【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် စနေ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။ရပ်ဝေးခရီးတွေ ပြည်ပခရီးတွေ သွားရတတ်တဲ့ ကာလဖြစ်နေသလို ခင်မင်ခဲ့ဖူးသူတွေဆီက မမျှော်လင့်ဘဲ အကူအညီရတတ်ပါတယ်။အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ကံတရားက အကျိုးပေးတဲ့ဘက် ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာ ကောင်းပါတယ်။အိမ်ခြံမြေနဲ့ စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေ စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။ဒီကာလမှာ သင့်အောင်မြင်မှုတွေ ကံပွင့်မှုတွေကြောင့် အရင်းအခြာတွေက သင့်ကို တစ်မျိုးမြင်တတ်ပါတယ်။ကျန်းမာရေးကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲရှိပါတယ်။ပညာရေးကတော့ တစ်ပြိုင်နက် ဘာမှမစီစဉ်ပါနဲ့။
တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။အိမ်ထောင်ရှင်များ အကျီစားသန်လို့ စကားများတတ်ပေမယ့် ချစ်သူတွေအတွက် သတင်းကောင်းတွေနဲ့ ပျော်ရွှင်စရာအချိန်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား နှမ်းဖြင့်ပြုလုပ်သော မုန့်ကပ်လှူကာ ရှင်သီဝလီ ဂါထာကို သတိရတိုင်း ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား နံနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ စနေနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်နှင့် အိပ်ခန်းအတွင်း အလှပြင်ပစ္စည်းအစုတ်များ၊ အင်္ဂါနံ ပစ္စည်းအဟောင်းများ ရှိနေပါက နေအိမ်ပြင်ပသို့ သွားရောက်လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်တွင်း ဘုရားစင်ရှိ ပန်းအိုးမှ ပန်းခြောက်များရှိပါက သန့်ရှင်းပေးပါလေ။ဘုရားပန်း မညှိုးပါစေနှင့်။

ကျန်းမာရေးမကောင်းသူများ ။     ။ မိမိနေ့နံထောင့်အရပ်ရှိ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနေနံဖြင့် စသည့် ထီဆိုင်တွင် ၅/၇/၉ ဂဏန်းများပါသည့် ထီကို ထိုးပါ။

( Zawgyi )

ဒီကာလမွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ စေန သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။ရပ္ေဝးခရီးေတြ ျပည္ပခရီးေတြ သြားရတတ္တဲ့ ကာလျဖစ္ေနသလို ခင္မင္ခဲ့ဖူးသူေတြဆီက မေမွ်ာ္လင့္ဘဲ အကူအညီရတတ္ပါတယ္။အဖက္ဖက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ကံတရားက အက်ိဳးေပးတဲ့ဘက္ ေရာက္ေနတဲ့အတြက္ လုပ္ငန္းသစ္၊ ေနရာသစ္ စတာေတြ အစျပဳလုပ္တာ ေကာင္းပါတယ္။အိမ္ၿခံေျမနဲ႔ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ အလုပ္ေတြ စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။ဒီကာလမွာ သင့္ေအာင္ျမင္မႈေတြ ကံပြင့္မႈေတြေၾကာင့္ အရင္းအျခာေတြက သင့္ကို တစ္မ်ိဳးျမင္တတ္ပါတယ္။က်န္းမာေရးကေတာ့ အစားအေသာက္ေၾကာင့္ ျဖစ္တတ္တာပဲရွိပါတယ္။ပညာေရးကေတာ့ တစ္ၿပိဳင္နက္ ဘာမွမစီစဥ္ပါနဲ႔။
တစ္ခုၿပီးမွ တစ္ခုသာ လုပ္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား အက်ီစားသန္လို႔ စကားမ်ားတတ္ေပမယ့္ ခ်စ္သူေတြအတြက္ သတင္းေကာင္းေတြနဲ႔ ေပ်ာ္႐ႊင္စရာအခ်ိန္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ႏွမ္းျဖင့္ျပဳလုပ္ေသာ မုန႔္ကပ္လႉကာ ရွင္သီဝလီ ဂါထာကို သတိရတိုင္း ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္ အရပ္မွ ေခြးမ်ားအား နံနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ စေနနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေနအိမ္ႏွင့္ အိပ္ခန္းအတြင္း အလွျပင္ပစၥည္းအစုတ္မ်ား၊ အဂၤါနံ ပစၥည္းအေဟာင္းမ်ား ရွိေနပါက ေနအိမ္ျပင္ပသို႔ သြားေရာက္လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အိမ္တြင္း ဘုရားစင္ရွိ ပန္းအိုးမွ ပန္းေျခာက္မ်ားရွိပါက သန႔္ရွင္းေပးပါေလ။ဘုရားပန္း မညႇိဳးပါေစႏွင့္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မိမိေန႔နံေထာင့္အရပ္ရွိ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတးေနနံျဖင့္ စသည့္ ထီဆိုင္တြင္ ၅/၇/၉ ဂဏန္းမ်ားပါသည့္ ထီကို ထိုးပါ။