【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် သင့်မှာ လူမှုရေး ၊စီးပွားရေး၊ ပညာရေးစတဲ့ အောင်မြင်လိုသောကိစ္စများအတွက်တိုင်ပင် ဆွေးနွေးချင်တယ်ဆိုရင် တနင်္ဂနွေသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါဘဲ။ ဒီရက်ပိုင်း အတွင်း ငွေအထုပ်အထည်နဲ့ ဝင်လာတတ်သလို အထုပ်အထည်နဲ့ ထွက်တဲ့ အချိန်အခါဖြစ်လို့ ငွေဝင်လာရင် အလှူဒါနလုပ်ပေးတာ၊ လှူတာတန်းတာတွေ လုပ်ပေးသင့်ပါတယ်။ ထီ၊အမွေ စတာတွေ မျှော်လင့်လို့ရပါတယ်။ စက်ပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းအသစ်တွေ ဝင်လာတတ်သလို ရှိပြီးသားအသုံးအဆောင်တွေ ပျက်တတ်ပါတယ်။ အလုပ်အကိုင်လည်းအောင်မြင်မှု ရရှိတတ်တဲ့အခါပါ။ ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါ တယ်။ လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ အကျိုးပေးပါတယ်။ လုပ်ငန်းသစ်အတွက် လမ်းစသစ်၊ အ ခွင့်အရေးသစ်များပေါ်ပေါက်လာတတ်ပါသည်။ဝန်ထမ်းများ ပင်ပန်းသလောက် အကျိုးခံစားရမယ့် အချိန်ကာ လပါ။ ပညာရေးကိစ္စမှာအတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ မိသားစုအတွင်းနား လည်မှုလွဲတတ်တာတွေ စိတ်ရှုပ်စရာတွေ ရှိနေတတ်ပါတယ်။ ကျန်းမာရေးကတော့ နှလုံးနှင့်ပတ်သက်တဲ့ ရော ဂါဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အိမ်ထောင်ဖက်ကနားလည်မှုလွဲတတ်သလို ငယ်ရွယ်သူတွေ အဆင်မပြေတတ်လို့ အရဲမကိုးသင့်ပါဘူး။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အားယခုရက်သတ္တပတ်ခုနှစ်ရက်လုံး အောင်သပြေပန်း ကို ကိုမညှိုးအောင် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ကိုယ်သွားမည့် နိုင်ငံ၏ နေနံပန်းကိုဘုရားတွင် ပန်းထိုးကာ ယုံယုံကြည်ကြည်ဖြင့် လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။အိမ်ထောင်ရှင်နှစ်ဦး၏ နေနံကိုက်သည့် ပန်းကို ပန်းအိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံးဘုရားရှင်အား ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ ရွှေရောင်ပစ္စည်းများ ယခု တစ်ပတ်မဝတ်ပါနှင့်။ တခြား သူအိမ်သို့ ယူလာပါကလည်း လက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။ ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ်ရွက်ဆိုကာ သန့်ရှင်းရေး လုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ကိုယ်အောက်ပိုင်းမသန်သည့် သက်ကြီးရွယ်အိုတွေ့ပါက ဆေးဝါး လှူဒါန်း ပေးပါ။

ထီကံကောင်းလိုသူများ။ ။ အိမ်နှင့်အနီးဆုံးထီဆိုင်တွင် ၁/၇ ဂဏန်းပါသောထီလက်မှတ်ကိုရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ သင့္မွာ လူမႈေရး ၊စီးပြားေရး၊ ပညာေရးစတဲ့ ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္တိုင္ပင္ ေဆြးေႏြးခ်င္တယ္ဆိုရင္ တနဂၤေႏြသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါဘဲ။ ဒီရက္ပိုင္း အတြင္း ေငြအထုပ္အထည္နဲ႔ ဝင္လာတတ္သလို အထုပ္အထည္နဲ႔ ထြက္တဲ့ အခ်ိန္အခါျဖစ္လို႔ ေငြဝင္လာရင္ အလႉဒါနလုပ္ေပးတာ၊ လႉတာတန္းတာေတြ လုပ္ေပးသင့္ပါတယ္။ ထီ၊အေမြ စတာေတြ ေမွ်ာ္လင့္လို႔ရပါတယ္။ စက္ပစၥည္းေတြ၊ ဇိမ္ခံပစၥည္းအသစ္ေတြ ဝင္လာတတ္သလို ရွိၿပီးသားအသုံးအေဆာင္ေတြ ပ်က္တတ္ပါတယ္။ အလုပ္အကိုင္လည္းေအာင္ျမင္မႈ ရရွိတတ္တဲ့အခါပါ။ ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါ တယ္။ လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးပါတယ္။ လုပ္ငန္းသစ္အတြက္ လမ္းစသစ္၊ အ ခြင့္အေရးသစ္မ်ားေပၚေပါက္လာတတ္ပါသည္။ဝန္ထမ္းမ်ား ပင္ပန္းသေလာက္ အက်ိဳးခံစားရမယ့္ အခ်ိန္ကာ လပါ။ ပညာေရးကိစၥမွာအတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။ မိသားစုအတြင္းနား လည္မႈလြဲတတ္တာေတြ စိတ္ရႈပ္စရာေတြ ရွိေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာ ဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အိမ္ေထာင္ဖက္ကနားလည္မႈလြဲတတ္သလို ငယ္႐ြယ္သူေတြ အဆင္မေျပတတ္လို႔ အရဲမကိုးသင့္ပါဘူး။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အားယခုရက္သတၱပတ္ခုႏွစ္ရက္လုံး ေအာင္သေျပပန္း ကို ကိုမညႇိဳးေအာင္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ကိုယ္သြားမည့္ ႏိုင္ငံ၏ ေနနံပန္းကိုဘုရားတြင္ ပန္းထိုးကာ ယုံယုံၾကည္ၾကည္ျဖင့္ လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။အိမ္ေထာင္ရွင္ႏွစ္ဦး၏ ေနနံကိုက္သည့္ ပန္းကို ပန္းအိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံးဘုရားရွင္အား ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ ေ႐ႊေရာင္ပစၥည္းမ်ား ယခု တစ္ပတ္မဝတ္ပါႏွင့္။ တျခား သူအိမ္သို႔ ယူလာပါကလည္း လက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္႐ြက္ဆိုကာ သန႔္ရွင္းေရး လုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ကိုယ္ေအာက္ပိုင္းမသန္သည့္ သက္ႀကီး႐ြယ္အိုေတြ႕ပါက ေဆးဝါး လႉဒါန္း ေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ အိမ္ႏွင့္အနီးဆုံးထီဆိုင္တြင္ ၁/၇ ဂဏန္းပါေသာထီလက္မွတ္ကိုရွာထိုးေပးပါ။