【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မထင်မှတ်ဘဲ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သောကြာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်ရာသစ်ကိစ္စတွေ ကောင်းပါတယ်။စပ်တူလုပ်ရတဲ့အလုပ်တွေ သတိထားပါ။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။
ငွေကတော့ တအားဝင်နေသလို တအားထွက်နေတတ်ပါတယ်။ပညာရေးကံကောင်းနေတတ်ပါတယ်။မြင့်မားတဲ့ ပညာသင်ခွင့်ရမယ့် အခွင့်အရေးရှိနေပါတယ်။အိမ်ထောင်ရှင်များ၊ သမီးရည်းစားများ စကားကတောက်ကဆများကိန်းရှိပါတယ်။ကျန်းမာရေးကတော့ အအိပ်အစားပျက်တာတွေကြောင့် သင်နေထိုင်မကောင်း ခဏခဏဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသော အရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်းတစ်ခုခုလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်အတွင်း အင်းပျက်၊ အဆောင်ပျက်တွေရှိရင် စွန့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို အစာကျွေးကာ ဆုတောင်းပါ။

ထီကံကောင်းလိုသူများ ။     ။ စနေနံထီဆိုင်တွင် ၆၊ ၇ ဂဏန်းများများပါသော ထီကိုထိုးပါ။
( Zawgyi )
ဒီရက္ပိုင္းအတြင္း မထင္မွတ္ဘဲ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း ေသာၾကာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္ရာသစ္ကိစၥေတြ ေကာင္းပါတယ္။စပ္တူလုပ္ရတဲ့အလုပ္ေတြ သတိထားပါ။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ကုန္ေျခာက္လုပ္ငန္းေတြ အက်ိဳးေပးပါလိမ့္မယ္။
ေငြကေတာ့ တအားဝင္ေနသလို တအားထြက္ေနတတ္ပါတယ္။ပညာေရးကံေကာင္းေနတတ္ပါတယ္။ျမင့္မားတဲ့ ပညာသင္ခြင့္ရမယ့္ အခြင့္အေရးရွိေနပါတယ္။အိမ္ေထာင္ရွင္မ်ား၊ သမီးရည္းစားမ်ား စကားကေတာက္ကဆမ်ားကိန္းရွိပါတယ္။က်န္းမာေရးကေတာ့ အအိပ္အစားပ်က္တာေတြေၾကာင့္ သင္ေနထိုင္မေကာင္း ခဏခဏျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုေသာ အရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္းတစ္ခုခုလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္အတြင္း အင္းပ်က္၊ အေဆာင္ပ်က္ေတြရွိရင္ စြန႔္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးကာ ဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စေနနံထီဆိုင္တြင္ ၆၊ ၇ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။