【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက သင့်အတွက် အကောင်းတွေ စုဝေးတတ်တဲ့အတွက် လုပ်သမျှ ဖြစ်နေတတ်ပါတယ်။ငွေကံကောင်းနေသလို ဘာလုပ်လုပ် သင့်ကံအကျိုးပေးကောင်းနေလို့ အရာထင်နေတဲ့ အချိန်အခါ ဖြစ်နေပါတယ်။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ဖို့လိုပါတယ်။နိုင်ငံခြားခရီးတွေ လူမျိုးခြားအကူအညီတွေ ရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်စာတမ်းနဲ့ လုပ်ရမယ်ကိစ္စတွေကတော့ ရှောင်စေချင်ပါတယ်။
လုပ်ငန်းအပြောင်းအလဲရှိပေမယ့် ကောင်းတဲ့အပြောင်းအလဲပါ။အတိုက်အခံကတော့ ရှိနေပါတယ်။မိသားစုအတွင်း အလှူမင်္ဂလာပွဲတွေ ဖြစ်လာတတ်ပါတယ်။ပညာရေးကတော့ အသင့်အတင့်ပါဘဲ။ကျန်းမာရေးကတော့ အာရုံကြော အားနည်းတာ၊ သွေးတိုးတာတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။    

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး စိန်ပန်း၊ ဆီးသီး စသည်တို့ဖြင့် မပြတ်ပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အလှူခံများကို နိုင်သလောက်လှူပြီး စိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများ၏ အင်္ဂါနံထောင့်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပါ။  

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် စက်ပစ္စည်းအဟောင်း အပျက်များရှိနေတတ်ပါသည်။ရှာ၍လွှတ်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီ ရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများကို သက်စေ့လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် ထီကားလာပါက ၁/၃/၇ စတဲ့ ဂဏန်းများများပါအောင် ထီထိုးပါ။

( Zawgyi )

ဒီကာလက သင့္အတြက္ အေကာင္းေတြ စုေဝးတတ္တဲ့အတြက္ လုပ္သမွ် ျဖစ္ေနတတ္ပါတယ္။ေငြကံေကာင္းေနသလို ဘာလုပ္လုပ္ သင့္ကံအက်ိဳးေပးေကာင္းေနလို႔ အရာထင္ေနတဲ့ အခ်ိန္အခါ ျဖစ္ေနပါတယ္။ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ဖို႔လိုပါတယ္။ႏိုင္ငံျခားခရီးေတြ လူမ်ိဳးျခားအကူအညီေတြ ရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရမယ္ကိစၥေတြကေတာ့ ေရွာင္ေစခ်င္ပါတယ္။
လုပ္ငန္းအေျပာင္းအလဲရွိေပမယ့္ ေကာင္းတဲ့အေျပာင္းအလဲပါ။အတိုက္အခံကေတာ့ ရွိေနပါတယ္။မိသားစုအတြင္း အလႉမဂၤလာပြဲေတြ ျဖစ္လာတတ္ပါတယ္။ပညာေရးကေတာ့ အသင့္အတင့္ပါဘဲ။က်န္းမာေရးကေတာ့ အာ႐ုံေၾကာ အားနည္းတာ၊ ေသြးတိုးတာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။    

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး စိန္ပန္း၊ ဆီးသီး စသည္တို႔ျဖင့္ မျပတ္ပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလႉခံမ်ားကို ႏိုင္သေလာက္လႉၿပီး စိတ္က ထြက္ၿပီထြက္ၿပီဟု ႐ြတ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ား၏ အဂၤါနံေထာင့္တြင္ အဓိ႒ာန္ပုတီးစိပ္ပါ။  

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ စက္ပစၥည္းအေဟာင္း အပ်က္မ်ားရွိေနတတ္ပါသည္။ရွာ၍လႊတ္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီ ရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္းက သင့္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ားကို သက္ေစ့လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ ထီကားလာပါက ၁/၃/၇ စတဲ့ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးပါ။