【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေဝင်ကောင်းနေသလို လာဘ်လာဘပေါများတဲ့ အချိန်အခါပါ။ယခင်အလုပ်ဟောင်း နေရာဟောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံကိန်းရှိသလို ဆုံးရှုံးသွားပြီထင်တဲ့ အခွင့်အရေးနဲ့ ငွေကြေး၊ ပစ္စည်းတွေ ပြန်ရတတ်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။စီးပွားရေးကံကောင်းနေသလို လုပ်ငန်းသစ်တွေ၊ အလုပ်အကိုင်တွေ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။မိသားစုအတွင်းမှာလည်း သားသမီးမောင်နှမများရဲ့ ကောင်းစကားပဲ ကြားရတတ်ပါတယ်။သင့်ကံဇာတာ ပွင့်လန်းတာကြောင့် အတိုက်အခိုက်တွေ ပေါများနေသလို လူရင်းတွေက နှောင့်ယှက်တာတွေကို ခံရကိန်းရှိပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး ကြိုးစားမှုကြောင့် သင်လိုရာခရီးရောက်ပါလိ်မ့်မယ်။သမီးရည်းစားများကတော့ ချစ်သူဆီက လက်ဆောင်ကောင်းရပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအတွက် ပျော်ရတဲ့ကာလဖြစ်ပြီး ကျန်းမာရေးကတော့ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောမကောင်းတာတွေ၊ အဆာလွန်မှုကြောင့်ဖြစ်တဲ့ အစာအိမ်ရောဂါဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ယာဂုဆွမ်းကပ်လှူကာ ရှင်သီဝလိဂါထာဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို နိုင်သလောက် အာရုဏ်ဆွမ်းကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ စနေနံဖြင့်စသော အမည်ပါ စေတီ၊ ဘုရားများတွင် နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိအိမ်ထောင်ဘက်အား ရည်စူးကာ နံနက်စောစော ဘုရားအား ကောက်ညှင်းပြန်ပေါင်း ကပ်လှူပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ သတိရတိုင်း မေတ္တာသုတ်ကို ရွတ်ဆိုပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လူသွားလူလာများသည့် လမ်း၊ ချောင်းများတွင် တံတားထိုးပါ။စေတီပုထိုးများတွင် ညောင်ထောက်ကုသိုလ်ပြုပါ။

ထီကံကောင်းလိုသူများ ။     ။ သီချင်းဖွင့်ရောင်းသည့် ထီဆိုင်မှ ၇ အပူး ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြဝင္ေကာင္းေနသလို လာဘ္လာဘေပါမ်ားတဲ့ အခ်ိန္အခါပါ။ယခင္အလုပ္ေဟာင္း ေနရာေဟာင္းက သူငယ္ခ်င္းေတြနဲ႔ ျပန္ဆုံကိန္းရွိသလို ဆုံးရႈံးသြားၿပီထင္တဲ့ အခြင့္အေရးနဲ႔ ေငြေၾကး၊ ပစၥည္းေတြ ျပန္ရတတ္တဲ့ အခ်ိန္အခါလည္း ျဖစ္ပါတယ္။စီးပြားေရးကံေကာင္းေနသလို လုပ္ငန္းသစ္ေတြ၊ အလုပ္အကိုင္ေတြ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။မိသားစုအတြင္းမွာလည္း သားသမီးေမာင္ႏွမမ်ားရဲ႕ ေကာင္းစကားပဲ ၾကားရတတ္ပါတယ္။သင့္ကံဇာတာ ပြင့္လန္းတာေၾကာင့္ အတိုက္အခိုက္ေတြ ေပါမ်ားေနသလို လူရင္းေတြက ေႏွာင့္ယွက္တာေတြကို ခံရကိန္းရွိပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး ႀကိဳးစားမႈေၾကာင့္ သင္လိုရာခရီးေရာက္ပါလိ္မ့္မယ္။သမီးရည္းစားမ်ားကေတာ့ ခ်စ္သူဆီက လက္ေဆာင္ေကာင္းရပါလိမ့္မယ္။အိမ္ေထာင္ရွင္ေတြအတြက္ ေပ်ာ္ရတဲ့ကာလျဖစ္ၿပီး က်န္းမာေရးကေတာ့ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာမေကာင္းတာေတြ၊ အဆာလြန္မႈေၾကာင့္ျဖစ္တဲ့ အစာအိမ္ေရာဂါျဖစ္တာေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ယာဂုဆြမ္းကပ္လႉကာ ရွင္သီဝလိဂါထာျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားကို ႏိုင္သေလာက္ အာ႐ုဏ္ဆြမ္းကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ စေနနံျဖင့္စေသာ အမည္ပါ ေစတီ၊ ဘုရားမ်ားတြင္ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိအိမ္ေထာင္ဘက္အား ရည္စူးကာ နံနက္ေစာေစာ ဘုရားအား ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သတိရတိုင္း ေမတၱာသုတ္ကို ႐ြတ္ဆိုပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လူသြားလူလာမ်ားသည့္ လမ္း၊ ေခ်ာင္းမ်ားတြင္ တံတားထိုးပါ။ေစတီပုထိုးမ်ားတြင္ ေညာင္ေထာက္ကုသိုလ္ျပဳပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သီခ်င္းဖြင့္ေရာင္းသည့္ ထီဆိုင္မွ ၇ အပူး ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။