【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေကိစ္စ အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ ဒီရက်ပိုင်းမှာ ရှိနေတတ်သလို ဆိုးတစ်ဝက် ကောင်းတစ်ဝက်ဖြစ်လို့ ဘာမှစွန့်စားပြီးမလုပ်ပါနဲ့။အရောင်းအဝယ်သမားတွေ အဆင်မချောဖြစ်တတ်လို့ အလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန် မကောင်းသေးပါဘူး။ဒီကာလမှာ မထင်မှတ်ဘဲ ရပ်ခြားက လူမျိုးခြားအကူအညီ ရတတ်ပါတယ်။ဒါပေမယ့် လက်အောက်ငယ်သား ကံမကောင်းတတ်လို့ သင့်မှာ စိတ်ညစ်ရကိန်းရှိပါတယ်။ငွေထွက်ကိန်းရှိသလို အကုန်အကျများတတ်တဲ့ အခါပါ။လောင်းကစားမလုပ်ပါနဲ့။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွှင်စရာတွေ ဆိုက်ရောက်လာပါလိမ့်ပေမယ့် ချစ်သူများအကြား ကြားလူဝင်ကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ပန်းအိုးတွင် အောင်သပြေထိုးကာ ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အလုပ်ကိစ္စသွားတိုင်း တဟိ့  ံတဟိ့  ံ ဂါထာကို သက်စေ့ရွတ်ဖတ် ပူဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်ကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများ ထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၇/၈ ဂဏန်းကို များများပါအောင်ထိုးပါ။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကိစၥ အေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ ဒီရက္ပိုင္းမွာ ရွိေနတတ္သလို ဆိုးတစ္ဝက္ ေကာင္းတစ္ဝက္ျဖစ္လို႔ ဘာမွစြန႔္စားၿပီးမလုပ္ပါနဲ႔။အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာျဖစ္တတ္လို႔ အေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္သင့္ပါတယ္။စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္ မေကာင္းေသးပါဘူး။ဒီကာလမွာ မထင္မွတ္ဘဲ ရပ္ျခားက လူမ်ိဳးျခားအကူအညီ ရတတ္ပါတယ္။ဒါေပမယ့္ လက္ေအာက္ငယ္သား ကံမေကာင္းတတ္လို႔ သင့္မွာ စိတ္ညစ္ရကိန္းရွိပါတယ္။ေငြထြက္ကိန္းရွိသလို အကုန္အက်မ်ားတတ္တဲ့ အခါပါ။ေလာင္းကစားမလုပ္ပါနဲ႔။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္းတာေတြ၊ ေလေအာင့္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ႊင္စရာေတြ ဆိုက္ေရာက္လာပါလိမ့္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကားလူဝင္ကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ပန္းအိုးတြင္ ေအာင္သေျပထိုးကာ ရွင္သီဝလိဂါထာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလုပ္ကိစၥသြားတိုင္း တဟိ့  ံတဟိ့  ံ ဂါထာကို သက္ေစ့႐ြတ္ဖတ္ ပူေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီးရွိ ဘုရားေစတီသို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္ႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ား ထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၇/၈ ဂဏန္းကို မ်ားမ်ားပါေအာင္ထိုးပါ။