【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်တတ်လို့ စာရင်းဇယားသေချာစွာ ပြုလုပ်ပါလေ။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ကောင်းသောအပြောင်းအလဲနှင့် တိုးတက်မှုများရရှိမည်။အခက်အခဲများကို ကျော်လွှားနိုင်မည်။
ရုတ်တရက်ဆုံးဖြတ်ပြီး လုပ်ကိုင်သောကိစ္စများမှ ထူးခြားသောအောင်မြင်မှုများရမည်။စိတ်ဓာတ်တက်ကြွနေမည်။စိတ်လိုက်မာန်ပါလုပ်လိုစိတ်ပေါ်မည်။စိတ်တိုလွယ်မှုကြောင့် အမှားမဖြစ်အောင် မိမိကိုယ်မိမိ ထိန်းသိမ်းရမည်။ဒီနေ့မှာ စနေ သားသမီးတွေအနေနဲ့ ဆုံးရှုံးပြီးသားငွေတွေ ပြန်ဝင်လာတတ်တဲ့အချိန်ဖြစ်ပြီးအိမ်ကို ဧည့်သည်ရောက်လာရင်လည်း သတင်းစကားကောင်းတွေ သယ်ဆောင်လာပါလိမ့်မယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ချုပ်စာတွေကြောင့် ဒုက္ခများကိန်းမြင်ပါတယ်။အိမ်ထောင်ရှင်၊ ချစ်သူများအကြား အပြန်အလှန်ယုံကြည်မှုတွေတိုးလာမယ့် အခါသမယပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး အုန်းယာဂုဆွမ်းကပ်လှူကာ  ရှင်သီဝလိဂါထာဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို နိုင်သလောက် အာရုဏ်ဆွမ်းကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္ဂနွေနံပါ စေတီများ၊ ဘုရားများတွင်  နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိအိမ်ထောင်ဘက်အားရည်စူးကာ ဘုရားတွင် နံနက်စောစော ကောက်ညှင်းပြန်ပေါင်း ကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မေတ္တာသုတ်ကို နေ့စဉ် သက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၁ ဂဏန်းကို များများပါအောင်ထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း ေငြေၾကးကိစၥ အရႈပ္အရွင္းျဖစ္တတ္လို႔ စာရင္းဇယားေသခ်ာစြာ ျပဳလုပ္ပါေလ။ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေကာင္းေသာအေျပာင္းအလဲႏွင့္ တိုးတက္မႈမ်ားရရွိမည္။အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္။
႐ုတ္တရက္ဆုံးျဖတ္ၿပီး လုပ္ကိုင္ေသာကိစၥမ်ားမွ ထူးျခားေသာေအာင္ျမင္မႈမ်ားရမည္။စိတ္ဓာတ္တက္ႂကြေနမည္။စိတ္လိုက္မာန္ပါလုပ္လိုစိတ္ေပၚမည္။စိတ္တိုလြယ္မႈေၾကာင့္ အမွားမျဖစ္ေအာင္ မိမိကိုယ္မိမိ ထိန္းသိမ္းရမည္။ဒီေန႔မွာ စေန သားသမီးေတြအေနနဲ႔ ဆုံးရႈံးၿပီးသားေငြေတြ ျပန္ဝင္လာတတ္တဲ့အခ်ိန္ျဖစ္ၿပီးအိမ္ကို ဧည့္သည္ေရာက္လာရင္လည္း သတင္းစကားေကာင္းေတြ သယ္ေဆာင္လာပါလိမ့္မယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ပါလိမ့္မယ္။က်န္းမာေရးကေတာ့ ခ်ဳပ္စာေတြေၾကာင့္ ဒုကၡမ်ားကိန္းျမင္ပါတယ္။အိမ္ေထာင္ရွင္၊ ခ်စ္သူမ်ားအၾကား အျပန္အလွန္ယုံၾကည္မႈေတြတိုးလာမယ့္ အခါသမယပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး အုန္းယာဂုဆြမ္းကပ္လႉကာ  ရွင္သီဝလိဂါထာျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားကို ႏိုင္သေလာက္ အာ႐ုဏ္ဆြမ္းကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနဂၤေႏြနံပါ ေစတီမ်ား၊ ဘုရားမ်ားတြင္  နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိအိမ္ေထာင္ဘက္အားရည္စူးကာ ဘုရားတြင္ နံနက္ေစာေစာ ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေမတၱာသုတ္ကို ေန႔စဥ္ သက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၁ ဂဏန္းကို မ်ားမ်ားပါေအာင္ထိုးပါ။