【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း စိတ်မောလူမော ဖြစ်နေရသလို အလုပ်များနေတတ်တဲ့အတွက် ကျန်းမာရေးပါ ညံ့နေတတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဘာကိစ္စမဆို မပြီးပြတ်ဘဲ တန်းလန်းဖြစ်နေလို့ စိတ်တိုင်းမကျစရာတွေ ဖြစ်နေတတ်လို့  စိတ်က မကြာခဏဆိုသလို အလုပ်ကထွက်ချင်တဲ့စိတ်တွေ ဖြစ်နေတတ်ပါတယ်။တစ်ခါတရံ အေးအေးချမ်းချမ်းနေရတဲ့ အရပ်ကို ပြေးထွက်သွားချင်တဲ့စိတ်တွေ ပေါက်နေတတ်ပါတယ်။ဒီကာလမှာ ဘာမဆို ခေါင်းကိုအေးအေးထားပြီး အလုပ်ကို ဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ငွေကြေးကံ နည်းနည်းညံ့နေပေမယ့် ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။အခုချိန်မှာ လူမျိုးခြားနဲ့ တွဲလုပ်တဲ့အလုပ်တွေ အောင်မြင်မှုရရှိတတ်တဲ့အခါ ဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်း အောင်မြင်တဲ့ကာလပါ။ပညာရေးကိစ္စမှာ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးကတော့ အာရုံကြော၊ လေထိုးလေအောင့်နဲ့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ အဆင်မပြေမှုတွေ ရှိတတ်သလို ချစ်သူရှာမယ့် ငယ်ရွယ်သူတွေကတော့ အဆင်ပြေပြီးမှ လွဲတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုရက်သတ္တပတ်လုံး ဘုရားပန်းမညှိုးအောင် ကပ်လှူပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားမည့် နိုင်ငံအမည်ပါ နေနံသင့်ပန်းကို ဘုရားတွင် ပန်းထိုးကာ သင်လိုရာ ဆုတောင်းပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်ထောင်ရှင်နှစ်ဦး၏ ဓာတ်ပုံကို ဓာတ်ဘူးအသစ်ထဲထည့်ကာ ဘုရားစင်အောက်တွင် ထားပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ရွှေရောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ ဒီတစ်ပတ် မဝတ်ပါနှင့်။တခြားသူ အိမ်သို့ယူလာပါက လက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရား၊ ကျောင်း၊ စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာ ဆင်းတုတော်နှင့် ဘုရားရင်ပြင်ကိုပါ သန့်ရှင်းရေးလုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကို ဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၄/၇ ဂဏန်းများများပါသော ထီလက်မှတ်ကို ရှာထိုးပေးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း စိတ္ေမာလူေမာ ျဖစ္ေနရသလို အလုပ္မ်ားေနတတ္တဲ့အတြက္ က်န္းမာေရးပါ ညံ့ေနတတ္ပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဘာကိစၥမဆို မၿပီးျပတ္ဘဲ တန္းလန္းျဖစ္ေနလို႔ စိတ္တိုင္းမက်စရာေတြ ျဖစ္ေနတတ္လို႔  စိတ္က မၾကာခဏဆိုသလို အလုပ္ကထြက္ခ်င္တဲ့စိတ္ေတြ ျဖစ္ေနတတ္ပါတယ္။တစ္ခါတရံ ေအးေအးခ်မ္းခ်မ္းေနရတဲ့ အရပ္ကို ေျပးထြက္သြားခ်င္တဲ့စိတ္ေတြ ေပါက္ေနတတ္ပါတယ္။ဒီကာလမွာ ဘာမဆို ေခါင္းကိုေအးေအးထားၿပီး အလုပ္ကို ဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ေငြေၾကးကံ နည္းနည္းညံ့ေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။အခုခ်ိန္မွာ လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့အလုပ္ေတြ ေအာင္ျမင္မႈရရွိတတ္တဲ့အခါ ျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္း ေအာင္ျမင္တဲ့ကာလပါ။ပညာေရးကိစၥမွာ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ ေလထိုးေလေအာင့္နဲ႔ ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ အဆင္မေျပမႈေတြ ရွိတတ္သလို ခ်စ္သူရွာမယ့္ ငယ္႐ြယ္သူေတြကေတာ့ အဆင္ေျပၿပီးမွ လြဲတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုရက္သတၱပတ္လုံး ဘုရားပန္းမညႇိဳးေအာင္ ကပ္လႉပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားမည့္ ႏိုင္ငံအမည္ပါ ေနနံသင့္ပန္းကို ဘုရားတြင္ ပန္းထိုးကာ သင္လိုရာ ဆုေတာင္းပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္ေထာင္ရွင္ႏွစ္ဦး၏ ဓာတ္ပုံကို ဓာတ္ဘူးအသစ္ထဲထည့္ကာ ဘုရားစင္ေအာက္တြင္ ထားပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေ႐ႊေရာင္ပစၥည္းမ်ား၊ လက္ဝတ္ရတနာမ်ား ဒီတစ္ပတ္ မဝတ္ပါႏွင့္။တျခားသူ အိမ္သို႔ယူလာပါက လက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာ ဆင္းတုေတာ္ႏွင့္ ဘုရားရင္ျပင္ကိုပါ သန႔္ရွင္းေရးလုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၄/၇ ဂဏန္းမ်ားမ်ားပါေသာ ထီလက္မွတ္ကို ရွာထိုးေပးပါ။