【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အပြိုင်အဆိုင်လေးကြားထဲကနေ ဒီရက်ပိုင်းအတွင်း မထင်မှတ်ဘဲ စီးပွားရေးအခွင့်အလမ်း ကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ခြင်းများ ကြုံတတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်သင့်ပါတယ်။နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်ရာသစ်ကိစ္စတွေ ကောင်းပါတယ်။စပ်တူလုပ်ရတဲ့အလုပ်တွေ သတိထားပါ။မိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ်မယ်။ငွေကံလေးကောင်းနေတတ်သလို မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ် ပါတယ်။ဒါပေမယ့် ကိုယ်ရဲ့အောင်မြင်မှုကို မလိုလားသူတွေရဲ့ အပုပ်ချမှု၊ မိတ်ရင်းဆွေရင်း ဆရာရင်းတွေရဲ့ အထင်အမြင်လွဲမှုတွေ ရှိတတ်ပါတယ်။စပ်တူရှယ်ယာအလုပ်တွေ၊ စာချုပ်စာတမ်းနဲ့လုပ်ရတဲ့ အလုပ်တွေ၊ အိမ်ခြံမွေ အမွေကိစ္စတွေ အကျိုးပေးတတ်တဲ့ အချိန်ကာလပါ။ပြည်တွင်း ပြည်ပခရီးတွေ စီစဉ်ထားသမျှ လွယ်လွယ်ကူကူ ဖြစ်မြောက်လာတတ်ပါတယ်။ဒီရက်ပိုင်း နှလုံး၊အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ငယ်ရွယ်သူတွေရဲ့ ပညာရေးကံကတော့ ဂရုစိုက်သင့်ပြီး ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာနဲ့ ငယ်ရွယ်သူများကြား အထင်လွဲစကားများစရာ ကြုံရပါလိမ့်မယ်။ 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ နံနက်နေမထွက်မီ နေထွက်ရာဘက် ဦးတည်ကာ ဒိဝါတပတိဂါထာကို ကိုးခေါက်တိတိ ယုံယုံ ကြည်ကြည် ယခုတစ်ပတ်လုံးရွတ်ဆိုပါ။ 
 
ပြည်ပထွက်ခွာလိုသူများ ။ ။ ရပ်ထဲရွာထဲ နံနက်စောစော ဈေးရောင်း (သို့မဟုတ်) လမ်းလျှောက်တတ်သည့် သက်ကြီးရွယ်အိုများကို ဖိနပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ရွှေတိဂုံဘုရား အောင်မြေတွင် ကံံကော်ညွှန့် ၉ ညွှန့် ကပ်လှူကာ လျှောက်ထားသည့်အလုပ်အား အဓိဋ္ဌာန်ပြု လိုရာဆုတောင်းပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် ကြည့်မှန်အဟောင်းများရှိပါက လွှင့်ပစ်ပါ။ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ပြီးနောက် ဆီမီးပူဇော်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ တနင်္လာနာမည်ပါ ထီဆိုင်တွင် ၁/၇ ဂဏန်းများပါသည့် ထီလက်မှတ်ကို ထိုးလိုက်ပါ။
 
( Zawgyi )
 
အၿပိဳင္အဆိုင္ေလးၾကားထဲကေန ဒီရက္ပိုင္းအတြင္း မထင္မွတ္ဘဲ စီးပြားေရးအခြင့္အလမ္း ေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ျခင္းမ်ား ႀကဳံတတ္ပါတယ္။ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးေတြနဲ႔ တိုင္ပင္သင့္ပါတယ္။ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္ရာသစ္ကိစၥေတြ ေကာင္းပါတယ္။စပ္တူလုပ္ရတဲ့အလုပ္ေတြ သတိထားပါ။မိသားစုအတြင္း၊လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ကုန္ေျခာက္လုပ္ငန္းေတြ အက်ိဳးေပးပါလိမ္မယ္။ေငြကံေလးေကာင္းေနတတ္သလို မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ ပါတယ္။ဒါေပမယ့္ ကိုယ္ရဲ႕ေအာင္ျမင္မႈကို မလိုလားသူေတြရဲ႕ အပုပ္ခ်မႈ၊ မိတ္ရင္းေဆြရင္း ဆရာရင္းေတြရဲ႕ အထင္အျမင္လြဲမႈေတြ ရွိတတ္ပါတယ္။စပ္တူရွယ္ယာအလုပ္ေတြ၊ စာခ်ဳပ္စာတမ္းနဲ႔လုပ္ရတဲ့ အလုပ္ေတြ၊ အိမ္ၿခံေမြ အေမြကိစၥေတြ အက်ိဳးေပးတတ္တဲ့ အခ်ိန္ကာလပါ။ျပည္တြင္း ျပည္ပခရီးေတြ စီစဥ္ထားသမွ် လြယ္လြယ္ကူကူ ျဖစ္ေျမာက္လာတတ္ပါတယ္။ဒီရက္ပိုင္း ႏွလုံး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ငယ္႐ြယ္သူေတြရဲ႕ ပညာေရးကံကေတာ့ ဂ႐ုစိုက္သင့္ၿပီး ဝန္ထမ္းေတြအတြက္ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ားရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ျဖစ္စရာနဲ႔ ငယ္႐ြယ္သူမ်ားၾကား အထင္လြဲစကားမ်ားစရာ ႀကဳံရပါလိမ့္မယ္။ 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ နံနက္ေနမထြက္မီ ေနထြက္ရာဘက္ ဦးတည္ကာ ဒိဝါတပတိဂါထာကို ကိုးေခါက္တိတိ ယုံယုံ ၾကည္ၾကည္ ယခုတစ္ပတ္လုံး႐ြတ္ဆိုပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ရပ္ထဲ႐ြာထဲ နံနက္ေစာေစာ ေဈးေရာင္း (သို႔မဟုတ္) လမ္းေလွ်ာက္တတ္သည့္ သက္ႀကီး႐ြယ္အိုမ်ားကို ဖိနပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ ကံံေကာ္ၫႊန္႔ ၉ ၫႊန႔္ ကပ္လႉကာ ေလွ်ာက္ထားသည့္အလုပ္အား အဓိ႒ာန္ျပဳ လိုရာဆုေတာင္းပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ ၾကည့္မွန္အေဟာင္းမ်ားရွိပါက လႊင့္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္ သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဆို၍ သန႔္ရွင္းေရးလုပ္ၿပီးေနာက္ ဆီမီးပူေဇာ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ တနလၤာနာမည္ပါ ထီဆိုင္တြင္ ၁/၇ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ထိုးလိုက္ပါ။