【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း လုပ်ငန်းခွင်မှာ စိတ်မအား လူမအားနဲ့ စိတ်ရှုပ်စရာတွေ၊ ဆုံးဖြတ်ချက်မှားတာတွေ ဖြစ်တတ်ပါတယ်။အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေရတတ်လို့ ကျန်းမာရေးပါ ညံ့နေတတ်ပါတယ်။သင့်အတွက် ယခုတစ်ပတ်မှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုတဲ့ ကိစ္စတွေကို  တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ဒီရက်ပိုင်းမှာ လုပ်ငန်းခွင်မှာ အကြီးအကဲ၊ ဆရာသမားများ၏ ငြိုငြင်ခြင်းကို ခံရတတ်ပါတယ်။အရပ်ထဲနဲ့ လုပ်ငန်းခွင်ထဲမှာ မလိုလားသူတွေရဲ့ အတိုက်အခိုက်ရှိပါတယ်။ဒီကာလအတွင်း မိသားစုအတွင်း အလှူအတန်းလုပ်ခွင့် ကြုံရတတ်ပါတယ်။စပ်တူရှယ်ယာ အလုပ်များ သိပ်မကောင်းသေးပါဘူး။စီစဉ်ထားတဲ့ ပြည်တွင်းပြည်ပခရီးတွေ အဆင်ပြေပြေ သွားရတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေ ဖြစ်တတ်သလို ဆေးထိုးဆေးမှားတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ၊ ရာထူးတိုးစာမေးပွဲ ဖြေဆိုထားသူတွေ အဆင်ပြေကိန်းရှိနေသလို ငယ်ရွယ်သူများအတွက် ကိုယ်လိုချင်တဲ့ ကျောင်း၊ သင်တန်း တက်ခွင့်ရမယ့် အချိန်အခါပါ။အိမ်ထောင်ရှင်များ၊ ငယ်ရွယ်သူများ စိတ်ကသိကအောက်ဖြစ်စရာ အဆင်မပြေမှုတွေ ကြုံရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုရက်သတ္တပတ်ကာလအတွင်း နံနက်နေမတက်မီအချိန် ဒိဝါတပတိဂါထာကို ယုံယုံကြည်ကြည်ဖြင့် ကိုးခေါက်တိတိ ရွတ်ဆိုပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းထဲ နံနက်စောစော အာရုဏ်ဆွမ်းအတွက် တန်းဆွမ်းကြွလာသည့် သံဃာတော်များကို အနည်းဆုံးတစ်ရက်လောက် ဆွမ်းထလောင်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် ဘုရားအား အာရုံပြုကာ အောင်သပြေ ၉ ညွှန့် ကပ်လှူ၍ ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်နှင့် အိပ်ခန်းအတွင်း ကြည့်မှန် အကွဲနှင့် အဟောင်းများ ရှိပါက ဖယ်ရှားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီ ရင်ပြင်များတွင် မေတ္တာသုတ် ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ပြီး ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်တွင် အိမ်ရှေ့တစ်ဝိုက် သန့်ရှင်းပြီး ခို၊ စာကလေးများအတွက် နေ့စဉ် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ သင့်အိမ်နှင့်နီးသည့် ထီဆိုင်တွင် ၂ ဂဏန်းများများပါသည့် ထီကို ရွေးထိုးပေးပါ။
( Zawgyi )
ဒီရက္ပိုင္းအတြင္း လုပ္ငန္းခြင္မွာ စိတ္မအား လူမအားနဲ႔ စိတ္ရႈပ္စရာေတြ၊ ဆုံးျဖတ္ခ်က္မွားတာေတြ ျဖစ္တတ္ပါတယ္။အလုပ္ကို အားသြန္ခြန္စိုက္ လုပ္ေနရတတ္လို႔ က်န္းမာေရးပါ ညံ့ေနတတ္ပါတယ္။သင့္အတြက္ ယခုတစ္ပတ္မွာ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုတဲ့ ကိစၥေတြကို  တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ဒီရက္ပိုင္းမွာ လုပ္ငန္းခြင္မွာ အႀကီးအကဲ၊ ဆရာသမားမ်ား၏ ၿငိဳျငင္ျခင္းကို ခံရတတ္ပါတယ္။အရပ္ထဲနဲ႔ လုပ္ငန္းခြင္ထဲမွာ မလိုလားသူေတြရဲ႕ အတိုက္အခိုက္ရွိပါတယ္။ဒီကာလအတြင္း မိသားစုအတြင္း အလႉအတန္းလုပ္ခြင့္ ႀကဳံရတတ္ပါတယ္။စပ္တူရွယ္ယာ အလုပ္မ်ား သိပ္မေကာင္းေသးပါဘူး။စီစဥ္ထားတဲ့ ျပည္တြင္းျပည္ပခရီးေတြ အဆင္ေျပေျပ သြားရတတ္ပါတယ္။က်န္းမာေရးကေတာ့ ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြ ျဖစ္တတ္သလို ေဆးထိုးေဆးမွားတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ၊ ရာထူးတိုးစာေမးပြဲ ေျဖဆိုထားသူေတြ အဆင္ေျပကိန္းရွိေနသလို ငယ္႐ြယ္သူမ်ားအတြက္ ကိုယ္လိုခ်င္တဲ့ ေက်ာင္း၊ သင္တန္း တက္ခြင့္ရမယ့္ အခ်ိန္အခါပါ။အိမ္ေထာင္ရွင္မ်ား၊ ငယ္႐ြယ္သူမ်ား စိတ္ကသိကေအာက္ျဖစ္စရာ အဆင္မေျပမႈေတြ ႀကဳံရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုရက္သတၱပတ္ကာလအတြင္း နံနက္ေနမတက္မီအခ်ိန္ ဒိဝါတပတိဂါထာကို ယုံယုံၾကည္ၾကည္ျဖင့္ ကိုးေခါက္တိတိ ႐ြတ္ဆိုပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ လမ္းထဲ နံနက္ေစာေစာ အာ႐ုဏ္ဆြမ္းအတြက္ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို အနည္းဆုံးတစ္ရက္ေလာက္ ဆြမ္းထေလာင္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ ဘုရားအား အာ႐ုံျပဳကာ ေအာင္သေျပ ၉ ၫႊန႔္ ကပ္လႉ၍ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေနအိမ္ႏွင့္ အိပ္ခန္းအတြင္း ၾကည့္မွန္ အကြဲႏွင့္ အေဟာင္းမ်ား ရွိပါက ဖယ္ရွားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီ ရင္ျပင္မ်ားတြင္ ေမတၱာသုတ္ ႐ြတ္ဆို၍ သန႔္ရွင္းေရးလုပ္ၿပီး ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္တြင္ အိမ္ေရွ႕တစ္ဝိုက္ သန႔္ရွင္းၿပီး ခို၊ စာကေလးမ်ားအတြက္ ေန႔စဥ္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္အိမ္ႏွင့္နီးသည့္ ထီဆိုင္တြင္ ၂ ဂဏန္းမ်ားမ်ားပါသည့္ ထီကို ေ႐ြးထိုးေပးပါ။