【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း လုပ်စရာကိစ္စတွေ၊ လုပ်စရာအလုပ်တွေများနေလို့ လူပမ်းစိတ်ပမ်းရမယ့် အချိန်ကာလပါဘဲ။ရပ်ဝေးက မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်းရှိသလို ငွေချေးငှားသူတွေ ရှိနေတတ်ပါတယ်။အိမ်တွင်း စက်ပစ္စည်းတွေ အပျက်များနေသလို လက်အောက်ငယ်သားတွေအပေါ်  ယုံကြည်လို့ ဒုက္ခတွေ့တတ်ပါတယ်။သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက ကြာသပတေး သားသမီးတွေပါ။ဒီကာလမှာ မထင်မှတ်ဘဲ အလှူအတန်းတွေ၊ ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။လူမျိုးခြားနဲ့လုပ်ကိုင်ရတဲ့ အလုပ်တွေ သတိထားလုပ်ကိုင်ပါ။ကျန်းမာရေးက ကောင်းနေပေမယ့် အိပ်ရေးမဝခြင်း၊ ခေါင်းကိုက်ခေါင်းမူးဖြစ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ကောင်းပါတယ်။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် စကားအသာရအောင်ပြောရင်း မာနပြိုင်တတ် ပါတယ်။ချစ်သူများ မတင်မကျကိစ္စတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် သံသယရှိနေပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး ပန်းပေါင်းစုံဖြင့် ကပ်လှူပူဇော်ကာ နံနက်တိုင်း ပဋ္ဌာန်းရွတ်ဆိုပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်သို့ ဆွမ်းခံကြွသည့် သံဃာတော်များကို ထီး/ဖိနပ် ကပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ စေတီပုထိုးများ၏ ဗုဒ္ဓဟူးထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်/ချစ်သူနှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ဘုရားပန်းအိုးတစ်အိုး သပ်သပ်ထိုးကာ ဘုရားအား ယခုတစ်ပတ်လုံးပူဇော်ပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။     ။ ယခုတစ်ပတ်လုံး သရဏဂုံ ၃ ပါးကို နံနက် မျက်နှာသစ်တိုင်း ရွတ်ဖတ်ပူဇော်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ အနီးအနားရှိ သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။
 
ထီကံကောင်းလိုသူများ ။     ။ ဗုဒ္ဓဟူးနံဖြင့်စသည့် ထီဆိုင်တွင် ၅ အစ ၄ အဆုံး ထီလက်မှတ်ကို ထိုးပေးပါ။
 
( Zawgyi )
 
ဒီတစ္ပတ္အတြင္း လုပ္စရာကိစၥေတြ၊ လုပ္စရာအလုပ္ေတြမ်ားေနလို႔ လူပမ္းစိတ္ပမ္းရမယ့္ အခ်ိန္ကာလပါဘဲ။ရပ္ေဝးက မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံခင္မင္ရကိန္းရွိသလို ေငြေခ်းငွားသူေတြ ရွိေနတတ္ပါတယ္။အိမ္တြင္း စက္ပစၥည္းေတြ အပ်က္မ်ားေနသလို လက္ေအာက္ငယ္သားေတြအေပၚ  ယုံၾကည္လို႔ ဒုကၡေတြ႕တတ္ပါတယ္။သင့္အတြက္ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက ၾကာသပေတး သားသမီးေတြပါ။ဒီကာလမွာ မထင္မွတ္ဘဲ အလႉအတန္းေတြ၊ ဘာသာေရးအလုပ္ေတြ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။လူမ်ိဳးျခားနဲ႔လုပ္ကိုင္ရတဲ့ အလုပ္ေတြ သတိထားလုပ္ကိုင္ပါ။က်န္းမာေရးက ေကာင္းေနေပမယ့္ အိပ္ေရးမဝျခင္း၊ ေခါင္းကိုက္ေခါင္းမူးျဖစ္ျခင္းမ်ိဳး ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ ေကာင္းပါတယ္။အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အေပၚ စကားအသာရေအာင္ေျပာရင္း မာနၿပိဳင္တတ္ ပါတယ္။ခ်စ္သူမ်ား မတင္မက်ကိစၥေတြေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ သံသယရွိေနပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ပန္းေပါင္းစုံျဖင့္ ကပ္လႉပူေဇာ္ကာ နံနက္တိုင္း ပ႒ာန္း႐ြတ္ဆိုေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္သို႔ ဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကို ထီး/ဖိနပ္ ကပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေစတီပုထိုးမ်ား၏ ဗုဒၶဟူးေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္/ခ်စ္သူႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ဘုရားပန္းအိုးတစ္အိုး သပ္သပ္ထိုးကာ ဘုရားအား ယခုတစ္ပတ္လုံးပူေဇာ္ပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ယခုတစ္ပတ္လုံး သရဏဂုံ ၃ ပါးကို နံနက္ မ်က္ႏွာသစ္တိုင္း ႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ အနီးအနားရွိ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။     ။ ဗုဒၶဟူးနံျဖင့္စသည့္ ထီဆိုင္တြင္ ၅ အစ ၄ အဆုံး ထီလက္မွတ္ကို ထိုးေပးပါ။