【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်ပိုင်းအတွင်း မောင်နှမသားချင်း အချင်းချင်း စိတ်အခန့်မသင့် ဖြစ်တတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း ပြောစကားအရာမရောက် ဖြစ်တတ်ပါတယ်။မကြာမကြာ စိတ်တိုဒေါသထွက်စရာရှိလာရင် ရှောင်ထွက်ပါ။သင့်အတွက် တိုးတက်ကိန်းကို ထိခိုက်နိုင်ပါတယ်။ငွေဝင်ပေမယ့် ငွေကုန်တဲ့ကိစ္စတွေ ပေါ်နေတတ်ရင် ဘုရားမှာ တံခွန် ၉ လက် လှူလိုက်ပါ။လုပ်ငန်းခွင်ထဲက ငွေရေးကြေးရေးကိစ္စတွေထဲ ဝင်မပါပါနဲ့။ပညာသင်နေသူတို့ ပညာရေးကံ ကောင်းနေတတ်ပါတယ်။ကျန်းမာရေးကတော့ အာရုံကြောအားနည်းတာ၊ ဝမ်းနဲ့ ပတ်သက်တာတွေ ခဏခဏဖြစ်တတ်ပါတယ်။
အိမ်ထောင်သည်တွေ ချစ်သူတွေ ပျော်ရွှင်စရာတွေ ကြုံတွေ့ရကိန်းရှိပါတယ်။ဒီတစ်ပတ်မှာ  ထမနဲထိုးဖို့ အလှူခံလာရင် မတည်လှူဒါန်းတာ သင့်အတွက် အကောင်းဆုံးပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်း ကပ်လှူပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ သင့်အိမ်ရှေ့ရောက်လာသည့် သီလရှင်များကို ဆွမ်းစားရန်အတွက် လုံလောက်သည့်ငွေကို ကပ်လှူပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တစ်ရက်အတွင်း ဘုရားသုံးဆူတွင် ပန်းပေါင်းစုံ ၉ မျိုးဖြင့် ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ချစ်သူကို အိမ်ထောင်ဖက်ကို ထမနဲခွံ့ကျွေးပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ရပ်ကွက်ထဲရှိ ဘုရား၊ ကျောင်း၊ စေတီများတွင် ချို့ယွင်းနေပါက နိုင်သလောက်ပြင်ပေးပါ။  
ကျန်းမာရေးမကောင်းသူများ ။     ။ မိမိခေါင်းရင်းအရပ်ရှိ သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူပေးပါ။
ထီကံကောင်းလိုသူများ ။     ။ ကလေးငယ်များဝိုင်းနေသည့် ထီဆိုင်တွင် ၂ အစ ၄ အဆုံး ထီထိုးပေးပါ။
( Zawgyi )