【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်သလို ထူးထူးခြားခြား ဝမ်းသာစရာများ ကြုံရတတ်ပါတယ်။လက်အောက်ငယ်သားတွေ ဒုက္ခပေးတတ်သလို မိတ်ရင်းဆွေရင်းတွေ အထင်လွဲတတ်တဲ့ ကာလဖြစ်ပါတယ်။ဒီကာလမှာ  ခရီးတွေထွက်ဖို့ စီစဉ်ထားရင် မသေချာ မရေရာတွေ ဖြစ်တတ်ပါတယ်။ကားအရောင်းအဝယ်တွေ၊ အလှကုန်လုပ်ငန်းသမားတွေ အကျိုးများပေမယ့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေ၊ စပ်တူလုပ်ငန်းတွေ လူမျိုးခြားနဲ့လုပ်မယ့် လုပ်ငန်းတွေ အခက်အခဲရှိတတ်လို့ ခဏစောင့်ပါဦး။လွန်နေရင်လည်း စဉ်စားလုပ်ကိုင်သင့်ပါတယ်။ပညာရေးကံ ကောင်းပေမယ့် အပေါင်းအသင်းကြောင့် မျှော်မှန်းထားသလိုမဖြစ်ဘဲ နေတတ်ပါတယ်။ကျန်းမာရေးကတော့ နှလုံးအားနည်းတာတွေ၊ အကြောအဆစ်တွေ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ စိတ်ဆိုးစိတ်ကောက်ကာ မခေါ်မပြောနိုင် ဖြစ်ရတတ်သလို ချစ်သူတွေကတော့ နားလည်မှုရှိပြီး သတင်းကောင်းတွေ ကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ကောက်ညှင်းပေါင်းကပ်ကာ ဘုရားရှင်အား ကံ့ကော်ပန်း ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော ဆွမ်းဆန်ကြွသည့် သီလရှင်ငယ်များအား အစားအသောက် လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံအရပ်ရှိ ဘုရားတွင် အရဟံဂုဏ်တော်ကို အဓိဋ္ဌာန်ပြုပြီး သက်စေ့ပုတီးစိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။    ။ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပြန်ပေါင်း ကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ်ရွတ်ဆိုကာ မျက်နှာသစ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲရှိ ခွေးများအား ညဘက် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ ၄/၂/၈ ဏန်းများပါသည့် ထီတစ်စောင်ကို ရှာထိုးလိုက်ပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္သလို ထူးထူးျခားျခား ဝမ္းသာစရာမ်ား ႀကဳံရတတ္ပါတယ္။လက္ေအာက္ငယ္သားေတြ ဒုကၡေပးတတ္သလို မိတ္ရင္းေဆြရင္းေတြ အထင္လြဲတတ္တဲ့ ကာလျဖစ္ပါတယ္။ဒီကာလမွာ  ခရီးေတြထြက္ဖို႔ စီစဥ္ထားရင္ မေသခ်ာ မေရရာေတြ ျဖစ္တတ္ပါတယ္။ကားအေရာင္းအဝယ္ေတြ၊ အလွကုန္လုပ္ငန္းသမားေတြ အက်ိဳးမ်ားေပမယ့္ အိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္းေတြ၊ စပ္တူလုပ္ငန္းေတြ လူမ်ိဳးျခားနဲ႔လုပ္မယ့္ လုပ္ငန္းေတြ အခက္အခဲရွိတတ္လို႔ ခဏေစာင့္ပါဦး။လြန္ေနရင္လည္း စဥ္စားလုပ္ကိုင္သင့္ပါတယ္။ပညာေရးကံ ေကာင္းေပမယ့္ အေပါင္းအသင္းေၾကာင့္ ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲ ေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ႏွလုံးအားနည္းတာေတြ၊ အေၾကာအဆစ္ေတြ ေခါင္းကိုက္တာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ စိတ္ဆိုးစိတ္ေကာက္ကာ မေခၚမေျပာႏိုင္ ျဖစ္ရတတ္သလို ခ်စ္သူေတြကေတာ့ နားလည္မႈရွိၿပီး သတင္းေကာင္းေတြ ၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ေကာက္ညႇင္းေပါင္းကပ္ကာ ဘုရားရွင္အား ကံ့ေကာ္ပန္း ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ ဆြမ္းဆန္ႂကြသည့္ သီလရွင္ငယ္မ်ားအား အစားအေသာက္ လႉဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံအရပ္ရွိ ဘုရားတြင္ အရဟံဂုဏ္ေတာ္ကို အဓိ႒ာန္ျပဳၿပီး သက္ေစ့ပုတီးစိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။    ။ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ မိုးလင္းသည္ႏွင့္ ေမတၱာသုတ္႐ြတ္ဆိုကာ မ်က္ႏွာသစ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲရွိ ေခြးမ်ားအား ညဘက္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ ၄/၂/၈ ဏန္းမ်ားပါသည့္ ထီတစ္ေစာင္ကို ရွာထိုးလိုက္ပါ။