【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အလုပ်တွေ တိုးတက်အောင်မြင်ပေမယ့် ငွေကြေးထပ်မံရင်းနှီးဖို့ ခက်ခဲနေပါလိမ်မယ်။အလုပ်ကြွေးတွေများနေပြီး အိမ်အတွက်၊မိသားစုအတွက် လိုအပ်နေတာတွေကြောင့် သင်စိတ်ညစ်ရတတ်ပါတယ်။ငွေကြေးကဏ္ဍ ခက်ခဲနေသလို ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်တတ်လို့ စာရင်းဇယား သေချာစွာပြုလုပ်ပါလေ။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။မတင်မကျဖြစ်စရာကိစ္စတွေများတဲ့ ဒီကာလမှာ ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။အတိုက်အခံကတော့ ရှိနေပါတယ်။သတိထားပါ။ဘုရားတရားလုပ်တာကလွဲပြီး ဘယ်အရာမှ သင့်ကို စိတ်ချမ်းသာစေမှာမဟုတ်ပါဘူး။ဒီကာလမှာ ကုန်သွယ်မှုအလုပ်များ၊ အဝတ်အထည်နှင့် ပရိဘောဂအရောင်းဆိုင်များ အရမ်းကောင်းပါတယ်။မိသားစုအတွင်း ညီအစ်ကိုမောင်နှမသားချင်းများရဲ့ သတင်းကောင်းကြားရတတ်ပါတယ်။ပညာရေးကတော့ ကောင်းနေတတ်ပြီး လိုရာရောက်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ကျန်းမာရေးဒေါင်ဒေါင်မြည်ဖြစ်ပေမယ့် ချုပ်စာတွေကြောင့် ဒုက္ခများကိန်းမြင်ပါတယ်။အိမ်ထောင်ရှင်များ အခက်အခဲတွေရှိတတ်ပြီး ချစ်သူများအကြား အပြန်အလှန်ယုံကြည်မှုတွေတိုးလာမယ့် အခါသမယပါ။ 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ကတ္တီပါပဲနှင့် ထမင်းဆီဆမ်း ကပ်လှူပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ မွေးနေ့မွေးရက်တွင် မိမိတတ်နိုင်သလောက် သံဃာတော်များကို အာရုဏ်ဆွမ်းကပ်လှူပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ တနင်္ဂနွေနံပါ စေတီများ၊ ဘုရားများသို့သွားကာ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက်အား ရည်စူးကာ ဘုရားတွင် နံနက်စောစော ကောက်ညှင်းပြန်ပေါင်းကပ်လှူပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ မေတ္တာသုတ်ကို နေ့စဉ် သက်စေ့ရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းကူး၊ချောင်းကူးများတွင် တံတားထိုးပါ။ဘုရားစေတီရှိ ညောင်ပင်တွင် ညောင်ထောက်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၄/၅ ဂဏန်း ထိပ်စီးပါသည့် ထီလက်မှတ်ကိုရှာထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္း အလုပ္ေတြ တိုးတက္ေအာင္ျမင္ေပမယ့္ ေငြေၾကးထပ္မံရင္းႏွီးဖို႔ ခက္ခဲေနပါလိမ္မယ္။အလုပ္ေႂကြးေတြမ်ားေနၿပီး အိမ္အတြက္၊မိသားစုအတြက္ လိုအပ္ေနတာေတြေၾကာင့္ သင္စိတ္ညစ္ရတတ္ပါတယ္။ေငြေၾကးက႑ ခက္ခဲေနသလို ေငြေၾကးကိစၥ အရႈပ္အရွင္းျဖစ္တတ္လို႔ စာရင္းဇယား ေသခ်ာစြာျပဳလုပ္ပါေလ။ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။မတင္မက်ျဖစ္စရာကိစၥေတြမ်ားတဲ့ ဒီကာလမွာ ဘယ္အရာမဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္ပါတယ္။အတိုက္အခံကေတာ့ ရွိေနပါတယ္။သတိထားပါ။ဘုရားတရားလုပ္တာကလြဲၿပီး ဘယ္အရာမွ သင့္ကို စိတ္ခ်မ္းသာေစမွာမဟုတ္ပါဘူး။ဒီကာလမွာ ကုန္သြယ္မႈအလုပ္မ်ား၊ အဝတ္အထည္ႏွင့္ ပရိေဘာဂအေရာင္းဆိုင္မ်ား အရမ္းေကာင္းပါတယ္။မိသားစုအတြင္း ညီအစ္ကိုေမာင္ႏွမသားခ်င္းမ်ားရဲ႕ သတင္းေကာင္းၾကားရတတ္ပါတယ္။ပညာေရးကေတာ့ ေကာင္းေနတတ္ၿပီး လိုရာေရာက္ပါလိမ့္မယ္။က်န္းမာေရးကေတာ့ က်န္းမာေရးေဒါင္ေဒါင္ျမည္ျဖစ္ေပမယ့္ ခ်ဳပ္စာေတြေၾကာင့္ ဒုကၡမ်ားကိန္းျမင္ပါတယ္။အိမ္ေထာင္ရွင္မ်ား အခက္အခဲေတြရွိတတ္ၿပီး ခ်စ္သူမ်ားအၾကား အျပန္အလွန္ယုံၾကည္မႈေတြတိုးလာမယ့္ အခါသမယပါ။ 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ကတၱီပါပဲႏွင့္ ထမင္းဆီဆမ္း ကပ္လႉပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ေမြးေန႔ေမြးရက္တြင္ မိမိတတ္ႏိုင္သေလာက္ သံဃာေတာ္မ်ားကို အာ႐ုဏ္ဆြမ္းကပ္လႉပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ တနဂၤေႏြနံပါ ေစတီမ်ား၊ ဘုရားမ်ားသို႔သြားကာ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ဘက္အား ရည္စူးကာ ဘုရားတြင္ နံနက္ေစာေစာ ေကာက္ညႇင္းျပန္ေပါင္းကပ္လႉပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေမတၱာသုတ္ကို ေန႔စဥ္ သက္ေစ့႐ြတ္ဆိုေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းကူး၊ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ဘုရားေစတီရွိ ေညာင္ပင္တြင္ ေညာင္ေထာက္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၄/၅ ဂဏန္း ထိပ္စီးပါသည့္ ထီလက္မွတ္ကိုရွာထိုးပါ။