【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်ပိုင်း အလုပ်ထဲမှာ အထစ်အငေါ့တွေရှိပေမယ့် သူ့ဘာသာပြေလည်သွားပါ လိမ့်မယ်။အပြိုင်အဆိုင်တွေရှိပေမယ့် အဆင်ပြေသွားမယ့်အချိန်ပါ။နေရာဟောင်းတွေ၊ အလုပ်ဟောင်းက လူတွေနဲ့ ပြန်ပတ်သက်ရတတ်ပါတယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးသွားခိုင်းရင် သွားဖြစ်အောင်သွားပါ။အလုပ်အကိုင်အတွက် အကျိုးပေးပါလိမ့်မယ်။
အလုပ်ထဲမှာ အထင်လွဲခံရတာတွေ၊ စိတ်ညစ်စရာတွေရှိတတ်ပြီး  ခေါင်းအေးအေးနဲ့ဖြေရှင်းရမယ့် အချိန်အခါပါ။ဒီအချိန်က မိဘဆရာသမားတို့ထံမှ အကူအညီကောင်း အကြံဉာဏ်ကောင်းရတတ်တဲ့ အချိန်ကာလပါ။ယခုတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက်အကောင်းဆုံးပါဘဲ။ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတွေ မထင်မှတ်ဘဲ အပြိုင်အဆိုင်တွေဖြစ်လာပြီးမှ အောင်မြင်မှု သင်ရလာပါလိမ့်မယ်။ကျန်းမာရေးကတော့ ဗိုက်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။အထူးသဖြင့် မတည့်တဲ့အစာတွေကြောင့် အစာမှားတတ်ပါတယ်။ပညာရေးကတော့ သိပ်အကောင်းချည်းမဟုတ်ဘဲ အထစ်အငေါ့ရှိပါတယ်။အိမ်ထောင်ရှင် ချစ်သူတွေအတွက် ဘေးစကားယုံတတ်တဲ့အကျင့်ကိုဖျောက်ပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ခုနှစ်ရက်တိတိ သကြားယာဂုဆွမ်းဖြင့် အာရုံဆွမ်းကပ်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားမည့် နိုင်ငံ၏ နေ့သင့်နံသင့်ပန်းကို ဘုရားရှင်အား ကပ်လှူပူဇော်ပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အလုပ်နာမည်ကို စာရွက်သန့်သန့်ဖြင့်ရေးကာ အိပ်ကပ်ထဲထည့်ထားပြီး ညဘက်ခေါင်းအုံးအောက် ထားအိပ်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ စနေနံပစ္စည်းအဟောင်းများက သင့်ကိုအခက်အခဲဖြစ်စေတဲ့အတွက် ရှာကြံကာ အိမ်ပရဝဏ်အပြင်ရောက်အောင် လွှင့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ သမ္ဗုဒ္ဓေဂါထာက သင့်ကို အကာကွယ်ပေးပါလိမ့်မယ်။သင် သတိရတိုင်း ရွတ်ဆိုပေးပါ။  
ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများကို ယခုရက်သတ္တပတ်ကာလအတွင်း ကြုံတိုင်း အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်မှာ ၅/၆ စသည့် ဂဏန်းများများပါသည့် ထီကိုထိုးပါ။
( Zawgyi )