【 ဗေဒင် 】 တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း ငွေကံကောင်းနေသလို အဖက်ဖက်က ကံဇာတာ ပွင့်လန်းနေပါလိမ့်မယ်။ ကံတရားက အကျိုးပေးတဲ့ ဘက်ရောက်နေ တဲ့ အတွက် လုပ်ငန်းသစ်၊နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ အလုပ်ထဲမှာ နာမည်ဂုဏ်သတင်းတက်နေသလို လူတိုင်းက သင့်ကိုအားကျရတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒီကာလ မှာ ကံဇာတာတက်နေချိန်မို့လို သူများကိုအာမခံပေးတာတွေ အထူး သဖြင့် ငွေရေးကြေးရေး ဘယ်သူကိုမှ အာမ မခံပေးတာ သင့် အတွက် အကောင်းဆုံးပါ။ မိသားစုထဲ အလှူအတန်းတွေ လုပ်ရ ကိန်းမြင်ပါတယ်။ ဒီတစ်ပတ် ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် တိုင်ပင်မယ်ဆိုရင် တနင်္လာ သားသမီးတွေကိုတိုင်ပင်တာအကောင်း ဆုံး ပါဘဲ။ လူမျိုးခြားနဲ့ စပ်တူအလုပ်တွေ ကောင်းပါတယ်။ စာချုပ် စာတမ်းအလုပ်တွေ ၊ အိမ်ခြံမြေလုပ်ငန်းတွေကတော့ သိပ်မကောင်းသေးပါဘူး။ ကျန်းမာရေးကတော့ ရာသီပြောင်းဖြစ်တတ်တဲ့ အဖျား အနာ ဘဲရှိလို့ ရေချိုးတာ သတိထားပါ။ ပညာရေးကံကောင်းပေမယ့် သင်တန်းတွေ စာမေးပွဲတွေ တစ်ပြိုင်နက်ဘာမှ မတက်သင့် မဖြေ သင့် ပါဘူး။ အိမ်ထောင်ရှင်များ အကျီစားသန်လို့  စကားများတတ်ပေ မယ့်  ချစ်သူတွေ အတွက်ကတော့  သတင်းကောင်းတွေနဲ့ ပျော်ရွှင် စရာ အချိန်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ယခု ရက် သတ္တပတ်တစ်ပတ်လုံး ရွှေပန်းငွေပန်းဖြင့် ကပ်လှူ ပူဇော်ပေး ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ မိမိသွားလိုသည့် ထောင့်အရပ်ရှိ  ခွေးများအား နံနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ဘုရားတွင် တနင်္လာနံထောင့်၌ ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူ ဇော်ပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ အိပ်ခန်းထဲ ဓာတ်ပုံ အဟောင်းအပျက်၊ဓာတ်ဘူး အပျက်များရှိပါက နေအိမ်ပြင်ပရောက်အောင် လွှတ်ပစ်ပါ ။

လူမှုရေးအတိုက်အခံများသူများ။  ။ တန်ခိုးကြီးဘုရားစေတီများသို့ သွားကာ  ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်  ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ဘုရားစေတီများရှိ ဗောဓိညောင် တွင် ညောင် ထောက်ပေးပါ။

ထီကံကောင်းလိုသူများ။       ။ တနင်္လာနံ နာမည်ပါ ထီဆိုင်တွင် ၁/၂ အပူး ဂဏန်းများပါသည့် ထီ လက်မှတ်ကို ရှာထိုးလိုက်ပါ။

(  Zawgyi   )

 ဒီရက္ပိုင္း ေငြကံေကာင္းေနသလို အဖက္ဖက္က ကံဇာတာ ပြင့္လန္းေနပါလိမ့္မယ္။ ကံတရားက အက်ိဳးေပးတဲ့ ဘက္ေရာက္ေန တဲ့ အတြက္ လုပ္ငန္းသစ္၊ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ အလုပ္ထဲမွာ နာမည္ဂုဏ္သတင္းတက္ေနသလို လူတိုင္းက သင့္ကိုအားက်ရတဲ့ အခ်ိန္ကာလျဖစ္ပါတယ္။ ဒီကာလ မွာ ကံဇာတာတက္ေနခ်ိန္မို႔လို သူမ်ားကိုအာမခံေပးတာေတြ အထူး သျဖင့္ ေငြေရးေၾကးေရး ဘယ္သူကိုမွ အာမ မခံေပးတာ သင့္ အတြက္ အေကာင္းဆုံးပါ။ မိသားစုထဲ အလႉအတန္းေတြ လုပ္ရ ကိန္းျမင္ပါတယ္။ ဒီတစ္ပတ္ ပညာေရး၊လူမႈေရး၊ စီးပြားေရးအတြက္ တိုင္ပင္မယ္ဆိုရင္ တနလၤာ သားသမီးေတြကိုတိုင္ပင္တာအေကာင္း ဆုံး ပါဘဲ။ လူမ်ိဳးျခားနဲ႔ စပ္တူအလုပ္ေတြ ေကာင္းပါတယ္။ စာခ်ဳပ္ စာတမ္းအလုပ္ေတြ ၊ အိမ္ၿခံေျမလုပ္ငန္းေတြကေတာ့ သိပ္မေကာင္းေသးပါဘူး။ က်န္းမာေရးကေတာ့ ရာသီေျပာင္းျဖစ္တတ္တဲ့ အဖ်ား အနာ ဘဲရွိလို႔ ေရခ်ိဳးတာ သတိထားပါ။ ပညာေရးကံေကာင္းေပမယ့္ သင္တန္းေတြ စာေမးပြဲေတြ တစ္ၿပိဳင္နက္ဘာမွ မတက္သင့္ မေျဖ သင့္ ပါဘူး။ အိမ္ေထာင္ရွင္မ်ား အက်ီစားသန္လို႔  စကားမ်ားတတ္ေပ မယ့္  ခ်စ္သူေတြ အတြက္ကေတာ့  သတင္းေကာင္းေတြနဲ႔ ေပ်ာ္႐ႊင္ စရာ အခ်ိန္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ယခု ရက္ သတၱပတ္တစ္ပတ္လုံး ေ႐ႊပန္းေငြပန္းျဖင့္ ကပ္လႉ ပူေဇာ္ေပး ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ မိမိသြားလိုသည့္ ေထာင့္အရပ္ရွိ  ေခြးမ်ားအား နံနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ဘုရားတြင္ တနလၤာနံေထာင့္၌ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြတ္ဖတ္ပူ ေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ အိပ္ခန္းထဲ ဓာတ္ပုံ အေဟာင္းအပ်က္၊ဓာတ္ဘူး အပ်က္မ်ားရွိပါက ေနအိမ္ျပင္ပေရာက္ေအာင္ လႊတ္ပစ္ပါ ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ တန္ခိုးႀကီးဘုရားေစတီမ်ားသို႔ သြားကာ  ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္  ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ဘုရားေစတီမ်ားရွိ ေဗာဓိေညာင္ တြင္ ေညာင္ ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။       ။ တနလၤာနံ နာမည္ပါ ထီဆိုင္တြင္ ၁/၂ အပူး ဂဏန္းမ်ားပါသည့္ ထီ လက္မွတ္ကို ရွာထိုးလိုက္ပါ။