【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း ကံညံ့နေသလို ရောဂါဟောင်းတွေ ပြဿနာဟောင်းတွေ ပြန်ဖြစ်တတ်ပါတယ်။ဒါပေမယ့် မထင်မှတ်ဘဲ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ နေရာအပြောင်းအလဲတွေ အလုပ်အကိုင်အပြောင်းအလဲတွေ ပေါ်ထွက်လာတတ်ပါတယ်။ကောင်းတဲ့ပြောင်းလဲခြင်းတွေပါ။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။ဆုံးရှုံးထားတဲ့ ငွေကြေးနဲ့ စက်ပစ္စည်းတွေ ပြန်ဝင်လာမဲ့ အချိန်ကာလပါ။ယခုရက်ပိုင်းအတွင်း တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းက မနာလိုစရာဖြစ်အောင် လုပ်တိုင်းဖြစ်နေပါလိမ့်မယ်။တနင်္လာနံအလုပ်ဖြစ်တဲ့ ကား၊ ကျောက်၊ ခရီးသွားလုပ်ငန်းတွေ ကောင်းတဲ့အချိန်အခါပါ။ပညာရေးက ကောင်းနေတတ်ပါတယ်။အိမ်ထောင်ရှင်များကြား ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ပေါ်လာတတ်သလို သမီးရည်းစားများကြား တစ်ဘဝလုံးစာဆုံးဖြတ်စရာတွေ ရှိလာတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်း၊ ဦးခေါင်း စတဲ့ ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေက သင့်အတွက် အကောင်းဆုံးဖြစ်စေပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး တနင်္လာနံ အသီးအညွှန့် ပန်းများဖြင့် ကပ်လှူပူဇော်ပါ။   

ပြည်ပထွက်ခွာလိုသူများ ။     ။ အလှူခံ သီလရှင်ဆရာလေးများကို ဖိနပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံ ဘုရားစေတီတွင် အောင်သပြေပန်း လှူပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲတွင် ဓာတ်ပုံ အစုတ်များ၊ အပြဲများ တွေ့ပါက လွှင့်ပစ်ပါ။အချစ်ရေး အဆင်မပြေပါက တနင်္လာနံ သတ္တဝါများကို ကိုယ့်လက်နှင့်ကိုင်ကာ အစာကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်တွင် မိဘဝေယျာဝစ္စကို စေတနာပါပါ လုပ်ပေးပါ။မိဘအဝတ်အစားကို လျှော်ဖွပ်ပေးပါ။ရန်များနေပါက မိဘများ၏ ပုဆိုးစ ထမိန်စကို အိတ်သန့်သန့်ဖြင့်ထည့်ကာ ခေါင်းအုံးအိပ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးတွင် ရေသတ္တဝါအရှင်ကို တွေ့ပါက ဝယ်ပြီး နီးစပ်ရာ ကန်ချောင်းတွင် လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ တွေ့သည့် ထီဆိုင်တွင် ၂/၄ ဂဏန်းများများပါသော ထီကို ထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း ကံညံ့ေနသလို ေရာဂါေဟာင္းေတြ ျပႆနာေဟာင္းေတြ ျပန္ျဖစ္တတ္ပါတယ္။ဒါေပမယ့္ မထင္မွတ္ဘဲ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေနရာအေျပာင္းအလဲေတြ အလုပ္အကိုင္အေျပာင္းအလဲေတြ ေပၚထြက္လာတတ္ပါတယ္။ေကာင္းတဲ့ေျပာင္းလဲျခင္းေတြပါ။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ပါတယ္။ဆုံးရႈံးထားတဲ့ ေငြေၾကးနဲ႔ စက္ပစၥည္းေတြ ျပန္ဝင္လာမဲ့ အခ်ိန္ကာလပါ။ယခုရက္ပိုင္းအတြင္း တနလၤာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။လုပ္ငန္းကိုင္ငန္းက မနာလိုစရာျဖစ္ေအာင္ လုပ္တိုင္းျဖစ္ေနပါလိမ့္မယ္။တနလၤာနံအလုပ္ျဖစ္တဲ့ ကား၊ ေက်ာက္၊ ခရီးသြားလုပ္ငန္းေတြ ေကာင္းတဲ့အခ်ိန္အခါပါ။ပညာေရးက ေကာင္းေနတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ားၾကား ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ေပၚလာတတ္သလို သမီးရည္းစားမ်ားၾကား တစ္ဘဝလုံးစာဆုံးျဖတ္စရာေတြ ရွိလာတတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္း၊ ဦးေခါင္း စတဲ့ ေရာဂါေတြ ဂ႐ုစိုက္သင့္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြက သင့္အတြက္ အေကာင္းဆုံးျဖစ္ေစပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး တနလၤာနံ အသီးအၫႊန႔္ ပန္းမ်ားျဖင့္ ကပ္လႉပူေဇာ္ပါ။   

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလႉခံ သီလရွင္ဆရာေလးမ်ားကို ဖိနပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံ ဘုရားေစတီတြင္ ေအာင္သေျပပန္း လႉေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲတြင္ ဓာတ္ပုံ အစုတ္မ်ား၊ အၿပဲမ်ား ေတြ႕ပါက လႊင့္ပစ္ပါ။အခ်စ္ေရး အဆင္မေျပပါက တနလၤာနံ သတၱဝါမ်ားကို ကိုယ့္လက္ႏွင့္ကိုင္ကာ အစာေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အိမ္တြင္ မိဘေဝယ်ာဝစၥကို ေစတနာပါပါ လုပ္ေပးပါ။မိဘအဝတ္အစားကို ေလွ်ာ္ဖြပ္ေပးပါ။ရန္မ်ားေနပါက မိဘမ်ား၏ ပုဆိုးစ ထမိန္စကို အိတ္သန႔္သန႔္ျဖင့္ထည့္ကာ ေခါင္းအုံးအိပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးတြင္ ေရသတၱဝါအရွင္ကို ေတြ႕ပါက ဝယ္ၿပီး နီးစပ္ရာ ကန္ေခ်ာင္းတြင္ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေတြ႕သည့္ ထီဆိုင္တြင္ ၂/၄ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးပါ။