【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေဝင်ကောင်းနေသလို လာဘ်လာဘပေါများတဲ့ အချိန်အခါပါ။စီးပွားရေးကံကောင်းနေသလို လုပ်ငန်းသစ်တွေ၊ အလုပ်အကိုင်တွေ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။မိသားစုအတွင်းမှာလည်း သားသမီးမောင်နှမများရဲ့ ကောင်းစကားဘဲ ကြားရတတ်ပါတယ်။သင့်ကံဇာတာ ပွင့်လန်းတာကြောင့် အတိုက်အခိုက်တွေ ပေါများနေသလို လူရင်းတွေက နှောင့်ယှက်တာတွေကို ခံရကိန်းရှိပါတယ်။စပ်တူရှယ်ယာ အလုပ်တွေ၊ လူမျိုးခြားနဲ့ စာချုပ်စာတမ်းကိစ္စတွေ ဒီရက်ပိုင်းကောင်းပါတယ်။ဆန်၊ ဆီ၊ ဆား၊ စာအုပ်၊ စက်ပစ္စည်း စတဲ့ အင်္ဂါနံ အလုပ်အကိုင် လုပ်ကိုင်သူတွေ ဒီကာလမှာ အခြေအနေကောင်းပါတယ်။
ရေလုပ်ငန်းလုပ်သူတွေ လုပ်ငန်းမတိုးချဲ့သင့်ပါဘူး။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး ကြိုးစားမှုကြောင့် သင်လိုရာခရီးရောက်ပါလိမ့်မယ်။သမီးရည်းစားများကတော့ ချစ်သူဆီက လက်ဆောင်ကောင်း ရပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအတွက် စိတ်ပျက်စရာ ကာလဖြစ်ပြီး ကျန်းမာရေးကတော့ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောမကောင်းတာတွေ၊ အဆာလွန်မှုကြောင့်ဖြစ်တဲ့ အစာအိမ်ရောဂါဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ယာဂုဆွမ်း ကပ်လှူကာ ရှင်သီဝလိဂါထာဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို နိုင်သလောက် အာရုဏ်ဆွမ်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အင်္ဂါနေ့နံဖြင့်စသော အမည်ပါ စေတီ၊ဘုရားများတွင် နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိအိမ်ထောင်ဘက်အား ရည်စူးကာ နံနက်စောစော ဘုရားအား ကောက်ညှင်းပြန်ပေါင်း ကပ်လှူပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ သတိရတိုင်း မေတ္တာသုတ်ကို ရွတ်ဆိုပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လူသွားလူလာများသည့် လမ်း၊ ချောင်းများတွင် တံတားထိုးပါ။စေတီပုထိုးများတွင် ညောင်ထောက်ကုသိုလ်ပြုပါ။

ထီကံကောင်းလိုသူများ ။     ။ သီချင်းဖွင့်ရောင်းသည့် ထီဆိုင်မှ ၁/ ၃ ဂဏန်းတွဲပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြဝင္ေကာင္းေနသလို လာဘ္လာဘေပါမ်ားတဲ့ အခ်ိန္အခါပါ။စီးပြားေရးကံေကာင္းေနသလို လုပ္ငန္းသစ္ေတြ၊ အလုပ္အကိုင္ေတြ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။မိသားစုအတြင္းမွာလည္း သားသမီးေမာင္ႏွမမ်ားရဲ႕ ေကာင္းစကားဘဲ ၾကားရတတ္ပါတယ္။သင့္ကံဇာတာ ပြင့္လန္းတာေၾကာင့္ အတိုက္အခိုက္ေတြ ေပါမ်ားေနသလို လူရင္းေတြက ေႏွာင့္ယွက္တာေတြကို ခံရကိန္းရွိပါတယ္။စပ္တူရွယ္ယာ အလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔ စာခ်ဳပ္စာတမ္းကိစၥေတြ ဒီရက္ပိုင္းေကာင္းပါတယ္။ဆန္၊ ဆီ၊ ဆား၊ စာအုပ္၊ စက္ပစၥည္း စတဲ့ အဂၤါနံ အလုပ္အကိုင္ လုပ္ကိုင္သူေတြ ဒီကာလမွာ အေျခအေနေကာင္းပါတယ္။
ေရလုပ္ငန္းလုပ္သူေတြ လုပ္ငန္းမတိုးခ်ဲ႕သင့္ပါဘူး။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး ႀကိဳးစားမႈေၾကာင့္ သင္လိုရာခရီးေရာက္ပါလိမ့္မယ္။သမီးရည္းစားမ်ားကေတာ့ ခ်စ္သူဆီက လက္ေဆာင္ေကာင္း ရပါလိမ့္မယ္။အိမ္ေထာင္ရွင္ေတြအတြက္ စိတ္ပ်က္စရာ ကာလျဖစ္ၿပီး က်န္းမာေရးကေတာ့ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာမေကာင္းတာေတြ၊ အဆာလြန္မႈေၾကာင့္ျဖစ္တဲ့ အစာအိမ္ေရာဂါျဖစ္တာေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ယာဂုဆြမ္း ကပ္လႉကာ ရွင္သီဝလိဂါထာျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားကို ႏိုင္သေလာက္ အာ႐ုဏ္ဆြမ္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အဂၤါေန႔နံျဖင့္စေသာ အမည္ပါ ေစတီ၊ဘုရားမ်ားတြင္ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိအိမ္ေထာင္ဘက္အား ရည္စူးကာ နံနက္ေစာေစာ ဘုရားအား ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သတိရတိုင္း ေမတၱာသုတ္ကို ႐ြတ္ဆိုပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လူသြားလူလာမ်ားသည့္ လမ္း၊ ေခ်ာင္းမ်ားတြင္ တံတားထိုးပါ။ေစတီပုထိုးမ်ားတြင္ ေညာင္ေထာက္ကုသိုလ္ျပဳပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သီခ်င္းဖြင့္ေရာင္းသည့္ ထီဆိုင္မွ ၁/ ၃ ဂဏန္းတြဲပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။