဲမှာ ရောဂါဟောင်းတွေ ပြဿနာဟောင်းတွေလည်း ပါတတ်ပါတယ်။သတိထားနေထိုင်ရမယ့်ကာလပါ။လူမှုရေး၊ စီးပွားရေး၊ ပညာရေး ‌အောင်မြင်လိုတဲ့ကိစ္စတွေမှာ ယခုတစ်ပတ် ဗုဒ္ဓဟူး သားသမီးများနှင့်သာ တိုင်ပင်‌ဆောင်ရွက်သင့်ပါတယ်။‌ငွေကံကောင်းနေပေမယ့် ခရီးသွားဖို့ စီစဉ်ထားသူတွေ မရေမရာဖြစ်တတ်တဲ့အချိန်ပါ။အထူးသဖြင့် အိမ်ခြံမြေလုပ်ကိုင်သူတွေ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမယ့်ကာလပါ။စပ်တူကိစ္စတွေ စာချုပ်ချုပ်ရမယ့်ကိစ္စတွေတော့ သတိထားပါ။မိသားစုနဲ့ လုပ်ငန်းခွင်အတွင်း ကိုယ့်‌အောက်ကလူတွေ လက်‌အောက်ငယ်သားကိစ္စတွေ ဖြေရှင်းရတဲ့အခါ ဆန္ဒမစောသင့်ပါဘူး။ကျန်းမာရေးကောင်းပေမယ့် လေထိုး လေအောင့် စတဲ့ လေရောဂါတွေ၊ ဒူးနာခါးနာ စတဲ့‌ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူတွေတဲ့ ပညာရည်မှန်းချက် ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ၊ ချစ်သူတွေကတော့ အဆင်မပြေမှုတွေ ဖြစ်တတ်ပေမယ့် ပြန်ပြေလည်ကာ ပိုချစ်သွားပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားစေတီများတွင် အောင်ပွဲ ၃ ပွဲထိုး၍ အခက်အခဲများ ပြေပါစေဟု စိတ်ရည်သန်၍ အဓိဋ္ဌာန်ပြုပါ။
 
ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားလိုသော အရပ်မျက်နှာထောင့်ရှိ ဘုန်းကြီးကျောင်းသို့သွားကာ နေရာထိုင်ခင်းလှူဒါန်းပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများရှိ ကိုယ့်‌နေ့နံထောင်တွင် ကိုယ်လိုချင်သည့်အလုပ်ကို အာရုံပြုကာ မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ရှိ ဘုရားစင်တွင် အိမ်ထောင်ဘက် (သို့မဟုတ်) ချစ်သူနှစ်ဦး၏ ‌နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။     ။ လမ်းထဲတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများကို ဖယ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။
 
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ပန်းခြောက်များရှင်းလင်းပေးခြင်း၊ ‌ညောင်ထောက်ပေး ခြင်းများ ပြုလုပ်ပေးပါ။သိမ်ဝင်ပုတီးကို ညတိုင်း ကိုယ်နှင့်မကွာဆောင်ထားပါ။
 
ထီကံကောင်းလိုသူများ ။     ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက်လာသည့် ထီလှည်းဆိုင်မှ ၄/၅ /၉ ဂဏန်းများများ ထီလက်မှတ်ကို ရှာထိုးပေးပါ။
 
( Zawgyi )
 
ယခုရက္ပိုင္းအတြင္း မိတ္ေဟာင္းေဆြေဟာင္းေတြ ျပန္ဆုံရတတ္သလို ေပးၿပီးကတည္းက အဆုံးလို႔ထင္ထားတဲ့ ေငြေၾကးနဲ႔ အခြင့္အေရးေတြ၊ အခ်စ္ေရးေတြ ျပန္ရတတ္တဲ့ကာလပါ။အေဟာင္းေတြ ျပန္ရတတ္တဲ့အထဲမွာ ေရာဂါေဟာင္းေတြ ျပႆနာေဟာင္းေတြလည္း ပါတတ္ပါတယ္။သတိထားေနထိုင္ရမယ့္ကာလပါ။လူမႈေရး၊ စီးပြားေရး၊ ပညာေရး ‌ေအာင္ျမင္လိုတဲ့ကိစၥေတြမွာ ယခုတစ္ပတ္ ဗုဒၶဟူး သားသမီးမ်ားႏွင့္သာ တိုင္ပင္‌ေဆာင္႐ြက္သင့္ပါတယ္။‌ေငြကံေကာင္းေနေပမယ့္ ခရီးသြားဖို႔ စီစဥ္ထားသူေတြ မေရမရာျဖစ္တတ္တဲ့အခ်ိန္ပါ။အထူးသျဖင့္ အိမ္ၿခံေျမလုပ္ကိုင္သူေတြ၊ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြ လုပ္ငန္းေကာင္းမယ့္ကာလပါ။စပ္တူကိစၥေတြ စာခ်ဳပ္ခ်ဳပ္ရမယ့္ကိစၥေတြေတာ့ သတိထားပါ။မိသားစုနဲ႔ လုပ္ငန္းခြင္အတြင္း ကိုယ့္‌ေအာက္ကလူေတြ လက္‌ေအာက္ငယ္သားကိစၥေတြ ေျဖရွင္းရတဲ့အခါ ဆႏၵမေစာသင့္ပါဘူး။က်န္းမာေရးေကာင္းေပမယ့္ ေလထိုး ေလေအာင့္ စတဲ့ ေလေရာဂါေတြ၊ ဒူးနာခါးနာ စတဲ့‌ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူေတြတဲ့ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူေတြကေတာ့ အဆင္မေျပမႈေတြ ျဖစ္တတ္ေပမယ့္ ျပန္ေျပလည္ကာ ပိုခ်စ္သြားပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားေစတီမ်ားတြင္ ေအာင္ပြဲ ၃ ပြဲထိုး၍ အခက္အခဲမ်ား ေျပပါေစဟု စိတ္ရည္သန္၍ အဓိ႒ာန္ျပဳပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားလိုေသာ အရပ္မ်က္ႏွာေထာင့္ရွိ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ေနရာထိုင္ခင္းလႉဒါန္းေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ားရွိ ကိုယ့္‌ေန႔နံေထာင္တြင္ ကိုယ္လိုခ်င္သည့္အလုပ္ကို အာ႐ုံျပဳကာ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ရွိ ဘုရားစင္တြင္ အိမ္ေထာင္ဘက္ (သို႔မဟုတ္) ခ်စ္သူႏွစ္ဦး၏ ‌ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ားကို ဖယ္ေပးျခင္းက အေကာင္းဆုံးျဖစ္သည္။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ပန္းေျခာက္မ်ားရွင္းလင္းေပးျခင္း၊ ‌ေညာင္ေထာက္ေပး ျခင္းမ်ား ျပဳလုပ္ေပးပါ။သိမ္ဝင္ပုတီးကို ညတိုင္း ကိုယ္ႏွင့္မကြာေဆာင္ထားပါ။
 
ထီကံေကာင္းလိုသူမ်ား ။     ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းဆိုင္မွ ၄/၅ /၉ ဂဏန္းမ်ားမ်ား ထီလက္မွတ္ကို ရွာထိုးေပးပါ။