【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း မိတ်ကောင်းဆွေကောင်းတွေက သင့်အနားမှာ ရှိတာကလွဲလို့ အရာရာကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေရမယ့် အချိန်ကာလရောက်နေပါတယ်။စိတ်ဒွိဟဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်နေသလို ပရဟိတအလုပ်တွေနဲ့ မအားမလပ်ရတဲ့ အချိန်ကာလ ရောက်နေပါတယ်။ဒီကာလမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စတွေ အောင်မြင်လိုရင်  ကြာသပတေး သားသမီးတွေနဲ့သာ တိုင်ပင်ပါ။နေ့တူနံတူ သားသမီးတွေက သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ဘယ်အလုပ်မဆို စိတ်ရှည်ရှည်ထားမှ အမှားကင်းပြီး အောင်မြင်မှုရတတ်သလို လုပ်ငန်းခွင်ထဲမှာလည်း စိတ်တိုင်းမကျစရာတွေ၊ အထင်လွဲစွပ်စွဲစရာတွေ ကြုံရတတ်ပါတယ်။လုပ်ငန်းထဲ ငွေမြုပ်နေတတ်လို့ ငွေရေးကြေးရေး ကျပ်တည်းနေတတ်ပါတယ်။ယခုကာလအတွင်း အိမ်ခြံမြေသမားတွေ၊ စက်ပစ္စည်းရောင်းချသူတွေ၊ အဆင်ပြေတတ်ပေမယ့် စပ်တူရှယ်ယာ အလုပ်တွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့် အကျောအဆစ် ခါးနာတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။
ပညာရေးကတော့ အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခွဲခွာနေထိုင်ရကိန်း ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ကြာသပတေးနံသင့် ပန်းသစ်တော်သီးကို ခွဲစိပ်ကာ ကျကျနန ဘုရားကို ကပ်လှူကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မနက်စောစော လဘက်ရည်ဆိုင်၊ မုန့်ဆိုင်များတွင် စားသောက်နေစဉ် ရောက်လာသည့် ချို့တဲ့သူများကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ မိမိနေ့နံထောင်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ယခုတစ်ပတ်အတွင်း သွားရောက်ရွတ်ဖတ် ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။အချိန်ရတိုင်း မေတ္တာသုတ် ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်စောစော လမ်းထဲသန့်ရှင်းရေးလုပ်ပေးကာ အချိန်ရတိုင်း အရဟံ၊ သံမ္ဗုဒ္ဓေ ဂါထာနှစ်မျိုးလုံး သက်စေ့ရွတ်ဆို ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ယခုရက်သတ္တပတ်အတွင်း ရေသတ္တဝါများကို အစာကျွေးရင်း လိုရာဆုတောင်းပါ။

ထီကံကောင်းလိုသူများ ။     ။ အိမ်ရှေ့နှင့် မိမိရှေ့ ရောက်လာသည့် ထီကားပေါ်မှ ကြာသပတေးနံ အက္ခရာဖြင့် ၂ အပူးပါ ထီလက်မှတ်ကို ရှာထိုးပေးပါ။

( Zawgyi )

ဒီတစ္ပတ္အတြင္း မိတ္ေကာင္းေဆြေကာင္းေတြက သင့္အနားမွာ ရွိတာကလြဲလို႔ အရာရာကို ကိုယ့္အားကိုယ္ကိုး ေဆာင္႐ြက္ေနရမယ့္ အခ်ိန္ကာလေရာက္ေနပါတယ္။စိတ္ဒြိဟျဖစ္စရာေတြ၊ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ဆက္တိုက္ျဖစ္ေနသလို ပရဟိတအလုပ္ေတြနဲ႔ မအားမလပ္ရတဲ့ အခ်ိန္ကာလ ေရာက္ေနပါတယ္။ဒီကာလမွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရး ကိစၥေတြ ေအာင္ျမင္လိုရင္  ၾကာသပေတး သားသမီးေတြနဲ႔သာ တိုင္ပင္ပါ။ေန႔တူနံတူ သားသမီးေတြက သင့္ကို အေထာက္အကူျပဳပါလိမ့္မယ္။ဘယ္အလုပ္မဆို စိတ္ရွည္ရွည္ထားမွ အမွားကင္းၿပီး ေအာင္ျမင္မႈရတတ္သလို လုပ္ငန္းခြင္ထဲမွာလည္း စိတ္တိုင္းမက်စရာေတြ၊ အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရတတ္ပါတယ္။လုပ္ငန္းထဲ ေငြျမဳပ္ေနတတ္လို႔ ေငြေရးေၾကးေရး က်ပ္တည္းေနတတ္ပါတယ္။ယခုကာလအတြင္း အိမ္ၿခံေျမသမားေတြ၊ စက္ပစၥည္းေရာင္းခ်သူေတြ၊ အဆင္ေျပတတ္ေပမယ့္ စပ္တူရွယ္ယာ အလုပ္ေတြ အက်ိဳးမေပးတတ္ပါဘူး။က်န္းမာေရးက ေကာင္းေနေပမယ့္ အေက်ာအဆစ္ ခါးနာတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။
ပညာေရးကေတာ့ အာ႐ုံစိုက္မွ ေကာင္းမယ့္အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ခြဲခြာေနထိုင္ရကိန္း ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ၾကာသပေတးနံသင့္ ပန္းသစ္ေတာ္သီးကို ခြဲစိပ္ကာ က်က်နန ဘုရားကို ကပ္လႉကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မနက္ေစာေစာ လဘက္ရည္ဆိုင္၊ မုန႔္ဆိုင္မ်ားတြင္ စားေသာက္ေနစဥ္ ေရာက္လာသည့္ ခ်ိဳ႕တဲ့သူမ်ားကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ မိမိေန႔နံေထာင္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ယခုတစ္ပတ္အတြင္း သြားေရာက္႐ြတ္ဖတ္ ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။အခ်ိန္ရတိုင္း ေမတၱာသုတ္ ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္ေစာေစာ လမ္းထဲသန႔္ရွင္းေရးလုပ္ေပးကာ အခ်ိန္ရတိုင္း အရဟံ၊ သံမၺဳေဒၶ ဂါထာႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆို ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ယခုရက္သတၱပတ္အတြင္း ေရသတၱဝါမ်ားကို အစာေကြၽးရင္း လိုရာဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ အိမ္ေရွ႕ႏွင့္ မိမိေရွ႕ ေရာက္လာသည့္ ထီကားေပၚမွ ၾကာသပေတးနံ အကၡရာျဖင့္ ၂ အပူးပါ ထီလက္မွတ္ကို ရွာထိုးေပးပါ။