【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် သင့်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေမှာ သောကြာ သားသမီးများနှင့်သာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ယခုရက်ပိုင်းအတွင်း စိတ်ရှုပ်စရာတွေနဲ့ လုံးထွေးရတတ်တဲ့ အချိန်အခါပါ။အလုပ်များလို့ အလုပ်ထဲစိတ်မပါသလို ဖိအားတွေကြောင့် အလုပ်ထွက်ချင်တာတွေ ဖြစ်တတ်ပါတယ်။ဘာမဆို စိတ်အလိုအတိုင်း မဆုံးဖြတ်ဖို့လိုပါတယ်။အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ ဒီရက်ပိုင်းမှာရှိနေတတ်သလို အဆင်မချောဖြစ်တတ်လို့ အရောင်းအဝယ်သမားတွေ အလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာအကောင်းဆုံးပါ။ပြည်ပရပ်ခြားကအကူအညီနဲ့ အဆက်အသွယ်တွေ ပေါ်လာတတ်ပါတယ်။ဒီကာလအတွင်း လူကြီးသူမတွေဆောင်မကိန်းရှိပါတယ်။ငွေဝင်ကောင်းနေသလို အလှူအတန်းလည်းလုပ်ရတတ်တဲ့ကာလမို့  ငွေရတိုင်း ဘုရားကိုလှူပေးသင့်ပါတယ်။ပညာရေးကိစ္စ ဒီရက်ပိုင်းမှာခက်ခဲနေတတ်ပါတယ်။ကျန်းမာရေးကတော့ ခြေထောက်၊ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်ရကိန်းရှိသလို ဘာမဟုတ်တဲ့ကိစ္စကြောင့် မာနပြိုင်တတ်ကြပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ဘုရားရှိခိုးပြီး ရှင်သီဝလိဂါထာ ၉ ခေါက် ပုံမှန်ရွတ်ဆိုပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သွားလိုသော အရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်းတစ်ခုခုလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ သောကြာနံဘွဲ့အမည်ပါ စေတီတွင် နှမ်းပျစ် ၉ ခုဖြင့် ဆွမ်းကပ်လှူကာ မိမိလျှောက်ထားသည့်အလုပ်အား အာရုံပြုဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ အပြင်ထွက်လျှင်၊ အစားအသောက်တစ်ခုခုစားလျှင် အရဟံဂုဏ်တော်ကို ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုန်းကြီးကျောင်းတွင် ကုဋီကို ရေလောင်းဆေးကြောရင်း မေတ္တာပို့ပါ။

ထီကံကောင်းလိုသူများ ။     ။ သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၂ အစ ၇ အဆုံး ဂဏန်းကို ရွေးထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ သင့္ရဲ႕ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေတြမွာ ေသာၾကာ သားသမီးမ်ားႏွင့္သာ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ယခုရက္ပိုင္းအတြင္း စိတ္ရႈပ္စရာေတြနဲ႔ လုံးေထြးရတတ္တဲ့ အခ်ိန္အခါပါ။အလုပ္မ်ားလို႔ အလုပ္ထဲစိတ္မပါသလို ဖိအားေတြေၾကာင့္ အလုပ္ထြက္ခ်င္တာေတြ ျဖစ္တတ္ပါတယ္။ဘာမဆို စိတ္အလိုအတိုင္း မဆုံးျဖတ္ဖို႔လိုပါတယ္။အေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ ဒီရက္ပိုင္းမွာရွိေနတတ္သလို အဆင္မေခ်ာျဖစ္တတ္လို႔ အေရာင္းအဝယ္သမားေတြ အေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္သင့္ပါတယ္။စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္စလုပ္တာအေကာင္းဆုံးပါ။ျပည္ပရပ္ျခားကအကူအညီနဲ႔ အဆက္အသြယ္ေတြ ေပၚလာတတ္ပါတယ္။ဒီကာလအတြင္း လူႀကီးသူမေတြေဆာင္မကိန္းရွိပါတယ္။ေငြဝင္ေကာင္းေနသလို အလႉအတန္းလည္းလုပ္ရတတ္တဲ့ကာလမို႔  ေငြရတိုင္း ဘုရားကိုလႉေပးသင့္ပါတယ္။ပညာေရးကိစၥ ဒီရက္ပိုင္းမွာခက္ခဲေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္ရကိန္းရွိသလို ဘာမဟုတ္တဲ့ကိစၥေၾကာင့္ မာနၿပိဳင္တတ္ၾကပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ဘုရားရွိခိုးၿပီး ရွင္သီဝလိဂါထာ ၉ ေခါက္ ပုံမွန္႐ြတ္ဆိုပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သြားလိုေသာ အရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္းတစ္ခုခုလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေသာၾကာနံဘြဲ႕အမည္ပါ ေစတီတြင္ ႏွမ္းပ်စ္ ၉ ခုျဖင့္ ဆြမ္းကပ္လႉကာ မိမိေလွ်ာက္ထားသည့္အလုပ္အား အာ႐ုံျပဳဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အျပင္ထြက္လွ်င္၊ အစားအေသာက္တစ္ခုခုစားလွ်င္ အရဟံဂုဏ္ေတာ္ကို ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းတြင္ ကုဋီကို ေရေလာင္းေဆးေၾကာရင္း ေမတၱာပို႔ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သြားရင္းလာရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂ အစ ၇ အဆုံး ဂဏန္းကို ေ႐ြးထိုးပါ။