【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အောင်မြင်လိုသောကိစ္စအဝဝအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ယခုရက်ပိုင်း လုပ်ငန်းသစ် စတာတွေ၊ အလုပ်အကိုင်ပြောင်းတာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါကောင်းပါ။ငွေဝင်ကောင်းသလို ငွေထွက်လည်းများနေလို့ အဖတ်မတင်ဖြစ်တတ်တဲ့ အချိန်အခါပါ။ဆုံးရှုံးပြီလို့ထင်တဲ့ ပစ္စည်းတွေ၊ ငွေကြေးတွေ ပြန်ဝင်တတ်သလို ရှိနေတဲ့အခက်အခဲတွေ ပြေလည်မယ့် အချိန်ကာလပါဘဲ။ပြည်တွင်းပြည်ပခရီးတွေ သွားရတတ်သလို စီစဉ်ထားရင်လည်း အဆင်ပြေသွားတတ်ပါတယ်။ဒီကာလမှာ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဗုဒ္ဓဟူးနံဖြစ်တဲ့ ရွှေ၊ ရေ စတဲ့ လုပ်ငန်းလုပ်ကိုင်သူ စီပွားရေးလုပ်ငန်းတွေ အလုပ်ပြန်ဖြစ်မယ့်ကာလ ဖြစ်ပါတယ်။ဒါပေမယ့် လူမျိုးခြားနဲ့စပ်တူလုပ်ရမယ့် အလုပ်တွေ၊ အစုရှယ်ယာအလုပ်တွေကို ခဏရှောင်ပါဦး။ကျန်းမာရေးကတော့ ညံ့တတ်လို့ သွားတာလာတာကအစ သတိထားသင့်ပါတယ်။ပညာရေးကတော့ မထင်မှတ်ဘဲ လိုချင်နေတဲ့ ပညာသင်ရတဲ့အခွင့်အလမ်းရှိနေပါတယ်။အိမ်ထောင်ရှင်များ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်း ပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့်မယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်လုံး နံနက်စောစောထ၍ ဘုရားရှင်အား သောက်တော်ရေချမ်းကပ်လှူကာ ရှင်သီဝလိဂါထာကို ၉ ခေါက်တိတိကို ရွတ်ဆိုအာရုံပြုပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ သွားလိုသော အရပ်ထောင့်ရှိ သက်ကြီးရွယ်အိုများ၊ ဂုဏ်အားဖြင့် ကြီးမြတ်သူများကို နေရာထိုင်ခင်းတစ်ခုခု လှူဒါန်းပါ။ 
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ မိမိလျှောက်ထားသည့် အလုပ်နာမည်ကို ခေါင်းအုံးအောက်ထားအိပ်ကာ မေတ္တာပို့ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ရှိဘုရားစင်တွင် နှစ်ဦး၏ နေ့သင့်နံသင့် ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီသို့သွားကာ ရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များ၊ အမှိုက်များကောက်ကာ ရှင်းလင်းပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုန်းကြီးကျောင်းတွင် ကုဋီကို ရေလောင်းဆေးကြောရင်း မေတ္တာပို့ပါ။ 
 
ထီကံကောင်းလိုသူများ ။ ။ ဗုဒ္ဓဟူးနေ့နံ ထီဆိုင်တွင် ၇/၉ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး စတဲ့ ေအာင္ျမင္လိုေသာကိစၥအဝဝအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ယခုရက္ပိုင္း လုပ္ငန္းသစ္ စတာေတြ၊ အလုပ္အကိုင္ေျပာင္းတာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါေကာင္းပါ။ေငြဝင္ေကာင္းသလို ေငြထြက္လည္းမ်ားေနလို႔ အဖတ္မတင္ျဖစ္တတ္တဲ့ အခ်ိန္အခါပါ။ဆုံးရႈံးၿပီလို႔ထင္တဲ့ ပစၥည္းေတြ၊ ေငြေၾကးေတြ ျပန္ဝင္တတ္သလို ရွိေနတဲ့အခက္အခဲေတြ ေျပလည္မယ့္ အခ်ိန္ကာလပါဘဲ။ျပည္တြင္းျပည္ပခရီးေတြ သြားရတတ္သလို စီစဥ္ထားရင္လည္း အဆင္ေျပသြားတတ္ပါတယ္။ဒီကာလမွာ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြနဲ႔ ဗုဒၶဟူးနံျဖစ္တဲ့ ေ႐ႊ၊ ေရ စတဲ့ လုပ္ငန္းလုပ္ကိုင္သူ စီပြားေရးလုပ္ငန္းေတြ အလုပ္ျပန္ျဖစ္မယ့္ကာလ ျဖစ္ပါတယ္။ဒါေပမယ့္ လူမ်ိဳးျခားနဲ႔စပ္တူလုပ္ရမယ့္ အလုပ္ေတြ၊ အစုရွယ္ယာအလုပ္ေတြကို ခဏေရွာင္ပါဦး။က်န္းမာေရးကေတာ့ ညံ့တတ္လို႔ သြားတာလာတာကအစ သတိထားသင့္ပါတယ္။ပညာေရးကေတာ့ မထင္မွတ္ဘဲ လိုခ်င္ေနတဲ့ ပညာသင္ရတဲ့အခြင့္အလမ္းရွိေနပါတယ္။အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္း ပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထ၍ ဘုရားရွင္အား ေသာက္ေတာ္ေရခ်မ္းကပ္လႉကာ ရွင္သီဝလိဂါထာကို ၉ ေခါက္တိတိကို ႐ြတ္ဆိုအာ႐ုံျပဳေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သြားလိုေသာ အရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုမ်ား၊ ဂုဏ္အားျဖင့္ ႀကီးျမတ္သူမ်ားကို ေနရာထိုင္ခင္းတစ္ခုခု လႉဒါန္းပါ။ 
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ မိမိေလွ်ာက္ထားသည့္ အလုပ္နာမည္ကို ေခါင္းအုံးေအာက္ထားအိပ္ကာ ေမတၱာပို႔ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ရွိဘုရားစင္တြင္ ႏွစ္ဦး၏ ေန႔သင့္နံသင့္ ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီသို႔သြားကာ ရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ား၊ အမႈိက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုန္းႀကီးေက်ာင္းတြင္ ကုဋီကို ေရေလာင္းေဆးေၾကာရင္း ေမတၱာပို႔ပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။ ။ ဗုဒၶဟူးေန႔နံ ထီဆိုင္တြင္ ၇/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။