【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများ အကောင်းဆုံးအကြံပေးနိုင်သူက သောကြာ သားသမီးတွေပါဘဲ။အဆင်ပြေမလိုလိုနဲ့ အခက်တွေ့တတ်သလို ကောင်းတစ်ဝက်ဆိုးတစ်ဝက် စိတ်တိုင်းမကျစရာနေ့ရက်တွေ ကြုံရတတ်ပါတယ်။ဘာလုပ်လုပ် အလွဲလေးတွေဖြစ်တတ်ပြီးခရီးသွားဖို့စီစဉ်ထားရင်တောင် မထင်မှတ်ဘဲ အထစ်အငေါ့ဖြစ်ရတဲ့ အချိန်ကာလပါ။ဒီရက်တွေမှာ အဝေးကမိတ်ဆွေ ကောင်းတွေ နိုင်ငံရပ်ခြားကအကူအညီတွေ ရတတ်ပါတယ်။မိသားစုနဲ့ မိတ်ကောင်းဆွေကောင်းတွေ စောင့်ရှောက်မှုရတတ်ပါတယ်။ဆိုင်သစ်၊လုပ်ငန်းသစ်ကိစ္စတွေ အောင်မြင်တတ်သလို နိုင်ငံခြားက အကူအညီရတတ်တဲ့ အချိန်ကာလပါ။ဒီအချိန်မှာ စပ်တူကိစ္စတွေ၊ စာချုပ်နဲ့လုပ်ရတဲ့လုပ်ငန်းတွေ၊ လူမျိုးခြားနဲ့တွဲလုပ်တဲ့အလုပ်တွေမလုပ်ပါနဲ့။အရင်းပါပြုတ်တတ်တဲ့အချိန်ပါ။ကျန်းမာရေးကတော့ ခါး၊ ဝမ်း၊ အစာအိမ် ရောဂါတွေဖြစ်တတ်လို့ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေသလို နဂိုကရည်ရွယ်ထားတဲ့ ပညာသင်ခွင့်တွေရတတ်ပါတယ်။အိမ်ထောင်ရှင်များ အဆင်မပြေတာတွေ ပြန်ပြေလည်ပြီး ချစ်သူတွေကတော့ ကြားလူတွေကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။  

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်       ယခုတစ်ပတ်လုံး နံနက်စောစောထကာ ရှင်သီဝလိဂါထာ ခေါက်ကို ဘုရားရှိခိုးတိုင်း အာရုံပြု၍ ယုံယုံကြည်ကြည်ရွတ်ဆိုပါ။  

 

ပြည်ပထွက်ခွာလိုသူများ       မိမိသွားလိုသောအရပ်ထောင့်ရှိ နေထိုင်သူ သက်ကြီးရွယ်အိုကို နေရာထိုင်ခင်းတစ်ခုခုလှူဒါန်းပါ။  

 

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ       လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်တွင် ထားအိပ်ပါ။  

 

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ       အချစ်ရေးအဆင်မပြေပါက ရေသတ္တဝါအရုပ်ပါသည့်အဆောင်၊ ရင်ထိုးကို ဆောင်ထားပေးပါ။

 

လူမှုရေးအတိုက်အခံများသူများ       စေတီရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များကောက်ကာရှင်းလင်းပေးပါ။  

 

ကျန်းမာရေးမကောင်းသူများ       ငါး၊ လိပ် စသည့် ရေသတ္တဝါများကို အစာကျွေးကာ ဆုတောင်းပါ။  

 

ထီကံကောင်းလိုသူများ       သောကြာနံထီဆိုင်တွင် / ဂဏန်းများများပါသော ထီလက်မှတ်ကိုထိုးပါ။

 

( Zawgyi )

 

ယခုတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ား အေကာင္းဆုံးအႀကံေပးႏိုင္သူက ေသာၾကာ သားသမီးေတြပါဘဲ။အဆင္ေျပမလိုလိုနဲ႔ အခက္ေတြ႕တတ္သလို ေကာင္းတစ္ဝက္ ဆိုးတစ္ဝက္ စိတ္တိုင္းမက်စရာေန႔ရက္ေတြ ႀကဳံရတတ္ပါတယ္။ဘာလုပ္လုပ္ အလြဲေလးေတြျဖစ္တတ္ၿပီး ခရီးသြားဖို႔စီစဥ္ထားရင္ေတာင္ မထင္မွတ္ဘဲ အထစ္အေငါ့ျဖစ္ရတဲ့ အခ်ိန္ကာလပါ။ဒီရက္ေတြမွာ အေဝးကမိတ္ေဆြ ေကာင္းေတြ ႏိုင္ငံရပ္ျခားကအကူအညီေတြ ရတတ္ပါတယ္။မိသားစုနဲ႔ မိတ္ေကာင္းေဆြေကာင္းေတြ ေစာင့္ေရွာက္မႈရတတ္ပါတယ္။ဆိုင္သစ္၊လုပ္ငန္းသစ္ကိစၥေတြ ေအာင္ျမင္တတ္သလို ႏိုင္ငံျခားက အကူအညီရတတ္တဲ့ အခ်ိန္ကာလပါ။ဒီအခ်ိန္မွာ စပ္တူကိစၥေတြ၊ စာခ်ဳပ္နဲ႔လုပ္ရတဲ့လုပ္ငန္းေတြ၊ လူမ်ိဳးျခားနဲ႔တြဲလုပ္တဲ့အလုပ္ေတြ မလုပ္ပါနဲ႔။အရင္းပါျပဳတ္တတ္တဲ့အခ်ိန္ပါ။က်န္းမာေရးကေတာ့ ခါး၊ ဝမ္း၊ အစာအိမ္ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနသလို နဂိုကရည္႐ြယ္ထားတဲ့ ပညာသင္ခြင့္ေတြရတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား အဆင္မေျပတာေတြ ျပန္ေျပလည္ၿပီး ခ်စ္သူေတြကေတာ့ ၾကားလူေတြေၾကာင့္ အဆင္မေျပျဖစ္တတ္ပါတယ္။  

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္       ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ရွင္သီဝလိဂါထာ  ေခါက္ကို ဘုရားရွိခိုးတိုင္း အာ႐ုံျပဳ၍ ယုံယုံၾကည္ၾကည္႐ြတ္ဆိုပါ။  

 

ျပည္ပထြက္ခြာလိုသူမ်ား       မိမိသြားလိုေသာအရပ္ေထာင့္ရွိ ေနထိုင္သူ သက္ႀကီး႐ြယ္အိုကို ေနရာထိုင္ခင္းတစ္ခုခုလႉဒါန္းပါ။  

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား       ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္တြင္ ထားအိပ္ပါ။  

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား       အခ်စ္ေရးအဆင္မေျပပါက ေရသတၱဝါအ႐ုပ္ပါသည့္ အေဆာင္၊ ရင္ထိုးကို ေဆာင္ထားေပးပါ။

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား       ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။  

 

က်န္းမာေရးမေကာင္းသူမ်ား       ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးကာ ဆုေတာင္းပါ။  

 

ထီကံေကာင္းလိုသူမ်ား       ေသာၾကာနံထီဆိုင္တြင္ / ဂဏန္းမ်ားမ်ားပါေသာ ထီလက္မွတ္ကိုထိုးပါ။