【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်ရဲ့ ဒီရက်ပိုင်းအတွင်း ငွေကြေးကံကောင်းတဲ့ ကာလပါ။ဒီအချိန်က သင့်အတွက် လမ်းသွားရင်းတောင် ပိုက်ဆံကောက်ရတတ်တဲ့ ကာလအချိန်အခါဖြစ်လို့ ထီ၊ အမွေ စတာတွေ မျှော်လင့်လို့ရပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။
အခုချိန်မှာ အလုပ်အကိုင်လည်း အောင်မြင်မှုရရှိတတ်တဲ့အခါဖြစ်နေလို့ လုပ်ငန်းသစ်အတွက် တိုးချဲ့လုပ်ကိုင်သင့်တဲ့ ကာလဖြစ်သလို လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တောင် အောင်မြင်မယ့်ကာလ ဖြစ်နေပါတယ်။သင်က ဝန်ထမ်းဆိုရင် ပင်ပန်းသလောက် အကျိုးခံစားရမယ့် အချိန်ကာလပါ။ပညာရေးကိစ္စမှာ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးကတော့ လေထိုးလေအောင့်နဲ့ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာဖြစ်သလို ချစ်သူရှာမယ့် ငယ်ရွယ်သူတွေလည်း အဆင်မပြေ အလွဲလွဲအချော်ချော်ဖြစ်ပြီးမှ အဆင်ပြေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ပန်းအိုးတွင် အောင်သပြေထိုးကာ ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အလုပ်ကိစ္စသွားတိုင်း တဟိ့  ံတဟိ့  ံ ဂါထာကို သက်စေ့ရွတ်ဖတ် ပူဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်ကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများ ထားသည့်ကန်သို့ ရေခွက်ဖြင့် ရေသက်စေ့ဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။    ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၄ ဂဏန်းပါသောထီကို ရွေးထိုးပါ။

( Zawgyi )

သင့္ရဲ႕ ဒီရက္ပိုင္းအတြင္း ေငြေၾကးကံေကာင္းတဲ့ ကာလပါ။ဒီအခ်ိန္က သင့္အတြက္ လမ္းသြားရင္းေတာင္ ပိုက္ဆံေကာက္ရတတ္တဲ့ ကာလအခ်ိန္အခါျဖစ္လို႔ ထီ၊ အေမြ စတာေတြ ေမွ်ာ္လင့္လို႔ရပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။
အခုခ်ိန္မွာ အလုပ္အကိုင္လည္း ေအာင္ျမင္မႈရရွိတတ္တဲ့အခါျဖစ္ေနလို႔ လုပ္ငန္းသစ္အတြက္ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ ကာလျဖစ္သလို လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတာင္ ေအာင္ျမင္မယ့္ကာလ ျဖစ္ေနပါတယ္။သင္က ဝန္ထမ္းဆိုရင္ ပင္ပန္းသေလာက္ အက်ိဳးခံစားရမယ့္ အခ်ိန္ကာလပါ။ပညာေရးကိစၥမွာ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးကေတာ့ ေလထိုးေလေအာင့္နဲ႔ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာျဖစ္သလို ခ်စ္သူရွာမယ့္ ငယ္႐ြယ္သူေတြလည္း အဆင္မေျပ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ၿပီးမွ အဆင္ေျပတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ပန္းအိုးတြင္ ေအာင္သေျပထိုးကာ ရွင္သီဝလိဂါထာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလုပ္ကိစၥသြားတိုင္း တဟိ့  ံတဟိ့  ံ ဂါထာကို သက္ေစ့႐ြတ္ဖတ္ ပူေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီးရွိ ဘုရားေစတီသို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္ႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ား ထားသည့္ကန္သို႔ ေရခြက္ျဖင့္ ေရသက္ေစ့ျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။    ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၄ ဂဏန္းပါေသာထီကို ေ႐ြးထိုးပါ။