【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း အဘက်ဘက်မှာ စိတ်မတင်မကျဖြစ်စရာ ကိစ္စတွေ ကြုံတတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒါပေမယ့် စပ်တူလုပ်တဲ့ကိစ္စတွေ၊ စက်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အခွင့်အလမ်းကောင်းတွေ ပြည့်နေတတ်ပါတယ်။မိသားစုကိစ္စတွေ ဘာသာရေးအလုပ်တွေကြောင့် စိတ်ရှုပ်စရာတော့ ရှိနေပါတယ်။ဒီရက်ပိုင်း စကားအပြောမတတ်လို့   လူမှုရေးအတိုက်အခိုက်တွေ ပေါ်တတ်လို့ သတိထားသင့်ပါတယ်။ဘာပဲဖြစ်ဖြစ် ခေါင်းအေးအေးနဲ့ ပြောဆိုလုပ်ကိုင်မှ အဆင်ပြေမယ့် အချိန်ကာလပါ။အလုပ်ကထွက်ချင်တဲ့စိတ်တွေ ဖြစ်တတ်ပါတယ်။မထွက်ပါနဲ့ဦး။စီစဉ်ထားတဲ့ ပြည်တွင်း ပြည်ပ ခရီးစဉ်တွေ မသေချာမရေမရာ ဖြစ်တတ်ပါတယ်။မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။ရပ်ဝေးက အကူအညီရတတ်ပါတယ်။ကျန်းမာရေးကောင်းပေမယ့် အပူအစပ်အစာတွေ သတိထားပါ။ပညာရေးကတော့ ကြိုးစားလေ ပိုအောင်မြင်လေ ဖြစ်နေတဲ့ကာလပါ။အိမ်ထောင်ရှင်များ ချစ်သူတွေ ဒီရက်ပိုင်း အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ရွတ်လှပန်း ကပ်လှူကာ ဒိဝါတပတိဂါထာကို နေမထွက်မီ အရှေ့ဘက် မျက်နှာမူပြီး ကိုးခေါက်ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အိမ်ရှေ့ရောက်လာသည့် အလှူခံများကို နိုင်သလောက်လှူပြီး စိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီများ၏ စနေထောင့်တွင် ပဋ္ဌာန်း၊ ပရိတ်ကြီး ၁၁ သုတ်ကို အလုပ်မရမခြင်း  ပုံမှန်ရွတ်ဆိုပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ သုံးမရသော သစ်ဟောင်း၊ သွပ်ဟောင်းများ ကို ရှာဖွေစွန့်ထုတ်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီ ရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်း၊ ပန်းခြောက်များ စွန့်ပစ်ခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။     ။ မွေးနေ့မွေးရက်တွင်  ရေသတ္တဝါများကို သက်စေ့လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကိုယ်အိမ်ရှေ့ ရောက်လာသည့် ထီကားမှ ၄/၈ စတဲ့ ဂဏန်းများများပါအောင် ထီထိုးပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း အဘက္ဘက္မွာ စိတ္မတင္မက်ျဖစ္စရာ ကိစၥေတြ ႀကဳံတတ္ပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒါေပမယ့္ စပ္တူလုပ္တဲ့ကိစၥေတြ၊ စက္မႈနဲ႔ပတ္သက္တဲ့ လုပ္ငန္းေတြမွာ အခြင့္အလမ္းေကာင္းေတြ ျပည့္ေနတတ္ပါတယ္။မိသားစုကိစၥေတြ ဘာသာေရးအလုပ္ေတြေၾကာင့္ စိတ္ရႈပ္စရာေတာ့ ရွိေနပါတယ္။ဒီရက္ပိုင္း စကားအေျပာမတတ္လို႔   လူမႈေရးအတိုက္အခိုက္ေတြ ေပၚတတ္လို႔ သတိထားသင့္ပါတယ္။ဘာပဲျဖစ္ျဖစ္ ေခါင္းေအးေအးနဲ႔ ေျပာဆိုလုပ္ကိုင္မွ အဆင္ေျပမယ့္ အခ်ိန္ကာလပါ။အလုပ္ကထြက္ခ်င္တဲ့စိတ္ေတြ ျဖစ္တတ္ပါတယ္။မထြက္ပါနဲ႔ဦး။စီစဥ္ထားတဲ့ ျပည္တြင္း ျပည္ပ ခရီးစဥ္ေတြ မေသခ်ာမေရမရာ ျဖစ္တတ္ပါတယ္။မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။ရပ္ေဝးက အကူအညီရတတ္ပါတယ္။က်န္းမာေရးေကာင္းေပမယ့္ အပူအစပ္အစာေတြ သတိထားပါ။ပညာေရးကေတာ့ ႀကိဳးစားေလ ပိုေအာင္ျမင္ေလ ျဖစ္ေနတဲ့ကာလပါ။အိမ္ေထာင္ရွင္မ်ား ခ်စ္သူေတြ ဒီရက္ပိုင္း အဆင္မေျပမႈေတြ ရွိတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ႐ြတ္လွပန္း ကပ္လႉကာ ဒိဝါတပတိဂါထာကို ေနမထြက္မီ အေရွ႕ဘက္ မ်က္ႏွာမူၿပီး ကိုးေခါက္႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အိမ္ေရွ႕ေရာက္လာသည့္ အလႉခံမ်ားကို ႏိုင္သေလာက္လႉၿပီး စိတ္က ထြက္ၿပီထြက္ၿပီဟု ႐ြတ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီမ်ား၏ စေနေထာင့္တြင္ ပ႒ာန္း၊ ပရိတ္ႀကီး ၁၁ သုတ္ကို အလုပ္မရမျခင္း  ပုံမွန္႐ြတ္ဆိုေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲရွိ သုံးမရေသာ သစ္ေဟာင္း၊ သြပ္ေဟာင္းမ်ား ကို ရွာေဖြစြန႔္ထုတ္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီ ရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ ပန္းေျခာက္မ်ား စြန႔္ပစ္ျခင္းက သင့္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္  ေရသတၱဝါမ်ားကို သက္ေစ့လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ကိုယ္အိမ္ေရွ႕ ေရာက္လာသည့္ ထီကားမွ ၄/၈ စတဲ့ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးပါ။