【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်ကတော့ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေပေးနေတဲ့အတွက် ဒီအခွင့်အရေး ကို မိမိရရဆုပ်ကိုင်ရမှာဖြစ်ပါတယ်။ကိုယ့်ဘက်မှာ ကောင်းတဲ့ကံရှိနေတဲ့အတွက် လုပ်ငန်းတိုးချဲ့တာတွေ၊အမွေ၊ အိမ်၊ ခြံမြေ စတဲ့ ဆိုင်းထားတဲ့အလုပ်တွေ ဒီတစ်ပတ်အတွင်း လုပ်သင့်ပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။စပ်တူကိစ္စတွေ ကတော့ မလုပ်ပါနဲ့ဦး။တိုးတက်အောင်မြင်မှုနဲ့အတူ သူတပါးက ကိုယ့်အပေါ် မနာလိုတာတွေ၊ ရန်စတာတွေ ရှိလာတတ်သလို သူများကြားထဲညှပ်တတ်တာ အထင်လွဲတာတွေ ရှိတတ်ပါတယ်။သစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရေထွက်ကုန်သမားတွေ အခြေအ‌နေကောင်းပေမယ့် ကား၊ အိမ်ခြံမြေသမားတွေ အခြေအနေမကောင်းပါဘူး။စပ်တူကိစ္စတွေ အစုရှယ်ယာအလုပ်တွေ မလုပ်ပါနဲ့ဦး။ပြည်တွင်း ပြည်ပ ခရီးတွေစီစဉ်ထားရင် ဒီတစ်ပတ်အတွင်း သွားရကိန်းရှိပါတယ်။အလုပ်နဲ့ ပတ်သက်ပြီး ခရီးပေါ်ရင် မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ပညာရေးကတော့ အကောင်းဘက်ပါ။အိမ်ထောင်ရှင် များ စကားများ စိတ်ဝမ်းကွဲတတ်ပေမယ့် ချစ်သူတွေ အတွက် သတင်းကောင်းကြားရတတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ မိမိသွားလိုသည့်အရပ်သို့ စိတ်ကမေတ္တာပို့ကာ နံနက်ဖက်တွင် ကျီး၊ စာကလေး စသည့်သတ္တဝါများကို အစာကျွေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားတွင် ကြံပန်းခိုင်ကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အလှပြင်ပစ္စည်းအစုတ်များ၊ အင်္ဂါနံပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါလေ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။
 
ထီကံကောင်းလိုသူများ ။ ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၄-၅ ဂဏန်းများပါသည့် ထီလက်မှတ်ကို ထိုးလိုက်ပါ။
 
( Zawgyi )
 
သင့္အတြက္ ဒီတစ္ပတ္ကေတာ့ အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြေပးေနတဲ့အတြက္ ဒီအခြင့္အေရး ကို မိမိရရဆုပ္ကိုင္ရမွာျဖစ္ပါတယ္။ကိုယ့္ဘက္မွာ ေကာင္းတဲ့ကံရွိေနတဲ့အတြက္ လုပ္ငန္းတိုးခ်ဲ႕တာေတြ၊အေမြ၊ အိမ္၊ ၿခံေျမ စတဲ့ ဆိုင္းထားတဲ့အလုပ္ေတြ ဒီတစ္ပတ္အတြင္း လုပ္သင့္ပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတး သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။စပ္တူကိစၥေတြ ကေတာ့ မလုပ္ပါနဲ႔ဦး။တိုးတက္ေအာင္ျမင္မႈနဲ႔အတူ သူတပါးက ကိုယ့္အေပၚ မနာလိုတာေတြ၊ ရန္စတာေတြ ရွိလာတတ္သလို သူမ်ားၾကားထဲညႇပ္တတ္တာ အထင္လြဲတာေတြ ရွိတတ္ပါတယ္။သစ္လုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ေရထြက္ကုန္သမားေတြ အေျခအ‌ေနေကာင္းေပမယ့္ ကား၊ အိမ္ၿခံေျမသမားေတြ အေျခအေနမေကာင္းပါဘူး။စပ္တူကိစၥေတြ အစုရွယ္ယာအလုပ္ေတြ မလုပ္ပါနဲ႔ဦး။ျပည္တြင္း ျပည္ပ ခရီးေတြစီစဥ္ထားရင္ ဒီတစ္ပတ္အတြင္း သြားရကိန္းရွိပါတယ္။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးေပၚရင္ မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။ပညာေရးကေတာ့ အေကာင္းဘက္ပါ။အိမ္ေထာင္ရွင္ မ်ား စကားမ်ား စိတ္ဝမ္းကြဲတတ္ေပမယ့္ ခ်စ္သူေတြ အတြက္ သတင္းေကာင္းၾကားရတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ၾကာသပေတးနံ မာလကာ၊ ပန္းသီး စသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ မိမိသြားလိုသည့္အရပ္သို႔ စိတ္ကေမတၱာပို႔ကာ နံနက္ဖက္တြင္ က်ီး၊ စာကေလး စသည့္သတၱဝါမ်ားကို အစာေကြၽးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားတြင္ ႀကံပန္းခိုင္ကပ္လႉကာ ဓမၼစၾကာ ႐ြတ္ဖတ္ပူေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အလွျပင္ပစၥည္းအစုတ္မ်ား၊ အဂၤါနံပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။ပန္းအိုးမွ ပန္းေျခာက္မ်ား သန္႔ရွင္းေပးပါေလ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၄-၅ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ထိုးလိုက္ပါ။