【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းကသင့်ကံဇာတာကအညံဘက်ရောက်နေလို့ အခက်အခဲလေးတွေ ဝိုင်းနေတတ်ပါတယ်။ ဒါပေ မယ့် နေအိမ်ပြောင်းရွှေ့တာ၊လုပ်ငန်းသစ်စတင်တာစတဲ့ အလုပ်တွေကတော့ အကောင်းဘက်မှာ ရှိနေပါ တယ်။ ငွေဝင်ကောင်းပေမယ့် ကုန်တတ်တဲ့အချိန်မို့ ရသမျှ အဖတ်တင်ဖို့ ငွေရတိုင်းဘုရားကိုဆယ်ဖို့တစ်ဖို့ လှူပေး သင့်ပါ တယ်။ဒီရက်ပိုင်းပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးသင့်ကိုအကြံပေးနိုင် တာက ကြာသပတး သားသမီးတွေပါ။ အိမ်တွင်းရေးကအသင့်အတင့် သာယာနေတတ်သလိုအိမ်မှာထက် အပြင်မှာ နေရတာကို သင့် စိတ်ကပိုသာယာနေတတ်ပါတယ်။ ဒီကာလအတွင်းရက်ဝေးခရီးတွေသွားရကိန်းရှိပါတယ်။ စပ်တူအလုပ်တွေ လူမျိုးခြားနဲ့ လုပ်ရတဲ့ အလုပ်တွေ ခဏရပ်ထားပါ။ကျန်းမာရေးကကောင်းနေပေမယ့် အာရုံကြောရောဂါ ဖြစ်ပြီး ညဘက် အိပ် မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက်သလောက် အောင်မြင်မှု အသီးအပွင့် ရ တတ်တဲ့ အချိန်ပါ။အိမ်ထောင်ရှင်တွေကြားနားလည်မှုလွဲတတ်သလိုချစ်သူအချင်းချင်းနားပူနားဆာလုပ်တတ်လို့ စိတ်ရှုပ်ရတဲ့အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအားအောင်သပြေပန်းထိုးကာ ကဗ္မလာ သစ်သီးဆွမ်း ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။သံဃာတော်များကိုထီးဖိနပ်စသည်တို့ လှူပေးပါ။သီလရှင်များအားလည်း ဆွမ်းဆန်၊ ငွေကြေးထောက်ပံပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။တနင်္လာနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာဓမ္မစကြာ ရွတ်ဖတ် ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ရွှေရောင်ပစ္စည်းအဟောင်းအပျက်များ၊ပြက္ခဒိန် အဟောင်း များ နေအိမ်အိပ်ခန်းအတွင်းရှိနေပါကလွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားစေတီများတွင်ပုံမှန်တံမြက်စည်းလှည်းပါ။ပန်းဆီမီးပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ။ ။ရပ်ထဲရွာထဲမှ ကျန်းမာရေးမကောင်းသူကိုဆေးဝါး" ဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။ ။လမ်းတွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၂/၅ ဂဏန်းများများပါသည့် ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းကသင့္ကံဇာတာကအညံဘက္ေရာက္ေနလို႔ အခက္အခဲေလးေတြ ဝိုင္းေနတတ္ပါတယ္။ ဒါေပ မယ့္ ေနအိမ္ေျပာင္းေ႐ႊ႕တာ၊လုပ္ငန္းသစ္စတင္တာစတဲ့ အလုပ္ေတြကေတာ့ အေကာင္းဘက္မွာ ရွိေနပါ တယ္။ ေငြဝင္ေကာင္းေပမယ့္ ကုန္တတ္တဲ့အခ်ိန္မို႔ ရသမွ် အဖတ္တင္ဖို႔ ေငြရတိုင္းဘုရားကိုဆယ္ဖို႔တစ္ဖို႔ လႉေပး သင့္ပါ တယ္။ဒီရက္ပိုင္းပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးသင့္ကိုအႀကံေပးႏိုင္ တာက ၾကာသပတး သားသမီးေတြပါ။ အိမ္တြင္းေရးကအသင့္အတင့္ သာယာေနတတ္သလိုအိမ္မွာထက္ အျပင္မွာ ေနရတာကို သင့္ စိတ္ကပိုသာယာေနတတ္ပါတယ္။ ဒီကာလအတြင္းရက္ေဝးခရီးေတြသြားရကိန္းရွိပါတယ္။ စပ္တူအလုပ္ေတြ လူမ်ိဳးျခားနဲ႔ လုပ္ရတဲ့ အလုပ္ေတြ ခဏရပ္ထားပါ။က်န္းမာေရးကေကာင္းေနေပမယ့္ အာ႐ုံေၾကာေရာဂါ ျဖစ္ၿပီး ညဘက္ အိပ္ မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္သေလာက္ ေအာင္ျမင္မႈ အသီးအပြင့္ ရ တတ္တဲ့ အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြၾကားနားလည္မႈလြဲတတ္သလိုခ်စ္သူအခ်င္းခ်င္းနားပူနားဆာလုပ္တတ္လို႔ စိတ္ရႈပ္ရတဲ့အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအားေအာင္သေျပပန္းထိုးကာ ကဗၼလာ သစ္သီးဆြမ္း ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။သံဃာေတာ္မ်ားကိုထီးဖိနပ္စသည္တို႔ လႉေပးပါ။သီလရွင္မ်ားအားလည္း ဆြမ္းဆန္၊ ေငြေၾကးေထာက္ပံေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။တနလၤာနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာဓမၼစၾကာ ႐ြတ္ဖတ္ ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ေ႐ႊေရာင္ပစၥည္းအေဟာင္းအပ်က္မ်ား၊ျပကၡဒိန္ အေဟာင္း မ်ား ေနအိမ္အိပ္ခန္းအတြင္းရွိေနပါကလႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရားေစတီမ်ားတြင္ပုံမွန္တံျမက္စည္းလွည္းပါ။ပန္းဆီမီးပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား။ ။ရပ္ထဲ႐ြာထဲမွ က်န္းမာေရးမေကာင္းသူကိုေဆးဝါး" ဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။လမ္းတြင္ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၂/၅ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးပါ။