【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း မိသားစုအတွင်း အလှူမင်္ဂလာပွဲတွေ ဖြစ်လာတတ်ပါသလို ဘာသာရေးအလုပ်တွေမှာ သင့်ကိုတာဝန်ပေးတာတွေ ဖြစ်လာတတ်ပါတယ်။ဒီကာလမှာ ဘာပဲလုပ်လုပ် ကုသိုလ်ကောင်းမှုနဲ့ ဘာသာရေးကို အခြေခံပြီးမှလုပ်ကိုင်ရင် အောင်မြင်မှုပိုရတတ်ပါတယ်။ဒီရက်အတွင်း ငွေကံလည်းကောင်းနေသလို လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။စပ်တူရှယ်ယာကိစ္စတွေ၊ အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ စာအုပ်၊ စက်ပစ္စည်း၊ဆေး စတဲ့လုပ်ငန်းတွေ အထူးကောင်းတဲ့ အချိန်ကာလရောက်နေပါပြီ။ပညာရေးကတော့ ဒီရက်ပိုင်းအထူးကောင်းပါတယ်။လုပ်ငန်းခွင်စာမေးပွဲရှိနေရင် ဝင်ဖြေသင့်သလို ငယ်ရွယ်သူတွေအတွက် စာမေးပွဲကံကောင်းနေတဲ့ကာလပါ။ကျန်းမာရေးကတော့ သွားကိုက်တာ၊ နှလုံးရောဂါတွေ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်၊ ချစ် သူများအကြား ကြည်နူးစရာပျော်ရွှင်စရာတွေ ဆိုက်ရောက်လာဖို့ ခဏတာခွဲရပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုရက်သတ္တပတ်အတွင်း ဘုရား၊စေတီ၊ ပုထိုးသို့သွားကာ ပန်းကိုးမျိုး၊ သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အားပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။     ။ စာသင်သံဃာတော်အား လွယ်အိတ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ဗုဒ္ဓဟူးထောင့်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ တတ်နိုင်သလောက် အချိန်ပေးကာ ရည်ရွယ်သူကိုမေတ္တာပို့ပါ။ဓာတ်ဗူးအသစ်ထဲ နှစ်ဦးစလုံးပုံထည့်ကာ တစ်ပတ်တိတိထားပေးပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီသို့သွားကာ သက်စေ့မေတ္တာသုတ်ရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ကာယကံရှင်အားရည်ရွယ်ပြီး သက်စေ့ ဗောဇ္ဇင်သုတ်ရွတ်ဖတ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။     ။ ကြုံရာထီဆိုင်တွင် ၃/၇/၈/၉ ဂဏန်းများပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။
 
( Zawgyi )
 
ဒီရက္အတြင္း မိသားစုအတြင္း အလႉမဂၤလာပြဲေတြ ျဖစ္လာတတ္ပါသလို ဘာသာေရးအလုပ္ေတြမွာ သင့္ကိုတာဝန္ေပးတာေတြ ျဖစ္လာတတ္ပါတယ္။ဒီကာလမွာ ဘာပဲလုပ္လုပ္ ကုသိုလ္ေကာင္းမႈနဲ႔ ဘာသာေရးကို အေျခခံၿပီးမွလုပ္ကိုင္ရင္ ေအာင္ျမင္မႈပိုရတတ္ပါတယ္။ဒီရက္အတြင္း ေငြကံလည္းေကာင္းေနသလို လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။စပ္တူရွယ္ယာကိစၥေတြ၊ အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား၊ စာအုပ္၊ စက္ပစၥည္း၊ေဆး စတဲ့လုပ္ငန္းေတြ အထူးေကာင္းတဲ့ အခ်ိန္ကာလေရာက္ေနပါၿပီ။ပညာေရးကေတာ့ ဒီရက္ပိုင္းအထူးေကာင္းပါတယ္။လုပ္ငန္းခြင္စာေမးပြဲရွိေနရင္ ဝင္ေျဖသင့္သလို ငယ္႐ြယ္သူေတြအတြက္ စာေမးပြဲကံေကာင္းေနတဲ့ကာလပါ။က်န္းမာေရးကေတာ့ သြားကိုက္တာ၊ ႏွလုံးေရာဂါေတြ၊ ေသြးတိုးတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္၊ ခ်စ္ သူမ်ားအၾကား ၾကည္ႏူးစရာေပ်ာ္႐ႊင္စရာေတြ ဆိုက္ေရာက္လာဖို႔ ခဏတာခြဲရပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုရက္သတၱပတ္အတြင္း ဘုရား၊ေစတီ၊ ပုထိုးသို႔သြားကာ ပန္းကိုးမ်ိဳး၊ သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အားပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ စာသင္သံဃာေတာ္အား လြယ္အိတ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ဗုဒၶဟူးေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ရည္႐ြယ္သူကိုေမတၱာပို႔ပါ။ဓာတ္ဗူးအသစ္ထဲ ႏွစ္ဦးစလုံးပုံထည့္ကာ တစ္ပတ္တိတိထားေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီသို႔သြားကာ သက္ေစ့ေမတၱာသုတ္႐ြတ္ဆိုေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ကာယကံရွင္အားရည္႐ြယ္ၿပီး သက္ေစ့ ေဗာဇၨင္သုတ္႐ြတ္ဖတ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။     ။ ႀကဳံရာထီဆိုင္တြင္ ၃/၇/၈/၉ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။