【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီကာလအတွင်း ငွေရွှင်နေတဲ့ သင့်အနားမှာ ချစ်သူခင်သူတွေ ဝိုင်းနေတတ်တာ လောကဓမ္မတာပါ။ ၏ယခုရက်ပိုင်းအတွင်း တနင်္လာနံ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ဒီရက်ပိုင်း စီစဉ်ထားတဲ့ အလုပ်အကိုင်တွေ၊ ပြည်တွင်း ပြည်ပ ခရီးစဉ်တွေ ကောင်းပါတယ်။ရပ်ဝေးကနေ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ လာတတ်ပါတယ်။အိမ်ခြံမြေနဲ့ စပ်တူကိစ္စတွေ၊ စာချုပ်ကိစ္စတွေမှာ အောင်မြင်ပါမယ်။ကျောက်မျက်လုပ်ငန်းတွေ၊ ကားအရောင်းအဝယ်တွေ၊ တနင်္လာနေ့နံ အလုပ်အကိုင်တွေ ကောင်းတဲ့ကာလဖြစ်ပါတယ်။လူမှုရေးကတော့ မိတ်ရင်းဆွေရင်းတွေနဲ့ လမ်းခွဲရတတ်သလို လက်အောက်ငယ်သားကြောင့်လည်း စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကံ ကောင်းနေသလို ယခင်ကတက်ဖို့ မဖြစ်ခဲ့တဲ့ သင်တန်းတွေ တက်ဖြစ်ပါလိမ့်မယ်။ကျန်းမာရေးမှာ အစာအိမ်၊ ဆီး ဒုက္ခပေးတတ်ပါတယ်။အိမ်ထောင်ရှင်များ ဘာမဟုတ်တာနဲ့ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။သမီးရည်းစားများ ချစ်သူဆီက လက်ဆောင်ရတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ငွေပန်းကပ်လှူကာ ကြာဇံကြော်ဖြင့် ဆွမ်းကပ်ပူဇော်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ သင့်အိမ်ရှေ့ရောက်လာသည့် အလှူခံများကို နိုင်သလောက် လှူပြီးသည်နှင့် စိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ မွေးနေ့တိုင်း ဘုရားစေတီများတွင် အဓိဋ္ဌာန်ပုတီးစိပ်ကာ လိုချင်သည့် အလုပ်ကို အာရုံပြုမေတ္တာပို့ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်အတွင်း အင်းပျက်၊ အဆောင်ပျက်တွေရှိရင် စွန့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီ ရင်ပြင်များတွင် အမှိုက်များ ရှင်းလင်းပေးခြင်းကသာ သင့်အတွက် အကောင်းဆုံးအကာအကွယ် ဖြစ်ပါတယ်။
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားကျောင်းကန်များသို့ သွားရာလမ်းတွင် လမ်းခင်းပေးခြင်း၊ တံတားထိုးပေးခြင်းများ ဆောင်ရွက်ပေးပါ။
ထီကံကောင်းလိုသူများ ။     ။ ယခုရက်ပိုင်းအတွင်း ၂/၄ ဂဏန်းများများပါသည့် ထီကို ရှာထီထိုးပါ။
( Zawgyi )