【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက ဗုဒ္ဓဟူး သားသမီးတွေပါ။လုပ်ငန်းခွင်မှာ မတွေ့ချင်တဲ့လူတွေနဲ့ တွဲလုပ်နေရလို့ စိတ်ပင်ပန်းနေတတ်ပါတယ်။ဒီကာလမှာ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်းရှိနေသလို မထင်မှတ်ဘဲ အလှူအတန်းတွေ လုပ်ရကိန်းရှိပါတယ်။ငွေဝင်ကောင်းနေသလို ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီကာလအတွင်း စပ်တူကိစ္စတွေ၊ အိမ်ခြံမြေကိစ္စတွေမှာ အကျိုးပေးတတ်ပါတယ်။ဒါပေမယ့် ရေထွက်ကုန်တွေ၊ ရေလမ်းခရီးနဲ့ အသက်မွေးသူတွေ ဒီကာလမှာ သတိထားသင့်ပါတယ်။
ကျန်းမာရေးက ကောင်းနေပေမယ့် ဒူးခေါင်းတွေ၊ အကြောတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ကောင်းပါတယ်။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် စကားအသာရအောင်ပြောရင်း မာနပြိုင်တတ်ပါတယ်။ချစ်သူများ ကြားလူစကားကို သတိထားပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ပန်းပေါင်းစုံအား လှူဒါန်းကာ ပဋ္ဌာန်းရွတ်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များအား ထီးဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီ၏ ဗုဒ္ဓဟူးထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့နံသင့်ပန်းကို ဘုရားပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ထားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ သရဏဂုံ ၃ ပါးကို ကို နံနက်မျက်နှာသစ်တိုင်း ရွတ်ဖတ်ပူဇော်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။ တံတားပြင်ပေးပါ။လမ်းပြင်ပေးပါ။ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ဗုဒ္ဓဟူးနေ့နံ ထီဆိုင်တွင် ၂/ ၄/၇  ဂဏန်းတွဲပါသည့် ထီလက်မှတ်ကို ရွေးထိုးပေးပါ။

( Zawgyi )

သင့္အတြက္ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက ဗုဒၶဟူး သားသမီးေတြပါ။လုပ္ငန္းခြင္မွာ မေတြ႕ခ်င္တဲ့လူေတြနဲ႔ တြဲလုပ္ေနရလို႔ စိတ္ပင္ပန္းေနတတ္ပါတယ္။ဒီကာလမွာ မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံခင္မင္ရကိန္းရွိေနသလို မထင္မွတ္ဘဲ အလႉအတန္းေတြ လုပ္ရကိန္းရွိပါတယ္။ေငြဝင္ေကာင္းေနသလို ဘာသာေရးအလုပ္ေတြ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီကာလအတြင္း စပ္တူကိစၥေတြ၊ အိမ္ၿခံေျမကိစၥေတြမွာ အက်ိဳးေပးတတ္ပါတယ္။ဒါေပမယ့္ ေရထြက္ကုန္ေတြ၊ ေရလမ္းခရီးနဲ႔ အသက္ေမြးသူေတြ ဒီကာလမွာ သတိထားသင့္ပါတယ္။
က်န္းမာေရးက ေကာင္းေနေပမယ့္ ဒူးေခါင္းေတြ၊ အေၾကာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ ေကာင္းပါတယ္။အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အေပၚ စကားအသာရေအာင္ေျပာရင္း မာနၿပိဳင္တတ္ပါတယ္။ခ်စ္သူမ်ား ၾကားလူစကားကို သတိထားပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ပန္းေပါင္းစုံအား လႉဒါန္းကာ ပ႒ာန္း႐ြတ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားအား ထီးဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီ၏ ဗုဒၶဟူးေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔နံသင့္ပန္းကို ဘုရားပန္းအိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သရဏဂုံ ၃ ပါးကို ကို နံနက္မ်က္ႏွာသစ္တိုင္း ႐ြတ္ဖတ္ပူေဇာ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။ တံတားျပင္ေပးပါ။လမ္းျပင္ေပးပါ။ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ဗုဒၶဟူးေန႔နံ ထီဆိုင္တြင္ ၂/ ၄/၇  ဂဏန္းတြဲပါသည့္ ထီလက္မွတ္ကို ေ႐ြးထိုးေပးပါ။