【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင်ဘာလုပ်လုပ် စနေ သားသမီးတွေနဲ့ တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ် ကိစ္စတွေ စလုပ်လို့ ကောင်းပါတယ်။လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ၊ စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ ခြံမြေ ကိစ္စတွေလည်း ကောင်းပါတယ်။အနုပညာရှင်တွေ သတိထားပါ။အပြောမတတ်လို့ ပြဿနာတတ်တတ်ပါတယ်။ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်း တက်စရာရှိသလို မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ငွေကတော့ ဝင်နေသလို ထွက်နေတတ်လို့ စုဖို့တော့ခက်ပါလိမ့်မယ်။ပညာရေးကကောင်းပါတယ်။လုပ်ငန်းခွင်မှာ ရာထူးဖြေသူတို့ ယခုရက်ပိုင်း အောင်စာရင်းထွက်ရင် လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ကျန်းမာရေးမှာ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောထိခိုက်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေက သင့်အတွက် ကောင်းပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်း ရှိပါတယ်။သမီးရည်းစားများကတော့ သတင်းကောင်းကြားရဖို့ ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား စနေနံပန်းများလှူကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့် အနီးဆုံးစေတီရှိ စနေထောင့် အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်ကို စာရွက်တစ်ရွက်ဖြင့်ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ယခုတစ်ပတ်လုံး ဘုရားအားရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းများ ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၆/၈ ဂဏန်းများများပါသော ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင္ဘာလုပ္လုပ္ စေန သားသမီးေတြနဲ႔ တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ ကိစၥေတြ စလုပ္လို႔ ေကာင္းပါတယ္။လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ ၿခံေျမ ကိစၥေတြလည္း ေကာင္းပါတယ္။အႏုပညာရွင္ေတြ သတိထားပါ။အေျပာမတတ္လို႔ ျပႆနာတတ္တတ္ပါတယ္။ယခုရက္ပိုင္း ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္း တက္စရာရွိသလို မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ေငြကေတာ့ ဝင္ေနသလို ထြက္ေနတတ္လို႔ စုဖို႔ေတာ့ခက္ပါလိမ့္မယ္။ပညာေရးကေကာင္းပါတယ္။လုပ္ငန္းခြင္မွာ ရာထူးေျဖသူတို႔ ယခုရက္ပိုင္း ေအာင္စာရင္းထြက္ရင္ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။က်န္းမာေရးမွာ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြက သင့္အတြက္ ေကာင္းပါတယ္။အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္း ရွိပါတယ္။သမီးရည္းစားမ်ားကေတာ့ သတင္းေကာင္းၾကားရဖို႔ ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား စေနနံပန္းမ်ားလႉကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္ အနီးဆုံးေစတီရွိ စေနေထာင့္ အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ယခုတစ္ပတ္လုံး ဘုရားအားေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းမ်ား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၆/၈ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။