【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်အတွင်း အဘက်ဘက်က အခြေအနေကောင်းတွေကြုံရတဲ့ သင့်အတွက် လုပ်လက်စ လုပ်ငန်းတွေအပြင် အခြားစီစဉ်ထားတဲ့ အလုပ်တွေကိုပါ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။
ငွေကံကတော့ ဘာသာရေးလုပ်သလောက် ငွေကံကောင်းနေလို့ ဒါကိုတော့ သတိထားပြီးလုပ်ရမှာ ဖြစ်ပါတယ်။ယခုကာလအတွင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ အထင်လွဲခြင်း ခံရတတ်ပါတယ်။ခရီးကံကောင်းနေလို့ မကြာခဏခရီးထွက်ရကိန်း ရှိပါတယ်။အိမ်မြေ စတဲ့ ယခင်ကစီစဉ်ထားတဲ့ ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ် ပြန်ဖြစ်တတ်ပါတယ်။
စပ်တူအလုပ်တွေ မကောင်းပါ။ ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးက အသင့်အတင့်ပဲကောင်းပါတယ်။ပညာသင်နေတဲ့သူတွေကတော့ ပညာရေးကတော့ ငယ်ရွယ်သူများ စိတ်များနေတတ်လို့ သတိထားသင့်ပါတယ်။အိမ်ထောင်ရှင်များ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေဖြစ်ပြီး ငယ်ရွယ်သူများကတော့ နားလည်မှုလွဲတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များအား ထီးဖိနပ်သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံဘုရားတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ပုတီးစိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ပုလင်းအလွတ်များ၊ ရေဘူးအပျက်များကိုရှာပြီး အိမ်ဝန်းအပြင်ရောက်အောင် လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့ သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မနက်စောစော လိပ်၊ ငါး စသည့် ရေသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် ၁/၂  ဂဏန်းများများပါသည့် ထီကိုထိုးပါ။

( Zawgyi )

ယခုတစ္ပတ္အတြင္း အဘက္ဘက္က အေျခအေနေကာင္းေတြႀကဳံရတဲ့ သင့္အတြက္ လုပ္လက္စ လုပ္ငန္းေတြအျပင္ အျခားစီစဥ္ထားတဲ့ အလုပ္ေတြကိုပါ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။
ေငြကံကေတာ့ ဘာသာေရးလုပ္သေလာက္ ေငြကံေကာင္းေနလို႔ ဒါကိုေတာ့ သတိထားၿပီးလုပ္ရမွာ ျဖစ္ပါတယ္။ယခုကာလအတြင္း မိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ အထင္လြဲျခင္း ခံရတတ္ပါတယ္။ခရီးကံေကာင္းေနလို႔ မၾကာခဏခရီးထြက္ရကိန္း ရွိပါတယ္။အိမ္ေျမ စတဲ့ ယခင္ကစီစဥ္ထားတဲ့ ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအဝယ္ ျပန္ျဖစ္တတ္ပါတယ္။
စပ္တူအလုပ္ေတြ မေကာင္းပါ။ ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ၿပီး က်န္းမာေရးက အသင့္အတင့္ပဲေကာင္းပါတယ္။ပညာသင္ေနတဲ့သူေတြကေတာ့ ပညာေရးကေတာ့ ငယ္႐ြယ္သူမ်ား စိတ္မ်ားေနတတ္လို႔ သတိထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလျဖစ္ၿပီး ငယ္႐ြယ္သူမ်ားကေတာ့ နားလည္မႈလြဲတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒိဝါတပတိဂါထာ ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားအား ထီးဖိနပ္သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံဘုရားတြင္ အဓိ႒ာန္ျဖင့္ အရဟံဂါထာကို သက္ေစ့ပုတီးစိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ပုလင္းအလြတ္မ်ား၊ ေရဘူးအပ်က္မ်ားကိုရွာၿပီး အိမ္ဝန္းအျပင္ေရာက္ေအာင္ လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းသို႔ သြားကာ သကၤန္းေလွ်ာ္ဖြပ္ျခင္း၊ ကုဋီမ်ားေဆးေၾကာျခင္း ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မနက္ေစာေစာ လိပ္၊ ငါး စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ခရီးသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၁/၂  ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးပါ။